【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း လုပ်ငန်းပိုင်းမှာ ဆက်တိုက်အလုပ်တွေများနေလို့ စိတ်ရှုပ်နေတတ်ပေမယ့် အလုပ်ထဲ သင့်နာမည်ဂုဏ်သိက္ခာ တက်ကိန်းရှိပါတယ်။လူကြီးသူမတွေ ဆောင်မကြည့်ရှုကိန်းရှိပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်း လုပ်ကိုင်နေတဲ့ အလုပ်နဲ့လုပ်ငန်းအတွက် တိုးတက်ရာတိုးတက်ကြောင်း လမ်းစသစ်၊ အခွင့်အရေးသစ်များ ပေါ် ပေါက်လာတတ်ပါတယ်။ ဒီကာလမှာ ကျောက်မျက်ရတနာလုပ်ငန်းတွေ၊ ကုန်ရောင်းကုန်ဝယ်တွေ၊ ငွေကြေးလုပ်ငန်းတွေ အဆင်ပြေတတ်ပါတယ်။ငွေဝင်သလို ငွေကုန်လည်းများနေတတ်တာမို့ ငွေရတိုင်း ဘုရားကိုလှူပေးသင့်ပါတယ်။လက်လွန်ထားတဲ့ငွေကြေးတွေ ပြန်ရကိန်းရှိသလို လူမျိုးကွဲ၊ ဘာသာကွဲ အကျိုးပေးကိန်းရှိပါတယ်။ခရီးဝေးသွားရကိန်းရှိပြီး ဘာသာရေးအလုပ်တွေ လုပ်ရတတ်ပါတယ်။ပညာရေးကိစ္စမှာ ဒီရက်ပိုင်းမှာ အထူးကောင်းနေပါတယ်။ကျန်းမာရေးကတော့ နှလုံးနှင့်ပတ်သက်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ ချစ်သူတွေကြား စိတ်ချမ်းသာရမယ့် ကာလပါဘဲ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ခုနှစ်ရက်လုံး ကံ့ကော်ပန်းကို ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာများကို ထီးဖိနပ်သင်္ကန်း ကပ်လှူပေးပါ။နံနက်တိုင်း မင်္ဂလသုတ်ကို ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီ၏ သောကြာထောင့်တွင် ပန်း ၅ မျိုးဖြင့် ပဋ္ဌာန်းကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မွေးနေ့တွင် မနက်စောစော အိမ်ရှေ့သို့ရောက်လာသည့် ကလေးငယ်ကို ကောက်ညှင်းပြန်ပေါင်းကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရား၊ ကျောင်း၊ စေတီများတွင် ကျောင်းအိမ်သာ သန့်ရှင်းရေးလုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။     ။ ခရီးသွားရင်း ကားပေါ်ပါ သက်ကြီးရွယ်အိုတွေ့ပါက ကားခလှူပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကားနှင့်ရောင်းသော ထီဆိုင်တွင် ၆ ဂဏန်း များများပါအောင် ထီထိုးပေးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း လုပ္ငန္းပိုင္းမွာ ဆက္တိုက္အလုပ္ေတြမ်ားေနလို႔ စိတ္ရႈပ္ေနတတ္ေပမယ့္ အလုပ္ထဲ သင့္နာမည္ဂုဏ္သိကၡာ တက္ကိန္းရွိပါတယ္။လူႀကီးသူမေတြ ေဆာင္မၾကည့္ရႈကိန္းရွိပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္း လုပ္ကိုင္ေနတဲ့ အလုပ္နဲ႔လုပ္ငန္းအတြက္ တိုးတက္ရာတိုးတက္ေၾကာင္း လမ္းစသစ္၊ အခြင့္အေရးသစ္မ်ား ေပၚ ေပါက္လာတတ္ပါတယ္။ ဒီကာလမွာ ေက်ာက္မ်က္ရတနာလုပ္ငန္းေတြ၊ ကုန္ေရာင္းကုန္ဝယ္ေတြ၊ ေငြေၾကးလုပ္ငန္းေတြ အဆင္ေျပတတ္ပါတယ္။ေငြဝင္သလို ေငြကုန္လည္းမ်ားေနတတ္တာမို႔ ေငြရတိုင္း ဘုရားကိုလႉေပးသင့္ပါတယ္။လက္လြန္ထားတဲ့ေငြေၾကးေတြ ျပန္ရကိန္းရွိသလို လူမ်ိဳးကြဲ၊ ဘာသာကြဲ အက်ိဳးေပးကိန္းရွိပါတယ္။ခရီးေဝးသြားရကိန္းရွိၿပီး ဘာသာေရးအလုပ္ေတြ လုပ္ရတတ္ပါတယ္။ပညာေရးကိစၥမွာ ဒီရက္ပိုင္းမွာ အထူးေကာင္းေနပါတယ္။က်န္းမာေရးကေတာ့ ႏွလုံးႏွင့္ပတ္သက္တဲ့ေရာဂါ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ ခ်စ္သူေတြၾကား စိတ္ခ်မ္းသာရမယ့္ ကာလပါဘဲ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ခုႏွစ္ရက္လုံး ကံ့ေကာ္ပန္းကို ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာမ်ားကို ထီးဖိနပ္သကၤန္း ကပ္လႉေပးပါ။နံနက္တိုင္း မဂၤလသုတ္ကို ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီ၏ ေသာၾကာေထာင့္တြင္ ပန္း ၅ မ်ိဳးျဖင့္ ပ႒ာန္းကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေမြးေန႔တြင္ မနက္ေစာေစာ အိမ္ေရွ႕သို႔ေရာက္လာသည့္ ကေလးငယ္ကို ေကာက္ညႇင္းျပန္ေပါင္းေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရား၊ ေက်ာင္း၊ ေစတီမ်ားတြင္ ေက်ာင္းအိမ္သာ သန႔္ရွင္းေရးလုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ခရီးသြားရင္း ကားေပၚပါ သက္ႀကီး႐ြယ္အိုေတြ႕ပါက ကားခလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ကားႏွင့္ေရာင္းေသာ ထီဆိုင္တြင္ ၆ ဂဏန္း မ်ားမ်ားပါေအာင္ ထီထိုးေပးပါ။