【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း နာမည်ဂုဏ်သတင်းတက်စရာတွေ ရှိပါတယ်။စီစဉ်ထားတဲ့ခရီးတွေ အထမြောက်တတ်သလို မမျှော်လင့်ဘဲပေါ်လာတဲ့ ခရီးတွေကြောင့် သင်အဆက်အသွယ်ကောင်းတွေ ရလာဖွယ်ရှိနေပါတယ်။
လူမျိုးခြားနဲ့လုပ်ကိုင်ရတဲ့အလုပ်တွေ၊ စာချုပ်စာတမ်းကိစ္စတွေ အောင်မြင်နိုင်တဲ့ကာလပါ။လူမှုရေးအတိုက်အခိုက်တွေပေါ်တတ်လို့ နှုတ်ချိုဖို့လိုပါတယ်။မိသားစုထဲ အလှူမင်္ဂလာလုပ်ရတာတွေ ကြုံရတတ်ပြီး အိုးသစ်အိမ်သစ်ရကိန်းလည်း ရှိတတ်ပါတယ်။လုပ်ငန်းကိုင်ငန်းသမား ကား၊ ကျောက်မျက်ရတနာ၊ အနုပညာသမားတွေ အဆင်ပြေမယ့်ကာလရောက်နေပြီး အိမ်ဝယ်မြေဝယ်လုပ်ငန်းတွေ၊ စပ်တူလုပ်ကိုင်သူတွေ အောင်မြင်မှုမရနိုင်သေးပါဘူး။ကျန်းမာရေးက အာရုံကြောနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တတ်လို့ အိပ်ရေးပျက်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ပညာသင်နေတဲ့သူတွေအတွက် သတင်းကောင်းကြားရဖို့ရှိနေပါတယ်။အိမ်ထောင်ရှင်များကတော့ စိတ်ချမ်းသာရမယ့်အချိန်အခါဖြစ်ပြီး ချစ်သူတွေကတော့ နီးတစ်ကျက်ကျက် ဝေးတစ်သက်သက် ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား စံပယ်ပန်းကပ်လှူကာ ဇီးယိုဖြင့် ဆွမ်းကပ်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အချိန်ရတိုင်းနှင့် အလုပ်ကိစ္စတွေ့စရာရှိတိုင်း ပဋ္ဌာန်း၊ ဂုဏ်တော်ကွန်ချာကို ရွတ်ဆိုပြီးမှသွားပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ တနင်္လာထောင့်တွင် ပန်းအိုးတွင် ဇီးညွှန့် ၉ ညွှန့်ဖြင့် ထိုးပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ပရိတ်အိုးသာသာ မြေအိုးတစ်လုံးကိုဝယ်၍ နှစ်ဦးနေ့နံပန်းကိုထိုးကာ တစ်ပတ်လုံး အိမ်တွင်းစင်အောက် ထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နံနက်စောစော ခို၊ ကျီး စသည့်သတ္တဝါများကို တစ်ပတ် အစာကျွေးပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဝယ်ကာ လွှတ်ပါလေ။လွှတ်ကာနီး အဆိုပါရေသတ္တဝါအပေါ် စိတ်ညွှတ်ကာ ဘေးဘယာကင်းပါစေဟု ဆုတောင်းပြီးမှလွှတ်ပါ။

ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် သင့်အတွက် ၃/၆/၉ ဂဏန်းများများပါသည့် ထီကိုထိုးပေးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း နာမည္ဂုဏ္သတင္းတက္စရာေတြ ရွိပါတယ္။စီစဥ္ထားတဲ့ခရီးေတြ အထေျမာက္တတ္သလို မေမွ်ာ္လင့္ဘဲေပၚလာတဲ့ ခရီးေတြေၾကာင့္ သင္အဆက္အသြယ္ေကာင္းေတြ ရလာဖြယ္ရွိေနပါတယ္။
လူမ်ိဳးျခားနဲ႔လုပ္ကိုင္ရတဲ့အလုပ္ေတြ၊ စာခ်ဳပ္စာတမ္းကိစၥေတြ ေအာင္ျမင္ႏိုင္တဲ့ကာလပါ။လူမႈေရးအတိုက္အခိုက္ေတြေပၚတတ္လို႔ ႏႈတ္ခ်ိဳဖို႔လိုပါတယ္။မိသားစုထဲ အလႉမဂၤလာလုပ္ရတာေတြ ႀကဳံရတတ္ၿပီး အိုးသစ္အိမ္သစ္ရကိန္းလည္း ရွိတတ္ပါတယ္။လုပ္ငန္းကိုင္ငန္းသမား ကား၊ ေက်ာက္မ်က္ရတနာ၊ အႏုပညာသမားေတြ အဆင္ေျပမယ့္ကာလေရာက္ေနၿပီး အိမ္ဝယ္ေျမဝယ္လုပ္ငန္းေတြ၊ စပ္တူလုပ္ကိုင္သူေတြ ေအာင္ျမင္မႈမရႏိုင္ေသးပါဘူး။က်န္းမာေရးက အာ႐ုံေၾကာနဲ႔ပတ္သက္တဲ့ ေရာဂါေတြျဖစ္တတ္လို႔ အိပ္ေရးပ်က္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။ပညာသင္ေနတဲ့သူေတြအတြက္ သတင္းေကာင္းၾကားရဖို႔ရွိေနပါတယ္။အိမ္ေထာင္ရွင္မ်ားကေတာ့ စိတ္ခ်မ္းသာရမယ့္အခ်ိန္အခါျဖစ္ၿပီး ခ်စ္သူေတြကေတာ့ နီးတစ္က်က္က်က္ ေဝးတစ္သက္သက္ ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား စံပယ္ပန္းကပ္လႉကာ ဇီးယိုျဖင့္ ဆြမ္းကပ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အခ်ိန္ရတိုင္းႏွင့္ အလုပ္ကိစၥေတြ႕စရာရွိတိုင္း ပ႒ာန္း၊ ဂုဏ္ေတာ္ကြန္ခ်ာကို ႐ြတ္ဆိုၿပီးမွသြားပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ားရွိ တနလၤာေထာင့္တြင္ ပန္းအိုးတြင္ ဇီးၫႊန္႔ ၉ ၫႊန္႔ျဖင့္ ထိုးေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ပရိတ္အိုးသာသာ ေျမအိုးတစ္လုံးကိုဝယ္၍ ႏွစ္ဦးေန႔နံပန္းကိုထိုးကာ တစ္ပတ္လုံး အိမ္တြင္းစင္ေအာက္ ထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ နံနက္ေစာေစာ ခို၊ က်ီး စသည့္သတၱဝါမ်ားကို တစ္ပတ္ အစာေကြၽးေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးတြင္ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲဝယ္ကာ လႊတ္ပါေလ။လႊတ္ကာနီး အဆိုပါေရသတၱဝါအေပၚ စိတ္ၫႊတ္ကာ ေဘးဘယာကင္းပါေစဟု ဆုေတာင္းၿပီးမွလႊတ္ပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ သင့္အတြက္ ၃/၆/၉ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးေပးပါ။