【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းစိတ်မောလူမောဖြစ်နေရသလိုအလုပ်များနေတတ်တဲ့အတွက် ကျန်းမာရေးပါ ညံနေတတ်ပါတယ်။ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် စနေသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ဘာကိစ္စမဆိုမပြီးပြတ်ဘဲတန်းလန်းဖြစ်နေလို့ စိတ်တိုင်းမကျစရာတွေ ဖြစ်နေတတ်လို့ စိတ်ကမကြာခဏဆိုသလိုအလုပ်ကထွက်ချင်တဲ့စိတ်တွေ ဖြစ်နေတတ်ပါတယ်။ တစ်ခါတရံအေးအေးချမ်းချမ်းနေရတဲ့ အရပ်ကိုပြေးထွက်သွားချင်တဲ့ စိတ်တွေပေါက်နေတတ်ပါတယ်။ဒီကာလမှာဘာမဆိုခေါင်းကိုအေးအေးထားပြီးအလုပ်ကိုဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။ ငွေကြေးကံနည်းနည်းညံနေပေမယ့် ကူညီဆောင်မမယ့်သူကတော့ရှိနေပါတယ်။ အခုချိန်မှာလူမျိုးခြားနဲ့ တွဲလုပ်တဲ့အလုပ်တွေ အောင်မြင်မှု ရရှိတတ်တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်းအောင်မြင်တဲ့ကာလပါ။ ပညာရေးကိစ္စမှာအတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးကတော့ အာရုံကြော၊လေထိုးလေအောင့်နဲ့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အဆင်မပြေမှုတွေ ရှိတတ်သလိုချစ်သူရှာမယ့် ငယ်ရွယ်သူတွေကတော့ အဆင်ပြေပြီးမှ လွဲတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားရှင်အားယခုရက်သတ္တပတ်လုံးဘုရားပန်းမညှိုးအောင် ကပ်လှူပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ကိုယ်သွားမည့်နိုင်ငံအမည်ပါ နေနံသင့်ပန်းကိုဘုရားတွင် ပန်းထိုးကာသင်လိုရာဆုတောင်းပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။အိမ်ထောင်ရှင်နှစ်ဦး၏ဓာတ်ပုံကိုဓာတ်ဘူး အသစ်ထဲထည့်ကာ ဘုရားစင်အောက်တွင် ထားပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ရွှေရောင်ပစ္စည်းများ၊လက်ဝတ်ရတနာများ ဒီတစ်ပတ်မဝတ်ပါနှင့်။ တခြားသူအိမ်သို့ ယူလာပါကလက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။ ။ဘုရား၊ကျောင်း၊စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာဆင်းတုတော်နှင့် ဘုရားရင်ပြင်ကိုပါ သန့်ရှင်းရေးလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ။ ။ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများကိုဆေးဝါးအာဟာရ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။ ။ထီဆိုင်တွင် ၅/၇ ဂဏန်းများများပါသောထီလက်မှတ်ကိုရှာထိုးပေးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္းစိတ္ေမာလူေမာျဖစ္ေနရသလိုအလုပ္မ်ားေနတတ္တဲ့အတြက္ က်န္းမာေရးပါ ညံေနတတ္ပါတယ္။ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေနသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ဘာကိစၥမဆိုမၿပီးျပတ္ဘဲတန္းလန္းျဖစ္ေနလို႔ စိတ္တိုင္းမက်စရာေတြ ျဖစ္ေနတတ္လို႔ စိတ္ကမၾကာခဏဆိုသလိုအလုပ္ကထြက္ခ်င္တဲ့စိတ္ေတြ ျဖစ္ေနတတ္ပါတယ္။ တစ္ခါတရံေအးေအးခ်မ္းခ်မ္းေနရတဲ့ အရပ္ကိုေျပးထြက္သြားခ်င္တဲ့ စိတ္ေတြေပါက္ေနတတ္ပါတယ္။ဒီကာလမွာဘာမဆိုေခါင္းကိုေအးေအးထားၿပီးအလုပ္ကိုဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။ ေငြေၾကးကံနည္းနည္းညံေနေပမယ့္ ကူညီေဆာင္မမယ့္သူကေတာ့ရွိေနပါတယ္။ အခုခ်ိန္မွာလူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့အလုပ္ေတြ ေအာင္ျမင္မႈ ရရွိတတ္တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္းေအာင္ျမင္တဲ့ကာလပါ။ ပညာေရးကိစၥမွာအတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ေလထိုးေလေအာင့္နဲ႔ ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အဆင္မေျပမႈေတြ ရွိတတ္သလိုခ်စ္သူရွာမယ့္ ငယ္႐ြယ္သူေတြကေတာ့ အဆင္ေျပၿပီးမွ လြဲတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားရွင္အားယခုရက္သတၱပတ္လုံးဘုရားပန္းမညႇိဳးေအာင္ ကပ္လႉပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ကိုယ္သြားမည့္ႏိုင္ငံအမည္ပါ ေနနံသင့္ပန္းကိုဘုရားတြင္ ပန္းထိုးကာသင္လိုရာဆုေတာင္းပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။အိမ္ေထာင္ရွင္ႏွစ္ဦး၏ဓာတ္ပုံကိုဓာတ္ဘူး အသစ္ထဲထည့္ကာ ဘုရားစင္ေအာက္တြင္ ထားပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ေ႐ႊေရာင္ပစၥည္းမ်ား၊လက္ဝတ္ရတနာမ်ား ဒီတစ္ပတ္မဝတ္ပါႏွင့္။ တျခားသူအိမ္သို႔ ယူလာပါကလက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာဆင္းတုေတာ္ႏွင့္ ဘုရားရင္ျပင္ကိုပါ သန႔္ရွင္းေရးလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။ ။ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ားကိုေဆးဝါးအာဟာရ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ထီဆိုင္တြင္ ၅/၇ ဂဏန္းမ်ားမ်ားပါေသာထီလက္မွတ္ကိုရွာထိုးေပးပါ။