【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ကံတရားက ကိုယ့်ဘက်ရောက်နေတဲ့ အချိန်အခါပါ။ရပ်ဝေးခရီးထွက်ရတာတွေ၊ ဘုရားဖူးသွားရတာတွေရှိပြီး လိုအပ်နေတဲ့အကူအညီ ရတတ်ပါတယ်။
သူများကိစ္စ ဝင်မပါပါနဲ့။ယခုကာလမှာ စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလုပ်ဖို့ အချိန်အခါမကျသေးပါဘူး။စပ်တူကိစ္စတွေ၊ လူမျိုးခြားနဲ့ တွဲလုပ်ရမယ့် ကိစ္စတွေလည်း ရှောင်ပါဦး။ဝန်ထမ်းတွေ လက်အောက်ငယ်သားကြောင့် ဂုဏ်တက်တတ်ပါတယ်။ပညာရေးကံကတော့ ကောင်းနေသလို အားထည့်မယ်ဆိုရင် သင်လိုရာခရီး ပိုရောက်ဖို့များပါတယ်။
ကျန်းမာရေးကတော့ အိပ်ရေးပျက်တာတွေ ဖျားတာနာတာတွေ ဂရုစိုက်ပါ။အိမ်ထောင်သည်တွေ ချစ်သူတွေကြားထဲ အခက်အခဲတွေကြောင့် နားလည်မှုလွဲနေမယ့်ကာလထဲ ရောက်နေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား အုန်းဆွမ်းကပ်လှူ ပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ စာသင်ကိုရင်ငယ်များကို ထီး၊ ဖိနပ် လှူဒါန်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ မိမိအိမ်၏ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် အောင်သပြေပန်းထိုးကာ ဆုတောင်းပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပြန်ပေါင်း ကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေ့စဉ် မိုးလင်း/မိုးချုပ် သရဏဂုံသုံးပါးဖြင့် မျက်နှာသစ်ပေးပြီး မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်နှင့် ညတိုင်း ကာယကံရှင်ကိုယ်တိုင် သို့မဟုတ် သွေးသားရင်းက ရတနာသုတ်ကို မေတ္တာသုတ်နှင့်တွဲ၍ ရွက်ဖတ်ပူဇော်ပေးပါ။

ထီကံကောင်း လိုသူများ ။     ။ သင့်ရှေ့ရောက်လာသည့် ထီကားတွင် ၁/၆ ဂဏန်းများပါသည့် ထီတစ်စောင် ထိုးလိုက်ပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ကံတရားက ကိုယ့္ဘက္ေရာက္ေနတဲ့ အခ်ိန္အခါပါ။ရပ္ေဝးခရီးထြက္ရတာေတြ၊ ဘုရားဖူးသြားရတာေတြရွိၿပီး လိုအပ္ေနတဲ့အကူအညီ ရတတ္ပါတယ္။
သူမ်ားကိစၥ ဝင္မပါပါနဲ႔။ယခုကာလမွာ စက္ပစၥည္းနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြလုပ္ဖို႔ အခ်ိန္အခါမက်ေသးပါဘူး။စပ္တူကိစၥေတြ၊ လူမ်ိဳးျခားနဲ႔ တြဲလုပ္ရမယ့္ ကိစၥေတြလည္း ေရွာင္ပါဦး။ဝန္ထမ္းေတြ လက္ေအာက္ငယ္သားေၾကာင့္ ဂုဏ္တက္တတ္ပါတယ္။ပညာေရးကံကေတာ့ ေကာင္းေနသလို အားထည့္မယ္ဆိုရင္ သင္လိုရာခရီး ပိုေရာက္ဖို႔မ်ားပါတယ္။
က်န္းမာေရးကေတာ့ အိပ္ေရးပ်က္တာေတြ ဖ်ားတာနာတာေတြ ဂ႐ုစိုက္ပါ။အိမ္ေထာင္သည္ေတြ ခ်စ္သူေတြၾကားထဲ အခက္အခဲေတြေၾကာင့္ နားလည္မႈလြဲေနမယ့္ကာလထဲ ေရာက္ေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား အုန္းဆြမ္းကပ္လႉ ပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ စာသင္ကိုရင္ငယ္မ်ားကို ထီး၊ ဖိနပ္ လႉဒါန္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ မိမိအိမ္၏ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ေအာင္သေျပပန္းထိုးကာ ဆုေတာင္းေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေန႔စဥ္ မိုးလင္း/မိုးခ်ဳပ္ သရဏဂုံသုံးပါးျဖင့္ မ်က္ႏွာသစ္ေပးၿပီး ေမတၱာသုတ္႐ြတ္ဖတ္ပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ႏွင့္ ညတိုင္း ကာယကံရွင္ကိုယ္တိုင္ သို႔မဟုတ္ ေသြးသားရင္းက ရတနာသုတ္ကို ေမတၱာသုတ္ႏွင့္တြဲ၍ ႐ြက္ဖတ္ပူေဇာ္ေပးပါ။

ထီကံေကာင္း လိုသူမ်ား ။     ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားတြင္ ၁/၆ ဂဏန္းမ်ားပါသည့္ ထီတစ္ေစာင္ ထိုးလိုက္ပါ။