【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ထစ်ငေါ့နေသော ငွေကြေးကိစ္စတွေ ဒီရက်ပိုင်းမှာ ပြေလည်ပါပြီ။အလုပ်နာမည်ဂုဏ်သတင်း တိုးတက်လိမ့်မည်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် စနေ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူများ အမှုအခင်းမြင်ပါတယ်။အထူးသဖြင့် ငွေကြေး၊ ကား စသည့် ကိစ္စများမှာ ဝင်အာမခံခြင်းရှောင်ပါ။အလုပ်ထဲမှာ အတိုက်အခံရှိနေပေမယ့်  တဖြည်းဖြည်း ပြေလည်သွားပါလိမ့်မယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးထွက်ရင် ကောင်းတတ်ပါတယ်။ကျန်းမာရေးကတော့ မတည့်တဲ့အစာတွေကြောင့် အစာမှားတတ်ပါတယ်။ဒီရက်ပိုင်း သင့်မှာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်နေရင် ဒေါသမဖြစ်ဘဲ တရားထိုင်ပေးပါ။ဒါက ကုသိုလ်လည်းရ အခက်အခဲလည်းပြေလည်မယ့် ယတြာပါ။ပညာရေးကတော့ မထင်မှတ်ဘဲ အာရုံလျော့ရင် အဖျားရှူးကိန်း မြင်ပါတယ်။အိမ်ထောင်ရှင် ချစ်သူတွေအတွက် စကားများများပြောတာ ရှောင်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်းဆပ်ကပ်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ထီးသက်န်းငွေကြေးကို ရဟန်းသံဃာတွေကို စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ စနေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန်  စနေနံ အသုံးအဆောင်များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။  

ထီကံကောင်းလိုသူများ ။     ။ သင့်လမ်းထိပ် ထီဆိုင်တွင် ကလေးငယ်ရွေးပေးသည့် ထီကို ထိုးလိုက်ပါ။

( Zawgyi )

ထစ္ေငါ့ေနေသာ ေငြေၾကးကိစၥေတြ ဒီရက္ပိုင္းမွာ ေျပလည္ပါၿပီ။အလုပ္နာမည္ဂုဏ္သတင္း တိုးတက္လိမ့္မည္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ စေန သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။သူတစ္ပါးကိစၥ ဝင္အာမခံတတ္သူမ်ား အမႈအခင္းျမင္ပါတယ္။အထူးသျဖင့္ ေငြေၾကး၊ ကား စသည့္ ကိစၥမ်ားမွာ ဝင္အာမခံျခင္းေရွာင္ပါ။အလုပ္ထဲမွာ အတိုက္အခံရွိေနေပမယ့္  တျဖည္းျဖည္း ေျပလည္သြားပါလိမ့္မယ္။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးထြက္ရင္ ေကာင္းတတ္ပါတယ္။က်န္းမာေရးကေတာ့ မတည့္တဲ့အစာေတြေၾကာင့္ အစာမွားတတ္ပါတယ္။ဒီရက္ပိုင္း သင့္မွာ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚေနရင္ ေဒါသမျဖစ္ဘဲ တရားထိုင္ေပးပါ။ဒါက ကုသိုလ္လည္းရ အခက္အခဲလည္းေျပလည္မယ့္ ယၾတာပါ။ပညာေရးကေတာ့ မထင္မွတ္ဘဲ အာ႐ုံေလ်ာ့ရင္ အဖ်ားရႉးကိန္း ျမင္ပါတယ္။အိမ္ေထာင္ရွင္ ခ်စ္သူေတြအတြက္ စကားမ်ားမ်ားေျပာတာ ေရွာင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီးဆြမ္းဆပ္ကပ္ကာ ေမတၱာသုတ္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီးသက္န္းေငြေၾကးကို ရဟန္းသံဃာေတြကို စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ စေနေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန္႔ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္  စေနနံ အသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္လမ္းထိပ္ ထီဆိုင္တြင္ ကေလးငယ္ေ႐ြးေပးသည့္ ထီကို ထိုးလိုက္ပါ။