【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီတစ်ပတ်အတွင်း မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံခင်မင်ရကိန်း ရှိနေပါတယ်။သင့်အတွက် ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံး အကြံပေးနိုင်တာက ဗုဒ္ဓဟူး သားသမီးတွေပါ။လုပ်ငန်းခွင်မှာ စိတ်ညစ်ညူးစရာတွေဖြစ်တဲ့ မလုပ်ချင်မကိုင်ချင်တာတွေ မတွေ့ချင်တဲ့ လူတွေနဲ့ တွဲလုပ်နေရလို့ စိတ်ပင်ပန်းနေတတ်ပါတယ်။မထင်မှတ်ဘဲ အလှူအတန်းတွေ၊ ဘာသာရေးအလုပ်တွေ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ကောင်းနေပေမယ့် ဒူးခေါင်းတွေ၊ အကြောတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ ကောင်းပါတယ်။တခြားသူကို ပြန်သင်ပေးရလောက်အောင် သင်သမျှ နားလည်နေတတ်ပါတယ်။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အပေါ် စကားအသာရအောင်ပြောရင်း မာနပြိုင်တတ်ပါတယ်။ချစ်သူများ ကြားလူစကားကို သတိထားပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ပန်းပေါင်းစုံအား လှူဒါန်းကာ ပဋ္ဌာန်းရွတ်ပေးပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များအား ထီးဖိနပ် ကပ်လှူပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားရှင်အား နို့ဆွမ်း ကပ်လှူပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေ့နံသင့် ပန်းကို ဘုရားပန်းအိုးတစ်အိုးတွင် ပူး၍ထိုးပေးပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ ကံကောင်းအန္တရာယ်ကင်းစေရန် ခွေးများကို အစာကျွေးပါ။
ကျန်းမာရေးမကောင်းသူများ ။     ။ တံတားပြင်ပေးပါ။လမ်းပြင်ပေးပါ။ညောင်ထောက်ပေးပါ။
ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ၄ အစ ၆ အဆုံး ဂဏန်းထိုးပေးပါ။
( Zawgyi )