【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ အဖက်ဖက်က ကံဇာတာ ပွင့်လန်းနေပါလိမ့်မယ်။ကံတရားက အကျိုးပေးတဲ့ဘက် ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာ ကောင်းပါတယ်။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သောကြာ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။စပ်တူရှယ်ယာ အလုပ်များ အကျိုးမပေးသေးပါဘူး။ခေတ္တဆိုင်းငံ့ထားပါဦး။အရင်းအခြာတွေက သင့်ကို တစ်မျိုးမြင်တတ်ပါတယ်။အပြိုင်အဆိုင် များတတ်သလို ကိုယ့်အောင်မြင်မှုကို မလိုလားသူတွေရဲ့ အတိုက်အခိုက်ကလည်း ရှိပါတယ်။မထင်မှတ်ဘဲ ခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပေမယ့် ပြည်ပခရီးစဉ်က မရေမရာဖြစ်တတ်ပါတယ်။ဒီရက်ပိုင်း ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာသင်ရေးကတော့ လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောက် ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာ ကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ မနက်နေမတက်မီ ဒိဝါတပတိ ဂါထာကို ကိုးခေါက်တိတိ ယုံယုံကြည်ကြည် တစ်ပတ်လုံး ရွတ်ဆိုပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းထလောင်းပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ကြည့်မှန်အဟောင်းများ ရှိပါက လွှတ်ပစ်ပါ။ချစ်သူနှင့်တွေ့ရန် သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်ထကာ အိမ်ရှေ့လမ်းကို သန့်ရှင်းပြီး ခို၊ စာကလေးများအတွက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ သောကြာနံဖြင့် စသည့် ထီဆိုင်တွင်  ၂/၆ စသည့် ဂဏန်းများများ ပါသည့်ကို ထီလက်မှတ်ကို ရွေးထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ အဖက္ဖက္က ကံဇာတာ ပြင့္လန္းေနပါလိမ့္မယ္။ကံတရားက အက်ိဳးေပးတဲ့ဘက္ ေရာက္ေနတဲ့အတြက္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာ ေကာင္းပါတယ္။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ေသာၾကာ သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။စပ္တူရွယ္ယာ အလုပ္မ်ား အက်ိဳးမေပးေသးပါဘူး။ေခတၱဆိုင္းငံ့ထားပါဦး။အရင္းအျခာေတြက သင့္ကို တစ္မ်ိဳးျမင္တတ္ပါတယ္။အၿပိဳင္အဆိုင္ မ်ားတတ္သလို ကိုယ့္ေအာင္ျမင္မႈကို မလိုလားသူေတြရဲ႕ အတိုက္အခိုက္ကလည္း ရွိပါတယ္။မထင္မွတ္ဘဲ ခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္းရွိေပမယ့္ ျပည္ပခရီးစဥ္က မေရမရာျဖစ္တတ္ပါတယ္။ဒီရက္ပိုင္း ဝမ္း၊ ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာသင္ေရးကေတာ့ လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာက္ ျဖစ္စရာ ေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာ ႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ မနက္ေနမတက္မီ ဒိဝါတပတိ ဂါထာကို ကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္ တစ္ပတ္လုံး ႐ြတ္ဆိုပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းထေလာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ ၉ ၫႊန႔္ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ၾကည့္မွန္အေဟာင္းမ်ား ရွိပါက လႊတ္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႕ရန္ သြားသည့္အခါတိုင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ဘက္ထကာ အိမ္ေရွ႕လမ္းကို သန႔္ရွင္းၿပီး ခို၊ စာကေလးမ်ားအတြက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေသာၾကာနံျဖင့္ စသည့္ ထီဆိုင္တြင္  ၂/၆ စသည့္ ဂဏန္းမ်ားမ်ား ပါသည့္ကို ထီလက္မွတ္ကို ေ႐ြးထိုးပါ။