【 ဗေဒင် 】 သောကြာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းကသင့်ကံဇာတာကအညံဘက်ရောက်နေလို့ အခက်အခဲလေးတွေ ဝိုင်းနေတတ်ပါတယ်။ ဒါပေမယ့် နေအိမ်ပြောင်းရွှေ့တာ၊လုပ်ငန်းသစ်စတင်တာစတဲ့ အလုပ်တွေကတော့ အကောင်းဘက် မှာ ရှိနေပါတယ်။ ငွေဝင်ကောင်းပေမယ့် ကုန်တတ်တဲ့အချိန်မို့ ရသမျှ အဖတ်တင်ဖို့ ငွေရတိုင်း ဘုရား ကို ဆယ်ဖို့တစ်ဖို့ လှူပေးသင့်ပါတယ်။ဒီရက်ပိုင်းပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံး သင့်ကို အကြံ ပေး နိုင်တာက တနင်္ဂနွေသားသမီးတွေပါ။ အိမ်တွင်းရေးကအသင့်အတင့် သာယာနေ တတ်သလို အိမ်မှာထက် အပြင်မှာနေရတာကိုသင့်စိတ်ကပိုသာယာနေတတ်ပါတယ်။သီးနှံကုန်သည်တွေ၊ရေထွက်ကုန်သမားတွေ၊ အဆောက်အဦးသမားတွေလုပ်ငန်းကောင်းတတ်တဲ့ အချိန်ကာလပါ။ ဒီကာလအတွင်းရက်ဝေးခရီးတွေသွား ရကိန်းရှိ ပါတယ်။စပ်တူအလုပ်တွေ လူမျိုးခြားနဲ့ လုပ်ရတဲ့ အလုပ်တွေ ခဏရပ်ထားပါ။ ကျန်းမာရေးကကောင်း နေပေမယ့် အာရုံကြောရောဂါ ဖြစ်ပြီး ညဘက် အိပ် မရတာတွေ ဖြစ်တတ်ပါတယ်။ ပညာရေးကတော့ အာရုံစိုက်သလောက် အောင်မြင်မှု အသီး အပွင့် ရတတ်တဲ့ အချိန်ပါ။အိမ်ထောင်ရှင်တွေကြားနားလည်မှုလွဲတတ်သလို ချစ်သူ အချင်းချင်း နားပူ နားဆာ လုပ်တတ်လို့ စိတ်ရှုပ်ရတဲ့အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား အောင်သပြေပန်းထိုးကာ ကဗ္မလာ သစ်သီး ဆွမ်းကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။   ။သံဃာတော်များကိုထီးဖိနပ်စသည်တို့ လှူပေးပါ။သီလရှင်များအား လည်း ဆွမ်းဆန်၊ငွေကြေးထောက်ပံ့ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။တနင်္လာနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ် ဖတ်ပူဇော်ပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။    ။အိမ်ဝင်းအတွင်း ကားနှင့်သက်ဆိုင်သည့် ပစ္စည်း အဟောင်း အပျက်များရှိနေပါက မထားပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။  ။ ဘုရားစေတီများတွင်ပုံမှန်တံမြက်စည်းလှည်းပါ။ပန်းဆီမီးပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ။  ။ ရပ်ထဲရွာထဲမှ ကျန်းမာရေးမကောင်းသူကိုဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။   ။ လမ်းတွင် ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၁/၂  ဂဏန်း များများပါသည့် ထီကိုထိုးပါ။ 

(  Zawgyi  )

 ဒီရက္ပိုင္းကသင့္ကံဇာတာကအညံဘက္ေရာက္ေနလို႔ အခက္အခဲေလးေတြ ဝိုင္းေနတတ္ပါတယ္။ ဒါေပမယ့္ ေနအိမ္ေျပာင္းေ႐ႊ႕တာ၊လုပ္ငန္းသစ္စတင္တာစတဲ့ အလုပ္ေတြကေတာ့ အေကာင္းဘက္ မွာ ရွိေနပါတယ္။ ေငြဝင္ေကာင္းေပမယ့္ ကုန္တတ္တဲ့အခ်ိန္မို႔ ရသမွ် အဖတ္တင္ဖို႔ ေငြရတိုင္း ဘုရား ကို ဆယ္ဖို႔တစ္ဖို႔ လႉေပးသင့္ပါတယ္။ဒီရက္ပိုင္းပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံး သင့္ကို အႀကံ ေပး ႏိုင္တာက တနဂၤေႏြသားသမီးေတြပါ။ အိမ္တြင္းေရးကအသင့္အတင့္ သာယာေန တတ္သလို အိမ္မွာထက္အျပင္မွာေနရတာကိုသင့္စိတ္ကပိုသာယာေနတတ္ပါတယ္။သီးႏွံကုန္သည္ေတြ၊ေရထြက္ကုန္သမားေတြ၊ အေဆာက္အဦးသမားေတြလုပ္ငန္းေကာင္းတတ္တဲ့ အခ်ိန္ကာလပါ။ ဒီကာလအတြင္းရက္ေဝးခရီးေတြသြား ရကိန္းရွိ ပါတယ္။စပ္တူအလုပ္ေတြ လူမ်ိဳးျခားနဲ႔ လုပ္ရတဲ့ အလုပ္ေတြ ခဏရပ္ထားပါ။ က်န္းမာေရးကေကာင္း ေနေပမယ့္ အာ႐ုံေၾကာေရာဂါ ျဖစ္ၿပီး ညဘက္ အိပ္ မရတာေတြ ျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ အာ႐ုံစိုက္သေလာက္ ေအာင္ျမင္မႈ အသီး အပြင့္ ရတတ္တဲ့ အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြၾကားနားလည္မႈလြဲတတ္သလို ခ်စ္သူ အခ်င္းခ်င္း နားပူ နားဆာ လုပ္တတ္လို႔ စိတ္ရႈပ္ရတဲ့အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား ေအာင္သေျပပန္းထိုးကာ ကဗၼလာ သစ္သီး ဆြမ္းကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။   ။သံဃာေတာ္မ်ားကိုထီးဖိနပ္စသည္တို႔ လႉေပးပါ။သီလရွင္မ်ားအား လည္း ဆြမ္းဆန္၊ေငြေၾကးေထာက္ပံ့ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။တနလၤာနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြတ္ ဖတ္ပူေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။    ။အိမ္ဝင္းအတြင္း ကားႏွင့္သက္ဆိုင္သည့္ ပစၥည္း အေဟာင္း အပ်က္မ်ားရွိေနပါက မထားပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ ဘုရားေစတီမ်ားတြင္ပုံမွန္တံျမက္စည္းလွည္းပါ။ပန္းဆီမီးပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ ရပ္ထဲ႐ြာထဲမွ က်န္းမာေရးမေကာင္းသူကိုေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။   ။ လမ္းတြင္ ကားႏွင့္လွည့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၁/၂  ဂဏန္း မ်ားမ်ားပါသည့္ ထီကိုထိုးပါ။