【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ကံတရားက အကျိုးပေးတဲ့ဘက်ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သောကြာ သားသမီးတွေကိုတိုင်ပင်တာ အကောင်း ဆုံးပါဘဲ။စပ်တူရှယ်ယာကိစ္စတွေ လုပ်လို့ကောင်းတဲ့ အချိန်ကာလပါ။ငွေကံကောင်းနေတတ်ပါတယ်။အရာရာ ကိုယ့်အောင်မြင်မှုကို မလိုလားသူတွေရဲ့ အတိုက်အခိုက်ရှိပါတယ်။မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါ တယ်။ပြည်တွင်း ပြည်ပခရီးတွေ မထင်မှတ်ဘဲ ခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီရက်ပိုင်း ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာသင်ရေးကတော့ လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောင်ဖြစ်စရာ တွေ့ တတ်ပါတယ်။ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ နံနက်နေမတက်မီ ဒိဝါတပတိဂါထာကို ကိုးခေါက်တိတိ ယုံယုံကြည်ကြည် တစ်ပတ်လုံးရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းထလောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ကြည့်မှန်အဟောင်းများရှိပါက လွှတ်ပစ်ပါ။ချစ်သူနှင့်တွေ့ရန် သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်ထကာ အိမ်ရှေ့လမ်းကို သန့်ရှင်းပေးပြီး ခို၊ စာကလေးများအတွက် အစာ‌ကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ၃ အစ ၆ အဆုံး ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။

( Zawgyi )

ကံတရားက အက်ိဳးေပးတဲ့ဘက္ေရာက္ေနတဲ့အတြက္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ေသာၾကာ သားသမီးေတြကိုတိုင္ပင္တာ အေကာင္း ဆုံးပါဘဲ။စပ္တူရွယ္ယာကိစၥေတြ လုပ္လို႔ေကာင္းတဲ့ အခ်ိန္ကာလပါ။ေငြကံေကာင္းေနတတ္ပါတယ္။အရာရာ ကိုယ့္ေအာင္ျမင္မႈကို မလိုလားသူေတြရဲ႕ အတိုက္အခိုက္ရွိပါတယ္။မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါ တယ္။ျပည္တြင္း ျပည္ပခရီးေတြ မထင္မွတ္ဘဲ ခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ဒီရက္ပိုင္း ဝမ္း၊ ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာသင္ေရးကေတာ့ လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင္ျဖစ္စရာ ေတြ႕ တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ နံနက္ေနမတက္မီ ဒိဝါတပတိဂါထာကို ကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္ တစ္ပတ္လုံး႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းထေလာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ ၉ ၫႊန္႔ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ၾကည့္မွန္အေဟာင္းမ်ားရွိပါက လႊတ္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႕ရန္ သြားသည့္အခါတိုင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္ဆို၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ဘက္ထကာ အိမ္ေရွ႕လမ္းကို သန႔္ရွင္းေပးၿပီး ခို၊ စာကေလးမ်ားအတြက္ အစာ‌ေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ၃ အစ ၆ အဆုံး ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုေ႐ြးထိုးပါ။