【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဘာလုပ်လုပ် အဆင်မပြေတာတွေ ခက်ခဲနေတတ်တာတွေ ဖြစ်တတ်ပြီး ယခုတစ်ပတ်က သင့်အတွက် ခက်ခဲမှုတွေနဲ့ လုံးထွေးနေရတဲ့ကာလထဲ ရောက်နေပါတယ်။အင်္ဂါ သားသမီးတွေက ယခုတစ်ပတ်မှာ သင့်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ တိုင်ပင်သင့်တဲ့သူပါ။ယခုရက်ပိုင်းအတွင်း ငွေကံသိပ်မကောင်းသလို အလုပ်ထဲလည်း စိတ်ပျက်စရာတွေ ပြဿနာတွေကြောင့် လုပ်ငန်းခွင်အတွင်း စိတ်ပန်းကိုယ်ပန်း ဖြစ်နေတတ်ပါတယ်။အလုပ်ကနေ ထွက်တာ/နားတာထက် ဘာသာရေးကို အချိန်ယူပြီးလုပ်ဖို့လိုပါတယ်။အဆိုးထဲက အကောင်းဆိုသလို ယခုကာလမှာ ဘုရားဖူးသွားရတာတွေရှိပါတယ်။သွားဖြစ်ရင် မိတ်ကောင်းဆွေကောင်းတွေ ရတတ်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်နဲ့လုပ်ရတဲ့လုပ်ငန်းတွေ အောင်မြင်မှုပါလိမ့်မယ်။ဆက်သွယ်ရေးပစ္စည်းလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ စတိုးဆိုင်လုပ်ငန်းတွေ ကောင်းပါတယ်။အလုပ်ထဲ ပြဿနာသိပ်ရှုပ်ထွေးနေရင် အနှောက်အယှက်များနေရင် မနက်စောစော ဘုရားကို သောက်တော်ရေချမ်းကပ်ပြီး ဆုတောင်းမေတ္တာပို့ပါ။ဒီကာလမှာ ကျန်းမာရေးကောင်းပေမယ့် လေထိုးလေအောင့် စတဲ့ လေရောဂါတွေ၊ ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ၊ ချစ်သူတွေကတော့ အဆင်မပြေဖြစ်တတ်ပေမယ့် ပြန်ပြေလည်ကာ ပိုချစ်သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားစေတီများတွင် ရှင်သီဝလီဂါထာ ပုတီး ၃ ပတ်စိပ်ကာ အိမ်တွင် ဇော်စိမ်း၊ ဇော်ကျားပန်းကို စပ္ပယ်ပန်းနှင့် ရောထိုးပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားလိုသော အရပ်မျက်နှာထောင့်ရှိ ဘုန်းကြီးကျောင်းသို့သွားကာ နေရာထိုင်ခင်းလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ အင်္ဂါထောင့်တွင် ကိုယ်လျှောက်ထားသည့်အလုပ်ကို အာရုံပြုကာ မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အချစ်ရေးအဆင်မပြေပါက တနင်္လာနံသတ္တဝါများကို ကိုယ့်လက်နှင့်ကိုင်ကာ အစာကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ လမ်းထဲတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိခဲများကို ဖယ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းနှင့် ချောင်းအကူးများတွင် တံတားထိုးပေးပါ။

( Zawgyi )

ဘာလုပ္လုပ္ အဆင္မေျပတာေတြ ခက္ခဲေနတတ္တာေတြ ျဖစ္တတ္ၿပီး ယခုတစ္ပတ္က သင့္အတြက္ ခက္ခဲမႈေတြနဲ႔ လုံးေထြးေနရတဲ့ကာလထဲ ေရာက္ေနပါတယ္။အဂၤါ သားသမီးေတြက ယခုတစ္ပတ္မွာ သင့္ရဲ႕ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ တိုင္ပင္သင့္တဲ့သူပါ။ယခုရက္ပိုင္းအတြင္း ေငြကံသိပ္မေကာင္းသလို အလုပ္ထဲလည္း စိတ္ပ်က္စရာေတြ ျပႆနာေတြေၾကာင့္ လုပ္ငန္းခြင္အတြင္း စိတ္ပန္းကိုယ္ပန္း ျဖစ္ေနတတ္ပါတယ္။အလုပ္ကေန ထြက္တာ/နားတာထက္ ဘာသာေရးကို အခ်ိန္ယူၿပီးလုပ္ဖို႔လိုပါတယ္။အဆိုးထဲက အေကာင္းဆိုသလို ယခုကာလမွာ ဘုရားဖူးသြားရတာေတြရွိပါတယ္။သြားျဖစ္ရင္ မိတ္ေကာင္းေဆြေကာင္းေတြ ရတတ္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္နဲ႔လုပ္ရတဲ့လုပ္ငန္းေတြ ေအာင္ျမင္မႈပါလိမ့္မယ္။ဆက္သြယ္ေရးပစၥည္းလုပ္ငန္း၊ ေရသန႔္လုပ္ငန္း၊ စတိုးဆိုင္လုပ္ငန္းေတြ ေကာင္းပါတယ္။အလုပ္ထဲ ျပႆနာသိပ္ရႈပ္ေထြးေနရင္ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာ ဘုရားကို ေသာက္ေတာ္ေရခ်မ္းကပ္ၿပီး ဆုေတာင္းေမတၱာပို႔ပါ။ဒီကာလမွာ က်န္းမာေရးေကာင္းေပမယ့္ ေလထိုးေလေအာင့္ စတဲ့ ေလေရာဂါေတြ၊ ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူေတြကေတာ့ အဆင္မေျပျဖစ္တတ္ေပမယ့္ ျပန္ေျပလည္ကာ ပိုခ်စ္သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားေစတီမ်ားတြင္ ရွင္သီဝလီဂါထာ ပုတီး ၃ ပတ္စိပ္ကာ အိမ္တြင္ ေဇာ္စိမ္း၊ ေဇာ္က်ားပန္းကို စပၸယ္ပန္းႏွင့္ ေရာထိုးေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားလိုေသာ အရပ္မ်က္ႏွာေထာင့္ရွိ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ေနရာထိုင္ခင္းလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ားရွိ အဂၤါေထာင့္တြင္ ကိုယ္ေလွ်ာက္ထားသည့္အလုပ္ကို အာ႐ုံျပဳကာ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အခ်စ္ေရးအဆင္မေျပပါက တနလၤာနံသတၱဝါမ်ားကို ကိုယ့္လက္ႏွင့္ကိုင္ကာ အစာေကြၽးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိခဲမ်ားကို ဖယ္ေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းႏွင့္ ေခ်ာင္းအကူးမ်ားတြင္ တံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆိုင္မွ ၃ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုရွာထိုးေပးပါ။

ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၃ ဂဏန်းများများပါသည့် ထီကိုရှာထိုးပေးပါ။