【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ရမယ့် အချိန်ကာလပါ။ယခုရက်ပိုင်းအတွင်း အဘက်ဘက်ကဘကံတွေ လာဘ်လာဘတွေ ပွင့်လန်းနေတတ်ပါတယ်။ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ၊ ပစ္စည်းဥစ္စာတွေ၊ အခွင့်အရေးတွေ ပြန်ရတတ်တဲ့ အချိန်ကာလပါ။အလုပ်အကိုင်တွေတိုးချဲ့မယ်ဆိုရင် ဒီရက်ပိုင်းတိုးချဲ့သင့်ပါတယ်။ငွေကံ ကောင်းနေတတ်သလို အတိုက်အခိုက်လည်းရှိပါတယ်။ဒီကာလအတွင်း မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။စပ်တူရှယ်ယာအလုပ်များအကျိုးမပေးသေးပါဘူး။အလှကုန်ရောင်းသူတွေ အဆင်ပြေတတ်တဲ့ကာလပါ။ဒီရက်ပိုင်း ပြည်တွင်း ပြည်ပခရီးတွေ အဆင်မပြေဖြစ်တတ်ပါတယ်။ဒီရက်ပိုင်း ရောဂါဟောင်းတွေပြန်ထတတ်သလို ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ လုပ်ငန်းခွင်အတွင်းစာမေးပွဲရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောင့်ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများမထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဒီဝါတပတိဂါထာကို နေထွက်ရာဘက်ဦးတည်ကာ ကိုးခေါက်တိတိ ယုံယုံကြည်ကြည် တစ်ပတ်လုံးရွတ်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းလောင်းပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ယခုတစ်ပတ်အတွင်း ရွှေတိဂုံဘုရားအောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ လိုရာ ဆုတောင်းပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်နှင့် အိပ်ခန်းအတွင်း ကြည့်မှန်အဟောင်းများ၊ အကွဲများရှိပါက လွှင့်ပစ်ပါ။ဒီရက်ပိုင်း ချစ်သူနှင့်တွေ့ရန် သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်တွင် မေတ္တာသုတ်ရွတ်၍ သန့်ရှင်းရေးလုပ်ပြီးလျှင်  ဆီမီးပူဇော်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်ထ၍ အိမ်ရှေ့လမ်းအား သန့်ရှင်းရေးလုပ်ပြီး ခို၊ စာကလေးများကို အစာကျွေးပါ။
ထီကံကောင်းလိုသူများ ။     ။ လမ်းထိပ်ထီဆိုင်တွင် အင်္ဂါနေနံအက္ခရာဖြင့်စကာ ၄ /၅  ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။
( Zawgyi )
ထီကံကောင်းလိုသူများ ။     ။ လမ်းထိပ်ထီဆိုင်တွင် အင်္ဂါနေ့နံအက္ခရာဖြင့်စကာ ၄ /၅  ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။