【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သင်ဘာလုပ်လုပ် စနေ သားသမီးတွေနဲ့ တိုင်ပင်တာကအောင်မြင်နိုင်ပါတယ်။ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊လုပ်ငန်းသစ်၊ အိမ်သစ်ကိစ္စတွေ စလုပ်လို့ ကောင်းပါတယ်။လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ၊စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ ခြံ မြေကိစ္စတွေလည်း ကောင်းပါတယ်။အနုပညာရှင်တွေ သတိထားပါ။အပြောမတတ်လို့ ပြဿနာတက်တတ်ပါတယ်။ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ် သတင်းတက်စရာရှိသလို မိသားစုအတွင်း၊လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ငွေကတော့ ဝင်နေသလို ထွက်နေတတ်လို့ စုဖို့တော့ခက်ပါလိမ့်မယ်။ပညာရေးကကောင်းပါတယ်။လုပ်ငန်းခွင်မှာ ရာထူးဖြေသူတို့ ယခုရက်ပိုင်း အောင်စာရင်းထွက်ရင် လိုအင်ဆန္ဒပြည့်ပြီလို့ မှတ်လိုက်ပါ။ကျန်းမာရေးမှာ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြောထိခိုက်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေက သင့်အတွက်ကောင်းပါတယ်။အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်းရှိပါတယ်။သမီးရည်းစားများကတော့ သတင်းကောင်းကြားရဖို့ရှိပါတယ်။ 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ဘုရားအား စနေနံပန်းများလှူကာ ဒိဝါတပတိဂါထာကို နံနက် ၉နာရီမထိုးမီ ၉ ခေါက်ရွတ်ဆိုပါ။ 
 
ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့်အနီးဆုံးစေတီရှိ စနေထောင့်အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။လျှောက်ထားသည့်အလုပ်ကို စာရွက်တစ်ရွက်ဖြင့် ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေးညအဆင်မပြေသူများ ။     ။ အိမ်တွင် အိမ်ထောင်ဘက်နှစ်ဦး၏ နေ့ သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ဘုရားပူဇော်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။     ။ ယခုတစ်ပတ်လုံး ဘုရားအားရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင်အမှိုက်များကောက်ခြင်းများ ပြုလုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။ 
 
ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၆/၈ ဂဏန်းများများပါသော ထီကိုထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္းအတြင္း မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း သင္ဘာလုပ္လုပ္ စေန သားသမီးေတြနဲ႔တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊လုပ္ငန္းသစ္၊ အိမ္သစ္ကိစၥေတြ စလုပ္လို႔ ေကာင္းပါတယ္။လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ၊စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ ၿခံေျမကိစၥေတြလည္း ေကာင္းပါတယ္။အႏုပညာရွင္ေတြ သတိထားပါ။အေျပာမတတ္လို႔ ျပႆနာတက္တတ္ပါတယ္။ယခုရက္ပိုင္း ခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္ သတင္းတက္စရာရွိသလို မိသားစုအတြင္း၊လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ေငြကေတာ့ ဝင္ေနသလို ထြက္ေနတတ္လို႔ စုဖို႔ေတာ့ခက္ပါလိမ့္မယ္။ပညာေရးကေကာင္းပါတယ္။လုပ္ငန္းခြင္မွာ ရာထူးေျဖသူတို႔ယခုရက္ပိုင္း ေအာင္စာရင္းထြက္ရင္ လိုအင္ဆႏၵျပည့္ၿပီလို႔ မွတ္လိုက္ပါ။က်န္းမာေရးမွာ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာထိခိုက္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြက သင့္အတြက္ေကာင္းပါတယ္။အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္းရွိပါတယ္။သမီးရည္းစားမ်ားကေတာ့ သတင္းေကာင္းၾကားရဖို႔ရွိပါတယ္။ 
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ဘုရားအား စေနနံပန္းမ်ားလႉကာ ဒိဝါတပတိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္႐ြတ္ဆိုပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္အနီးဆုံးေစတီရွိ စေနေထာင့္အရပ္တြင္အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ေလွ်ာက္ထားသည့္အလုပ္ကို စာ႐ြက္တစ္႐ြက္ျဖင့္ ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရးညအဆင္မေျပသူမ်ား ။     ။ အိမ္တြင္ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔ သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ဘုရားပူေဇာ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ယခုတစ္ပတ္လုံး ဘုရားအားေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းမ်ား ျပဳလုပ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၆/၈ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။