【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါ သားသမီးတွေနှင့်  တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ယခုရက်ပိုင်းအတွင်း မိတ်ကောင်းဆွေကောင်းတွေကြောင့် ခက်မယ်ထင်တဲ့အလုပ်တွေ လွယ်ကူချောမွေ့လာပါလိမ့်မယ်။မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အလှူအတန်းတွေ ပေါ်ပေါက်တတ်ပါတယ်။
လူမှုရေးအတိုက်အခိုက်တွေ ကိုယ့်ဆီမှာပေါ်တတ်လို့ ဘာပဲပြောပြောဆိုဆို နှုတ်ချိုဖို့လိုပါတယ်။ပညာရေး၊ ဘာသာရေး ကံကောင်းနေတတ်သလို ငွေကံလည်းကောင်းနေတတ်ပါတယ်။ဘုရားဖူးခရီးတွေ ထွက်ရတတ်သလို နိုင်ငံရပ်ခြားသွားရောက်ရမယ့် ကိစ္စတွေရှိရင် လွယ်ကူချောမွေ့ပါလိမ့်မယ်။အင်္ဂါနံ အလုပ်အကိုင်တွေဖြစ်တဲ့ ဆန်ဆီဆား စတဲ့အလုပ်တွေ၊ စက်နဲ့ တခြားဆက်စပ်လုပ်ငန်းတွေ ကောင်းပါတယ်။အိမ်ဝယ် မြေဝယ် လုပ်ငန်းတွေ စပ်တူလုပ်ငန်းတွေလည်း အောင်မြင်မှုရတဲ့ကာလပါ။ကျန်းမာရေးကောင်းပေမယ့် အပူအစပ်အစာတွေကြောင့် ဒုက္ခများတတ်ပါတယ်။ပညာသင်နေတဲ့သူတွေတဲ့ ပညာကံကောင်းဖို့ သံဃာတော်တွေကို စာအုပ်စာတမ်းတွေ လှူဒါန်းပေးပါ။
ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ ချစ်သူတွေကတော့ တခဏတာဝေးရမယ့်ကိန်း ရှိနေပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုရက်သတ္တပတ်တစ်ခုလုံး စံပယ်ပန်းကပ်လှူပေးပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့တိုင်း ပဋ္ဌာန်း၊ ဂုဏ်တော်ကွန်ချာကို ရွတ်ဆိုပြီး လိုရာအာရုံပြုကာ အမျှဝေပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ အင်္ဂါထောင့်တွင် သန့်ရှင်းရေးလုပ်ပြီး ဆီမီးပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲတွင် ရွှေရောင်ပစ္စည်းအဟောင်းအပျက်များရှိပါက လွှင့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ အိမ်နှင့်အနီးဆုံးစေတီတွင် နံနက်စောစောသွားကာ အမှိုက်များရှင်းလင်းပေးခြင်း ပန်းဆီမီးကပ်လှူပေးပါက အကောင်းဆုံးဖြစ်သည်။
ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲမှ နေထိုင်မကောင်းသူတစ်ယောက်အား ဆေးဝါးဓာတ်စာ လှူဒါန်းကူညီပေးလိုက်ပါ။
ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် သင့်အတွက် ၁ ဂဏန်းကလွဲပြီး ဘာဂဏန်းထိုးထိုး အဆင်ပြေနိုင်ပါတယ်။
( Zawgyi )