【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း သင့်အတွက် မမျှော်လင့်ဘဲ အခွင့်အရေးကောင်းတွေ၊ ငွေအစုလိုက်အပြုံလိုက်ဝင်တာတွေ တစ်ပုံကြီးပေါ် လာမယ့် အချိန်အခါပါ။တနင်္ဂနွေ သားသမီးတွေနဲ့တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေမှာအောင်မြင်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေ နိုင်ငံခြားခရီးတွေ ပေါ်တတ်ပါတယ်။လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ အကျိုးပေးကောင်းနေပါ တယ်။ကိုယ့်နာမည်ဂုဏ်သိက္ခာ တက်မယ့်ကိန်းလည်းရှိနေပါတယ်။ဆုံးရှုံးခဲ့တဲ့ငွေတွေလည်း ပြန်ရကိန်းရှိပါတယ်။မိသားစုအတွင်း၊လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။အနုပညာ၊ ကား၊ အလှကုန်၊ ကွန်ပျူတာ စတဲ့အလုပ်တွေ အကျိုးပေးပါလိမ်မယ်။ဒီရက်ပိုင်း ထီကံကောင်းလို့ ထီထိုးသင့်ပါတယ်။ပညာရေးကတော့ ကံကောင်းနေပါတယ်။ကျန်းမာရေးကတော့ ချုပ်စာတွေကြောင့် ဒုက္ခများကိန်းမြင်ပါတယ်။အိမ်ထောင်၊ ချစ်သူများအကြား အပြန်အလှန်ယုံကြည်မှုတွေတိုးလာမယ့် အခါသမယပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံးအောင်သပြေပန်းကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ ဘုရားရှေ့တွင် ကိုးရက်တိတိ တဟိ့ ံ တဟိ့ ံ ဂါထာသက်စေ့ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ဘုရားရှိ တနင်္ဂနွေထောင့်တွင် ဂုဏ်တော်ပုတီးစိပ်ပြီး အလုပ်အကိုင်နှင့်ပတ်သက်ပြီး လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲရှိ ဘူးလွတ်၊ ကတ်ထူစက္ကူဗူးအလွတ်တွေရှိပါက ဖယ်ရှားပါ။သွားတိုက်ဆေးဗူးအလွတ်တောင် နှမြောပြီးချန်မထားပါနဲ့။သင်လွတ်သွားမည့်ကိန်းရှိနေပါသည်။

လူမှုရေးအတိုက်အခံများသူများ ။ ။ အရဟံအစချီဂါထာအား သတိရတိုင်းရွတ်ဆိုပါ။ဘုရားတွင် ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းက လာမည့်ဘေးကနေ သင့်ကိုကံဖယ်သွားပါလိမ့်မည်။

ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးထဲသွားရင်း၊ လမ်းသွားရင်း ရေသတ္တဝါအရှင်များတွေ့ပါက ဝယ်ယူကာ ဘေးမဲ့လွှတ်ပါ။

ထီကံကောင်းလိုသူများ ။ ။ လမ်းတွင်တွေ့သည့် လက်တွန်းလှည်းထီဆိုင်မှ ၁/၄ ဂဏန်းများပါသော ထီကိုရွေးထိုးပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း သင့္အတြက္ မေမွ်ာ္လင့္ဘဲ အခြင့္အေရးေကာင္းေတြ၊ ေငြအစုလိုက္အၿပဳံလိုက္ဝင္တာေတြ တစ္ပုံႀကီးေပၚ လာမယ့္ အခ်ိန္အခါပါ။တနဂၤေႏြ သားသမီးေတြနဲ႔တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြမွာေအာင္ျမင္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြ ႏိုင္ငံျခားခရီးေတြ ေပၚတတ္ပါတယ္။လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးေကာင္းေနပါ တယ္။ကိုယ့္နာမည္ဂုဏ္သိကၡာ တက္မယ့္ကိန္းလည္းရွိေနပါတယ္။ဆုံးရႈံးခဲ့တဲ့ေငြေတြလည္း ျပန္ရကိန္းရွိပါတယ္။မိသားစုအတြင္း၊လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။အႏုပညာ၊ ကား၊ အလွကုန္၊ ကြန္ပ်ဴတာ စတဲ့အလုပ္ေတြ အက်ိဳးေပးပါလိမ္မယ္။ဒီရက္ပိုင္း ထီကံေကာင္းလို႔ ထီထိုးသင့္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနပါတယ္။က်န္းမာေရးကေတာ့ ခ်ဳပ္စာေတြေၾကာင့္ ဒုကၡမ်ားကိန္းျမင္ပါတယ္။အိမ္ေထာင္၊ ခ်စ္သူမ်ားအၾကား အျပန္အလွန္ယုံၾကည္မႈေတြတိုးလာမယ့္ အခါသမယပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံးေအာင္သေျပပန္းကပ္လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိ တဟိ့ ံ တဟိ့ ံ ဂါထာသက္ေစ့႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ဘုရားရွိ တနဂၤေႏြေထာင့္တြင္ ဂုဏ္ေတာ္ပုတီးစိပ္ၿပီး အလုပ္အကိုင္ႏွင့္ပတ္သက္ၿပီး လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲရွိ ဘူးလြတ္၊ ကတ္ထူစကၠဴဗူးအလြတ္ေတြရွိပါက ဖယ္ရွားပါ။သြားတိုက္ေဆးဗူးအလြတ္ေတာင္ ႏွေျမာၿပီးခ်န္မထားပါနဲ႔။သင္လြတ္သြားမည့္ကိန္းရွိေနပါသည္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ အရဟံအစခ်ီဂါထာအား သတိရတိုင္း႐ြတ္ဆိုပါ။ဘုရားတြင္ ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းက လာမည့္ေဘးကေန သင့္ကိုကံဖယ္သြားပါလိမ့္မည္။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးထဲသြားရင္း၊ လမ္းသြားရင္း ေရသတၱဝါအရွင္မ်ားေတြ႕ပါက ဝယ္ယူကာ ေဘးမဲ့လႊတ္ပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ လမ္းတြင္ေတြ႕သည့္ လက္တြန္းလွည္းထီဆိုင္မွ ၁/၄ ဂဏန္းမ်ားပါေသာ ထီကိုေ႐ြးထိုးပါ။