【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းအပြိုင်အဆိုင်တွေများလို့ ၊အခက်အခဲတွေများလို့ သင်စိတ်ရှုပ်ခဲ့ရတဲ့ ကာလတွေပြီးဆုံး တဲ့ကာလရောက်ပါပြီ။ ဆုံးပြီလို့ ထင်တဲ့ ငွေနဲ့ ပစ္စည်းဟောင်းတွေ ပြန်ရတတ် ပါတယ်။ယခုတစ်ပတ် လူမှု ရေး ၊စီးပွား ရေး၊ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် စနေသားသမီးများနှင့် တိုင်ပင်ဆောင် ရွက်သင့် ပါတယ်။ အဝေးရောက်သူများ၊ ပြည်ပနှင့်ပတ်သက်တဲ့သူများဆီကနေဝမ်းသာစရာများ ကြုံရတတ်ပါ သည်။ လုပ်ငန်းအတွက် လမ်းစသစ်၊ အလုပ်အကိုင်အတွက် အခွင့်အရေးသစ်များပေါ်ပေါက်လာ တတ်ပါသည်။ ငွေရွှင်နေတတ်ပေမယ့် လုပ်ငန်းထဲငွေပြန်ဝင်နေတတ်တဲ့ ကာလမို့ ရင်းနှီးမြုပ်နှံသူတွေ သတိထားရင်းနှီးသင့်ပါ တယ်။ စပ်တူလုပ်သူတွေ၊ လူမျိုးခြားနဲ့ လုပ်ကိုင်သူတွေ ဒီကာလမှာသတိထားသင့်သလို လုပ်ငန်းထဲမှာလူရင်း တပည့်ရင်း တွေကသင့်အခက်တွေ့အောင်လုပ်ကိန်းရှိနေပါတယ်။ ပညာရေးကိစ္စမှာလည်းဒီရက်ပိုင်းမှာ ခက်ခဲနေတတ်ပါတယ်။ မျှော်မှန်းထားသလိုမဖြစ်ဘဲနေတတ်ပါတယ်။ ကျန်းမာရေးကတော့ ဝမ်း၊ဦးခေါင်း စတဲ့ ရောဂါဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ စကားအချေအတင်များကိန်းရှိသလိုချစ်သူတွေအတွက် ဘေးစကားကြောင့် စိတ်ဝမ်းကွဲစရာတွေဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအားစနေနံပန်းများလှူကာ ဒိဝါတပတိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်တိတိယုံယုံကြည်ကြည်ရွတ်ဆိုပူဇော်ပါ။အကျိုးထူးပါမည်။

ပြည်ပထွက်ခွာလိုသူများ။ ။ သင့်အိမ်နှင့်အနီးဆုံးစေတီရှိစနေထောင့်အရပ်တွင် အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ပြီး ပန်းလှူကာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ လျှောက်ထားသည့် အလုပ်နာမည်အားခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ အိမ်တွင် အိမ်ထောက်ဘက်(သို့မဟုတ်) ရည်ရွယ်သူနှစ်ဦး ၏နေ့သင့်နံသင့်ပန်းကိုပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ဘုရားအားရေသပ္ပါယ်ခြင်း၊စေတီရင်ပြင်များတွင် အမှိုက်ကောက်ခြင်းများအားယခုတစ်ပတ်အတွင်းပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ။ ။ စနေနံထီဆိုင်တွင် ၄/၇/၉ ဂဏန်းများများပါသောထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္းအၿပိဳင္အဆိုင္ေတြမ်ားလို႔ ၊အခက္အခဲေတြမ်ားလို႔ သင္စိတ္ရႈပ္ခဲ့ရတဲ့ ကာလေတြၿပီးဆုံး တဲ့ကာလေရာက္ပါၿပီ။ ဆုံးၿပီလို႔ ထင္တဲ့ ေငြနဲ႔ ပစၥည္းေဟာင္းေတြ ျပန္ရတတ္ ပါတယ္။ယခုတစ္ပတ္ လူမႈ ေရး ၊စီးပြား ေရး၊ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေနသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္ ႐ြက္သင့္ ပါတယ္။ အေဝးေရာက္သူမ်ား၊ ျပည္ပႏွင့္ပတ္သက္တဲ့သူမ်ားဆီကေနဝမ္းသာစရာမ်ား ႀကဳံရတတ္ပါ သည္။ လုပ္ငန္းအတြက္ လမ္းစသစ္၊ အလုပ္အကိုင္အတြက္ အခြင့္အေရးသစ္မ်ားေပၚေပါက္လာ တတ္ပါသည္။ ေငြ႐ႊင္ေနတတ္ေပမယ့္ လုပ္ငန္းထဲေငြျပန္ဝင္ေနတတ္တဲ့ ကာလမို႔ ရင္းႏွီးျမဳပ္ႏွံသူေတြ သတိထားရင္းႏွီးသင့္ပါ တယ္။ စပ္တူလုပ္သူေတြ၊ လူမ်ိဳးျခားနဲ႔ လုပ္ကိုင္သူေတြ ဒီကာလမွာသတိထားသင့္သလို လုပ္ငန္းထဲမွာလူရင္း တပည့္ရင္း ေတြကသင့္အခက္ေတြ႕ေအာင္လုပ္ကိန္းရွိေနပါတယ္။ ပညာေရးကိစၥမွာလည္းဒီရက္ပိုင္းမွာ ခက္ခဲေနတတ္ပါတယ္။ ေမွ်ာ္မွန္းထားသလိုမျဖစ္ဘဲေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဝမ္း၊ဦးေခါင္း စတဲ့ ေရာဂါျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ စကားအေခ်အတင္မ်ားကိန္းရွိသလိုခ်စ္သူေတြအတြက္ ေဘးစကားေၾကာင့္ စိတ္ဝမ္းကြဲစရာေတြျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအားစေနနံပန္းမ်ားလႉကာ ဒိဝါတပတိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္တိတိယုံယုံၾကည္ၾကည္႐ြတ္ဆိုပူေဇာ္ပါ။အက်ိဳးထူးပါမည္။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ သင့္အိမ္ႏွင့္အနီးဆုံးေစတီရွိစေနေထာင့္အရပ္တြင္ အဓိ႒ာန္ျဖင့္ ပုတီးစိပ္ၿပီး ပန္းလႉကာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အားေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အိမ္တြင္ အိမ္ေထာက္ဘက္(သို႔မဟုတ္) ရည္႐ြယ္သူႏွစ္ဦး ၏ေန႔သင့္နံသင့္ပန္းကိုပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရားအားေရသပၸါယ္ျခင္း၊ေစတီရင္ျပင္မ်ားတြင္ အမႈိက္ေကာက္ျခင္းမ်ားအားယခုတစ္ပတ္အတြင္းျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ စေနနံထီဆိုင္တြင္ ၄/၇/၉ ဂဏန္းမ်ားမ်ားပါေသာထီကိုထိုးပါ။