【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အဖက်ဖက်ကအခွင့်အလမ်းကောင်းတွေပေါ်ထွက်လာတတ်ပါတယ်။ ကံတရားကကိုယ် ဘက်မှာ ရှိနေတဲ့အတွက် ဒီအချိန်မှာကိုယ်ရည်ရွယ်ထားတဲ့လုပ်ငန်းတွေကိစ္စတွေကိုစတင်တိုး ချဲ့ဆောင်ရွက် လုပ်ကိုင်သင့်တဲ့အချိန်ပါ။ ယခုတစ်ပတ်လူမှုရေး ၊စီးပွားရေး ပညာရေး အောင်မြင်လိုသောကိစ္စများ အတွက် တနင်္လာသားသမီးများနှင့်တိုင်ပင်ဆောင်ရွက်ပါ။ ကိုယ့်အောင်မြင်မှုကြောင့် မနာလိုကာအပြိုင်အဆိုင်များ တတ် တဲ့အချိန်ကာလဖြစ်လို့ ပြောမှားဆိုမှားအထင်လွဲစရာတွေကြောင့် မိတ်ရင်းဆွေရင်းတွေနဲ့ စိတ်ဝမ်းကွဲတတ် ပါတယ်။ ဒီကာလမှာ အိမ်ခြံမြေနဲ့ စပ်တူအလုပ်တွေ ကောင်းပါတယ်။ အထူးသဖြင့် အိမ်ခြံမြေသမားတွေ၊ ခရီး သွားလုပ်ငန်းသမားတွေ ၊ကားအရောင်းအဝယ်သမားတွေ အခြေအနေကောင်းပါတယ်။ ကျန်းမာရေးကတော့ ဆီးနဲ့ပတ်သက်တဲ့ရောဂါနဲ့ မျက်စိရောဂါတွေဖြစ်တတ်ပါတယ်။ ပြည်တွင်းပြည်ပခရီး စိတ်အကြံပေါက်သ လောက်ရောက်မယ့်အချိန်အခါပါ။ ပညာရေး ကံကောင်းနေပြီး ကြိုးစားလေ ပိုခရီးရောက်မယ့် အချိန်အခါ ဖြစ်ပေမယ့်အပေါင်းအသင်းမက်တာကြောင့်မျှော်မှန်းထားသလိုမဖြစ်ဘဲနေတတ်ပါတယ်။အိမ်ထောင်သည် တွေ၊ချစ်သူတွေအတွက် ဒီရက်ပိုင်းသတင်းကောင်းကြားရဖို့ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား ခုနှစ်ရက်တိတိကြသပတေးနေနံပန်း၊ အညွှန့်၊ သစ်သီးတို့ဖြင့်ပူဇော်ဆက်ကပ်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ယခုတစ်ပတ်နေ့စဉ်နံနက်စောစောထကာသံဃာများကိုတန်းဆွမ်း လောင်းလှူပေး ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အနီးရှိစေတီတွင်မေမြို့ပန်းကိုးပွင့် တိတိဖြင့် နံနက် ကိုးနာရီတိတိပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။အိမ်တွင်းရှိသင့်အိမ်ထောင်ဘက်၏ နေနံအသုံးအဆောင် ပစ္စည်းအဟောင်းအပျက်များကို အိမ်ခြံဝင်း အပြင်ဘက်ရောက်အောင်ရှာကြံကာလွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။ ။သမ္ဗုဒ္ဓေဂါထာကို သင်သတိရတိုင်း ရွတ်ဆိုပေးပါ။သင့်ကိုအကာကွယ်ပေး ပါလိမ့်မယ်။

ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းသွားရင်း ခွေး၊ကျီးစသည် တနင်္လာနံသတ္တဝါ များကိုအစာကျွေးပါ။

ထီကံကောင်းလိုသူများ။ ။ ကြာသပတေးနာမည်ပါထီဆိုင်တွင် ၂/၄ ဂဏန်း များများပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း အဖက္ဖက္ကအခြင့္အလမ္းေကာင္းေတြေပၚထြက္လာတတ္ပါတယ္။ ကံတရားကကိုယ္ ဘက္မွာ ရွိေနတဲ့အတြက္ ဒီအခ်ိန္မွာကိုယ္ရည္႐ြယ္ထားတဲ့လုပ္ငန္းေတြကိစၥေတြကိုစတင္တိုး ခ်ဲ႕ေဆာင္႐ြက္ လုပ္ကိုင္သင့္တဲ့အခ်ိန္ပါ။ ယခုတစ္ပတ္လူမႈေရး ၊စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ား အတြက္ တနလၤာသားသမီးမ်ားႏွင့္တိုင္ပင္ေဆာင္႐ြက္ပါ။ ကိုယ့္ေအာင္ျမင္မႈေၾကာင့္ မနာလိုကာအၿပိဳင္အဆိုင္မ်ား တတ္ တဲ့အခ်ိန္ကာလျဖစ္လို႔ ေျပာမွားဆိုမွားအထင္လြဲစရာေတြေၾကာင့္ မိတ္ရင္းေဆြရင္းေတြနဲ႔ စိတ္ဝမ္းကြဲတတ္ ပါတယ္။ ဒီကာလမွာ အိမ္ၿခံေျမနဲ႔ စပ္တူအလုပ္ေတြ ေကာင္းပါတယ္။ အထူးသျဖင့္ အိမ္ၿခံေျမသမားေတြ၊ ခရီး သြားလုပ္ငန္းသမားေတြ ၊ကားအေရာင္းအဝယ္သမားေတြ အေျခအေနေကာင္းပါတယ္။ က်န္းမာေရးကေတာ့ ဆီးနဲ႔ပတ္သက္တဲ့ေရာဂါနဲ႔ မ်က္စိေရာဂါေတြျဖစ္တတ္ပါတယ္။ ျပည္တြင္းျပည္ပခရီး စိတ္အႀကံေပါက္သ ေလာက္ေရာက္မယ့္အခ်ိန္အခါပါ။ ပညာေရး ကံေကာင္းေနၿပီး ႀကိဳးစားေလ ပိုခရီးေရာက္မယ့္ အခ်ိန္အခါ ျဖစ္ေပမယ့္အေပါင္းအသင္းမက္တာေၾကာင့္ေမွ်ာ္မွန္းထားသလိုမျဖစ္ဘဲေနတတ္ပါတယ္။အိမ္ေထာင္သည္ ေတြ၊ခ်စ္သူေတြအတြက္ ဒီရက္ပိုင္းသတင္းေကာင္းၾကားရဖို႔ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအား ခုႏွစ္ရက္တိတိၾကသပေတးေနနံပန္း၊ အၫႊန္႔၊ သစ္သီးတို႔ျဖင့္ပူေဇာ္ဆက္ကပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ယခုတစ္ပတ္ေန႔စဥ္နံနက္ေစာေစာထကာသံဃာမ်ားကိုတန္းဆြမ္း ေလာင္းလႉေပး ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ေနအိမ္အနီးရွိေစတီတြင္ေမၿမိဳ႕ပန္းကိုးပြင့္ တိတိျဖင့္ နံနက္ ကိုးနာရီတိတိပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။အိမ္တြင္းရွိသင့္အိမ္ေထာင္ဘက္၏ ေနနံအသုံးအေဆာင္ ပစၥည္းအေဟာင္းအပ်က္မ်ားကို အိမ္ၿခံဝင္း အျပင္ဘက္ေရာက္ေအာင္ရွာႀကံကာလႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။သမၺဳေဒၶဂါထာကို သင္သတိရတိုင္း ႐ြတ္ဆိုေပးပါ။သင့္ကိုအကာကြယ္ေပး ပါလိမ့္မယ္။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းသြားရင္း ေခြး၊က်ီးစသည္ တနလၤာနံသတၱဝါ မ်ားကိုအစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ ၾကာသပေတးနာမည္ပါထီဆိုင္တြင္ ၂/၄ ဂဏန္း မ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။