【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် သင့်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေမှာ သောကြာ သားသမီးများနှင့်သာ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ယခုရက်ပိုင်းအတွင်း စိတ်ရှုပ်စရာတွေနဲ့ လုံးထွေးရတတ်တဲ့ အချိန်အခါပါ။အလုပ်များလို့ အလုပ်ထဲ စိတ်မပါသလို ဖိအားတွေကြောင့် အလုပ်ထွက်ချင်တာတွေ ဖြစ်တတ်ပါတယ်။ဘာမဆို စိတ်အလိုအတိုင်း မဆုံးဖြတ်ဖို့လိုပါတယ်။
အရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ ဒီရက်ပိုင်းမှာ ရှိနေတတ်သလို အဆင်မချောဖြစ်တတ်လို့ အရောင်းအဝယ်သမားတွေ အလောတကြီးမလုပ်ဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်သင့်ပါတယ်။စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ပြည်ပရပ်ခြားက အကူအညီနဲ့ အဆက်အသွယ်တွေ ပေါ်လာတတ်ပါတယ်။
ဒီကာလအတွင်း လူကြီးသူမတွေ ဆောင်မကိန်းရှိပါတယ်။ငွေဝင်ကောင်းနေသလို အလှူအတန်းလည်း လုပ်ရတတ်တဲ့ကာလမို့  ငွေရတိုင်း ဘုရားကို လှူပေးသင့်ပါတယ်။ပညာရေးကိစ္စမှာ ဒီရက်ပိုင်း ခက်ခဲနေတတ်ပါတယ်။ကျန်းမာရေးကတော့ ခြေထောက်၊ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ  ငယ်ရွယ်သူတွေ ခေတ္တခွဲခွာနေထိုင်ရကိန်းရှိသလို ဘာမဟုတ်တဲ့ကိစ္စကြောင့် မာနပြိုင်တတ်ကြပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ဘုရားရှိခိုးပြီး ရှင်သီဝလိဂါထာ ၉ ခေါက် ပုံမှန်ရွတ်ဆိုပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သွားလိုသော အရပ်ထောင့်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်းတစ်ခုခုလှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ သောကြာနံဘွဲ့အမည်ပါ စေတီတွင် နှမ်းပျစ် ၉ ခုဖြင့် ဆွမ်းကပ်လှူကာ မိမိလျှောက်ထားသည့် အလုပ်အား အာရုံပြုဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောင်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ အပြင်ထွက်လျှင်၊ အစားအသောက်တစ်ခုခုစားလျှင် အရဟံဂုဏ်တော်ကို ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုန်းကြီးကျောင်းတွင် ကုဋီကို စတိဆေးကြောကာ ရေလောင်းဆေးကြောရင်း မေတ္တာပို့ပါ။

ထီကံကောင်းလိုသူများ ။     ။ သွားရင်းလာရင်းတွေ့သည့် ထီဆိုင်တွင် ၄ အစ ၆ အဆုံး ဂဏန်းကို ရွေးထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ သင့္ရဲ႕ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေတြမွာ ေသာၾကာ သားသမီးမ်ားႏွင့္သာ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ယခုရက္ပိုင္းအတြင္း စိတ္ရႈပ္စရာေတြနဲ႔ လုံးေထြးရတတ္တဲ့ အခ်ိန္အခါပါ။အလုပ္မ်ားလို႔ အလုပ္ထဲ စိတ္မပါသလို ဖိအားေတြေၾကာင့္ အလုပ္ထြက္ခ်င္တာေတြ ျဖစ္တတ္ပါတယ္။ဘာမဆို စိတ္အလိုအတိုင္း မဆုံးျဖတ္ဖို႔လိုပါတယ္။
အေရာင္းအဝယ္ကိစၥေတြမွာ အထစ္အေငါ့ေလးေတြ ဒီရက္ပိုင္းမွာ ရွိေနတတ္သလို အဆင္မေခ်ာျဖစ္တတ္လို႔ အေရာင္းအဝယ္သမားေတြ အေလာတႀကီးမလုပ္ဘဲ ေအးေအးေဆးေဆး ေခါင္းသုံးလုပ္သင့္ပါတယ္။စပ္တူလုပ္တဲ့ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ျပည္ပရပ္ျခားက အကူအညီနဲ႔ အဆက္အသြယ္ေတြ ေပၚလာတတ္ပါတယ္။
ဒီကာလအတြင္း လူႀကီးသူမေတြ ေဆာင္မကိန္းရွိပါတယ္။ေငြဝင္ေကာင္းေနသလို အလႉအတန္းလည္း လုပ္ရတတ္တဲ့ကာလမို႔  ေငြရတိုင္း ဘုရားကို လႉေပးသင့္ပါတယ္။ပညာေရးကိစၥမွာ ဒီရက္ပိုင္း ခက္ခဲေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ  ငယ္႐ြယ္သူေတြ ေခတၱခြဲခြာေနထိုင္ရကိန္းရွိသလို ဘာမဟုတ္တဲ့ကိစၥေၾကာင့္ မာနၿပိဳင္တတ္ၾကပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ဘုရားရွိခိုးၿပီး ရွင္သီဝလိဂါထာ ၉ ေခါက္ ပုံမွန္႐ြတ္ဆိုပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သြားလိုေသာ အရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္းတစ္ခုခုလႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေသာၾကာနံဘြဲ႕အမည္ပါ ေစတီတြင္ ႏွမ္းပ်စ္ ၉ ခုျဖင့္ ဆြမ္းကပ္လႉကာ မိမိေလွ်ာက္ထားသည့္ အလုပ္အား အာ႐ုံျပဳဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာင္ဘက္မ်ား မိုးလင္းတိုင္း မွန္ၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အျပင္ထြက္လွ်င္၊ အစားအေသာက္တစ္ခုခုစားလွ်င္ အရဟံဂုဏ္ေတာ္ကို ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းတြင္ ကုဋီကို စတိေဆးေၾကာကာ ေရေလာင္းေဆးေၾကာရင္း ေမတၱာပို႔ပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သြားရင္းလာရင္းေတြ႕သည့္ ထီဆိုင္တြင္ ၄ အစ ၆ အဆုံး ဂဏန္းကို ေ႐ြးထိုးပါ။