【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းလုပ်ငန်းခွင်မှာသင့်အတွက်အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ပေါ်ထွက် လာမယ့် ကာလ ဖြစ်နေပါတယ်။ဒီအတွက် အရင်ကရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ၊နေရာသစ်ရွှေ့တာတွေ၊ အလုပ် အကိုင် ပြောင်း ရွှေ့တာတွေ၊ လုပ်ငန်းတိုးချဲ့တာတွေ လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။ ဝန်ထမ်းတွေ ဆိုဒီကာလမှာအရေးကြီး တာဝန်ကို လွှဲပြောင်း ထမ်းဆောင်ရကိန်းရှိပါတယ်။ဒါပေမယ့် အပြိုင်အဆိုင်များလို့ ရန်များတတ်ပါတယ်။ ယခု ရက်ပိုင်း အတွင်း တနင်္ဂနွေ/ အင်္ဂါသားသမီးတွေနဲ့ တိုင်ပင်တာကသင့်အတွက် လူမှုရေး ၊စီးပွားရေးပညာရေးကိစ္စတွေမှာအောင်မြင်နိုင်ပါတယ်။ခရီးထွက် တာတွေ၊ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါ တယ်။ လူမျိုးကွဲ တွေနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေအကျိုးပေးပါတယ်။အနုပညာ၊ ကား၊အလှကုန်၊ကွန်ပျူတာစတဲ့အလုပ်တွေ အကျိုးပေးပါလိမ့်မယ်။ငွေကံကောင်းလွန်းနေလို့ ထီထိုးသင့်ပါတယ်။ ပညာရေးကကောင်းနေပါတယ်။ အိမ်ထောင်ရှင်များ စိတ်ညစ်ရသလောက် ချစ်သူများအတွက်ကတော့ နေ့တိုင်းပျော်စရာဖြစ်နေတဲ့ အချိန်ကာလပါ။ ကျန်းမာရေးမှာအပူကြောင့် ဖြစ်တဲ့ရောဂါ၊လေကြောင့် ဖြစ်တတ်တဲ့ ရောဂါကိုသတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား သစ်သီးဆွမ်းဆပ်ကပ်ကာ နံနက်တိုင်း မေတ္တာ သုတ်ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ထီး၊သင်္ကန်း၊ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ် လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်း ရေးလုပ်ပြီး အောင်သပြေပန်းကပ်လှူကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ ခို၊ကျီး၊ခွေးစသည်တို့ကို အစာကျွေးပါ။ ချစ်သူနှင့် တွေ့ရန် ဗုဒ္ဓဟူးနံအသုံးအဆောင်များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံ ရှစ်ခွင်ပြည့်အောင် ရေသပါ္ပယ်ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ရပ်ထဲ ရွာထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါး လှူပါ။

ထီကံကောင်းလိုသူများ။  ။ သင့်လမ်းထိပ်ထီဆိုင်တွင် ၁/၃/၄ ဂဏန်းပါသည့် ထီကို ရှာထိုးလိုက်ပါ။

(  Zawgyi  )

 ဒီရက္ပိုင္းလုပ္ငန္းခြင္မွာသင့္အတြက္အခြင့္အလမ္းေကာင္းေတြ ဆက္တိုက္ေပၚထြက္ လာမယ့္ ကာလ ျဖစ္ေနပါတယ္။ဒီအတြက္ အရင္ကရည္႐ြယ္ထားတဲ့ လုပ္ငန္းေတြ၊ေနရာသစ္ေ႐ႊ႕တာေတြ၊ အလုပ္ အကိုင္ ေျပာင္း ေ႐ႊ႕တာေတြ၊ လုပ္ငန္းတိုးခ်ဲ႕တာေတြ လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။ ဝန္ထမ္းေတြ ဆိုဒီကာလမွာအေရးႀကီး တာဝန္ကို လႊဲေျပာင္း ထမ္းေဆာင္ရကိန္းရွိပါတယ္။ဒါေပမယ့္ အၿပိဳင္အဆိုင္မ်ားလို႔ ရန္မ်ားတတ္ပါတယ္။ ယခု ရက္ပိုင္း အတြင္း တနဂၤေႏြ/ အဂၤါသားသမီးေတြနဲ႔ တိုင္ပင္တာကသင့္အတြက္ လူမႈေရး ၊စီးပြားေရးပညာေရးကိစၥေတြမွာေအာင္ျမင္ႏိုင္ပါတယ္။ခရီးထြက္ တာေတြ၊ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါ တယ္။ လူမ်ိဳးကြဲ ေတြနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြအက်ိဳးေပးပါတယ္။အႏုပညာ၊ ကား၊အလွကုန္၊ကြန္ပ်ဴတာစတဲ့အလုပ္ေတြ အက်ိဳးေပး ပါလိမ့္မယ္။ေငြကံေကာင္းလြန္းေနလို႔ ထီထိုးသင့္ပါတယ္။ ပညာေရးကေကာင္းေနပါတယ္။ အိမ္ေထာင္ရွင္မ်ား စိတ္ညစ္ရသေလာက္ ခ်စ္သူမ်ားအတြက္ကေတာ့ ေန႔တိုင္းေပ်ာ္စရာျဖစ္ေနတဲ့ အခ်ိန္ကာလပါ။ က်န္းမာေရးမွာအပူေၾကာင့္ ျဖစ္တဲ့ေရာဂါ၊ေလေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါကိုသတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား သစ္သီးဆြမ္းဆပ္ကပ္ကာ နံနက္တိုင္း ေမတၱာ သုတ္႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ထီး၊သကၤန္း၊ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္ လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္း ေရးလုပ္ၿပီး ေအာင္သေျပပန္းကပ္လႉကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ခို၊က်ီး၊ေခြးစသည္တို႔ကို အစာေကြၽးပါ။ ခ်စ္သူႏွင့္ ေတြ႕ရန္ ဗုဒၶဟူးနံအသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံ ရွစ္ခြင္ျပည့္ေအာင္ ေရသပါၸယ္ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ရပ္ထဲ ႐ြာထဲ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါး လႉပါ။

ထီကံေကာင္းလိုသူမ်ား။  ။ သင့္လမ္းထိပ္ထီဆိုင္တြင္ ၁/၃/၄ ဂဏန္းပါသည့္ ထီကို ရွာထိုးလိုက္ပါ။