【 ဗေဒင် 】 ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ဒီရက်ပိုင်းအတွင်းမိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ ယခုရက်ပိုင်းအတွင်းသင်ဘာလုပ်လုပ် စနေသားသမီးတွေနဲ့ တိုင်ပင်တာကအောင်မြင်နိုင်ပါတယ်။ ငွေရေးကြေးရေးကိစ္စတွေ ၊နေရာသစ်၊လုပ်ငန်းသစ်၊အိမ်သစ်ကိစ္စတွေ စလုပ်လို့ ကောင်းပါတယ်။ လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ ၊စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ခြံ မြေကိစ္စတွေလည်းကောင်းပါတယ်။ အနုပညာရှင်တွေ သတိထားပါ။ အပြောမတတ်လို့ ပြဿနာတတ် တတ်ပါ တယ်။ ယခုရက်ပိုင်းခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ် သတင်းတက်စရာရှိသလိုမိသားစုအတွင်း၊လုပ်ငန်းခွင်အတွင်းသာယာနေပါလိမ့်မယ်။ ငွေကတော့ ဝင်နေ သလိုထွက်နေတတ်လို့ စုဖို့ တော့ ခက်ပါလိမ့်မယ်။ပညာရေးကကောင်းပါတယ်။လုပ်ငန်းခွင်မှာရာထူးဖြေသူတို့ ယခုရက်ပိုင်းအောင်စာရင်းထွက်ရင် လိုအင်ဆန္ဒပြည့်ပြီလို့ မှတ်လိုက်ပါ။ ကျန်းမာရေးမှာ အိပ်ရေးပျက် တာတွေကြောင့် အာရုံကြောထိခိုက်နိုင်ပါတယ်။ ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေကသင့်အတွက် ကောင်းပါတယ်။ အိမ်ထောင်ရှင်များခဏတာခွဲခွာရကိန်းရှိပါတယ်။ သမီးရည်းစားများကတော့ သတင်းကောင်းကြားရဖို့ ရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားစနေနံပန်းများလှူကာဒိဝါတပတိဂါထာကိုနံနက် ၉ နာရီမထိုးမီ ၉ ခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။     ။မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့်အနီးဆုံးစေတီရှိစနေထောင့် အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီးလိုရာဆုတောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။လျှောက်ထားသည့် အလုပ်ကိုစာရွက်တစ်ရွက်ဖြင့် ရေးပြီးခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။    ။အိမ်တွင် အိမ်ထောင်ဘက်နှစ်ဦး၏နေ့ သင့်နံသင့်ပန်း ကိုပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ယခုတစ်ပတ်လုံးဘုရားအားရေသပ္ပါယ်ခြင်း၊စေတီရင်ပြင်များတွင် အမှိုက်များ ကောက်ခြင်းများ ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ။  ။စေတီများတွင် ညောင်ထောက်ပေးခြင်း၊ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ။  ။ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၆/၈ ဂဏန်းများများပါသောထီကိုထိုးပါ။

(  Zawgyi  )

  ဒီရက္ပိုင္းအတြင္းမိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ ယခုရက္ပိုင္းအတြင္းသင္ဘာလုပ္လုပ္ စေနသားသမီးေတြနဲ႔ တိုင္ပင္တာကေအာင္ျမင္ႏိုင္ပါတယ္။ ေငြေရးေၾကးေရးကိစၥေတြ ၊ေနရာသစ္၊လုပ္ငန္းသစ္၊အိမ္သစ္ကိစၥေတြ စလုပ္လို႔ ေကာင္းပါတယ္။ လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ ၊စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ၿခံ ေျမကိစၥေတြလည္းေကာင္းပါတယ္။ အႏုပညာရွင္ေတြ သတိထားပါ။ အေျပာမတတ္လို႔ ျပႆနာတတ္ တတ္ပါ တယ္။ ယခုရက္ပိုင္းခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။ လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္ သတင္းတက္စရာရွိသလိုမိသားစုအတြင္း၊လုပ္ငန္းခြင္အတြင္းသာယာေနပါလိမ့္မယ္။ ေငြကေတာ့ ဝင္ေန သလိုထြက္ေနတတ္လို႔ စုဖို႔ ေတာ့ ခက္ပါလိမ့္မယ္။ပညာေရးကေကာင္းပါတယ္။လုပ္ငန္းခြင္မွာရာထူးေျဖသူတို႔ ယခုရက္ပိုင္းေအာင္စာရင္းထြက္ရင္ လိုအင္ဆႏၵျပည့္ၿပီလို႔ မွတ္လိုက္ပါ။ က်န္းမာေရးမွာ အိပ္ေရးပ်က္ တာေတြေၾကာင့္ အာ႐ုံေၾကာထိခိုက္ႏိုင္ပါတယ္။ ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြကသင့္အတြက္ ေကာင္းပါတယ္။ အိမ္ေထာင္ရွင္မ်ားခဏတာခြဲခြာရကိန္းရွိပါတယ္။ သမီးရည္းစားမ်ားကေတာ့ သတင္းေကာင္းၾကားရဖို႔ ရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားစေနနံပန္းမ်ားလႉကာဒိဝါတပတိဂါထာကိုနံနက္ ၉ နာရီမထိုးမီ ၉ ေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။     ။ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္အနီးဆုံးေစတီရွိစေနေထာင့္ အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီးလိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။ေလွ်ာက္ထားသည့္ အလုပ္ကိုစာ႐ြက္တစ္႐ြက္ျဖင့္ ေရးၿပီးေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။    ။အိမ္တြင္ အိမ္ေထာင္ဘက္ႏွစ္ဦး၏ေန႔ သင့္နံသင့္ပန္း ကိုပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ယခုတစ္ပတ္လုံးဘုရားအားေရသပၸါယ္ျခင္း၊ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ား ေကာက္ျခင္းမ်ား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၆/၈ ဂဏန္းမ်ားမ်ားပါေသာထီကိုထိုးပါ။