【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အလုပ်ထဲဖိအားတွေများလို့ မပျော်မရွှင်ဖြစ်တတ်ပါတယ်။အရာရာတိုင်းကို စဉ်းစားချင့်ချိန်ပြီးမှလုပ်ပါ။ဒါပေမယ့် အလုပ်ထဲမှာ ဂုဏ်သတင်းတက်စရာ၊ ရာထူးတက်စရာတွေ ကြုံရကိန်းရှိပါတယ်။ဒီကာလမှာ အလုပ်နဲ့ နေရာထိုင်ခင်း အပြောင်းအလဲတစ်စုံတစ်ရာမလုပ်တာ အကောင်းဆုံးပါပဲ။ငွေကြေးနဲ့ပတ်သက်ပြီးတော့ စိတ်ညစ်စရာ ကြုံလာနိုင်တဲ့ အခိုက်အတန့်ဖြစ်လို့ ငွေကြေးကို စနစ်တကျသုံးစွဲသင့်တဲ့ကာလပါ။ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ရပ်ခြားက လူမျိုးခြားအကူအညီပေးတတ်ပါတယ်။မိသားစုအတွင်း အလှူအတန်းကိစ္စတွေပေါ်ပေါက်တတ်ပါတယ်။ပညာရေးကတော့ အညံ့ပိုင်းထဲရောက်နေလို့ ကြိုးစားမှလိုရာရောက်မှာပါ။ကျန်းမာရေးကတော့ ကောင်းနေပမယ့် ရင်၊ ခေါင်း စတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ နီးတကျက်ကျက် ဖြစ်တတ်ပေမယ့် ချစ်သူများအကြား ကြည်နူးစရာတွေ မထင်မှတ်ဘဲပျော်ရတာတွေ ကြုံရတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သောကြာနံ အသီးအရွက် အညွန့်ပန်းများဖြင့် ယခုတစ်ပတ်လုံးပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်ရှိရာအရပ်မှ ဘုန်းကြီးကျောင်းတွင် သံဃာတော်များကို အာရုဏ်ဆွမ်းကပ်လှူပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့်ပူဇော်ကာ ဂုဏ်တော်ပုတီး ၃ ပတ်ရအောင် စိပ်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း အိတ်ထဲတွင် ရည်ရွယ်သူဓာတ်ပုံကို အမြဲထည့်ထားပါ။သတိရသည်နှင့် မေတ္တာပို့ပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်မိုးလင်းကတည်းက ဘုရားရှင်ရှေ့တွင် အရဟံ သက်စေ့ပုတီး ၉ ပတ်စိပ်ပြီးမှ တခြားပြုဖွယ်ကိစ္စများ ပြုလုပ်ပါ။
 
ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးထဲသွားရင်း ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲ ဝယ်ကာ ရေထဲသို့လွှတ်ပေးပါ။ 
 
ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂ အစ ၆ အဆုံး ထီလက်မှတ်ကို ရှာထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္း အလုပ္ထဲဖိအားေတြမ်ားလို႔ မေပ်ာ္မ႐ႊင္ျဖစ္တတ္ပါတယ္။အရာရာတိုင္းကို စဥ္းစားခ်င့္ခ်ိန္ၿပီးမွလုပ္ပါ။ဒါေပမယ့္ အလုပ္ထဲမွာ ဂုဏ္သတင္းတက္စရာ၊ ရာထူးတက္စရာေတြ ႀကဳံရကိန္းရွိပါတယ္။ဒီကာလမွာ အလုပ္နဲ႔ ေနရာထိုင္ခင္း အေျပာင္းအလဲတစ္စုံတစ္ရာမလုပ္တာ အေကာင္းဆုံးပါပဲ။ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့ စိတ္ညစ္စရာ ႀကဳံလာႏိုင္တဲ့ အခိုက္အတန္႔ျဖစ္လို႔ ေငြေၾကးကို စနစ္တက်သုံးစြဲသင့္တဲ့ကာလပါ။ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။စပ္တူလုပ္တဲ့ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ရပ္ျခားက လူမ်ိဳးျခားအကူအညီေပးတတ္ပါတယ္။မိသားစုအတြင္း အလႉအတန္းကိစၥေတြေပၚေပါက္တတ္ပါတယ္။ပညာေရးကေတာ့ အညံ့ပိုင္းထဲေရာက္ေနလို႔ ႀကိဳးစားမွလိုရာေရာက္မွာပါ။က်န္းမာေရးကေတာ့ ေကာင္းေနပမယ့္ ရင္၊ ေခါင္း စတဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား နီးတက်က္က်က္ ျဖစ္တတ္ေပမယ့္ ခ်စ္သူမ်ားအၾကား ၾကည္ႏူးစရာေတြ မထင္မွတ္ဘဲေပ်ာ္ရတာေတြ ႀကဳံရတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ေသာၾကာနံ အသီးအ႐ြက္ အၫြန္႔ပန္းမ်ားျဖင့္ ယခုတစ္ပတ္လုံးပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္ရွိရာအရပ္မွ ဘုန္းႀကီးေက်ာင္းတြင္ သံဃာေတာ္မ်ားကို အာ႐ုဏ္ဆြမ္းကပ္လႉပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ပူေဇာ္ကာ ဂုဏ္ေတာ္ပုတီး ၃ ပတ္ရေအာင္ စိပ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း အိတ္ထဲတြင္ ရည္႐ြယ္သူဓာတ္ပုံကို အၿမဲထည့္ထားပါ။သတိရသည္ႏွင့္ ေမတၱာပို႔ေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္မိုးလင္းကတည္းက ဘုရားရွင္ေရွ႕တြင္ အရဟံ သက္ေစ့ပုတီး ၉ ပတ္စိပ္ၿပီးမွ တျခားျပဳဖြယ္ကိစၥမ်ား ျပဳလုပ္ပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးထဲသြားရင္း ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲ ဝယ္ကာ ေရထဲသို႔လႊတ္ေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂ အစ ၆ အဆုံး ထီလက္မွတ္ကို ရွာထိုးပါ။