【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်မှာ သင့်ကံက အညံ့တွေများနေတတ်သလို အနှောင့်အယှက်တွေ ပေါ်တတ်ပါတယ်။နေရာသစ် အိမ်သစ်တွေ အလုပ်အကိုင်အသစ်တွေ ပေါ်တတ်သလို ပြဿနာတွေတစ်ခုပြီးတစ်ခု ဖြေရှင်းနေရတတ်တဲ့ အချိန်ကာလပါ။မတွေ့တာကြာတဲ့ သူငယ်ချင်းတွေ၊ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်ဆုံရတတ်သလို မထင်မှတ်ဘဲ ရပ်ဝေးသွားရကိန်းရှိတတ်ပါတယ်။ဒီတစ်ပတ် သင့်ကို ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံး အကြံပေးနိုင်တာက တနင်္ဂနွေ သားသမီးတွေပါ။ကံညံ့ပေမယ့် အလုပ်အကိုင်တွေ ရာထူးတိုးတာတွေ၊ အလုပ်လျှောက်တာတွေ အောင်မြင်မှုရမယ့်ကာလပါ။စားသောက်ကုန်လုပ်ငန်းသမားတွေ ငွေဝင်ကောင်းနေသလို လောင်းကစားသမားတွေ ငွေထွက်လည်းများနေတတ်တဲ့ အချိန်ကာလပါ။သတိထားပါ။ဒီကာလအတွင်း စပ်တူကိစ္စတွေ၊ အစုရှယ်ယာလုပ်ငန်းတွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ကောင်းနေပေမယ့် ညဘက်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အဖျားရှူးကိန်းရှိနေပါတယ်။အိမ်ထောင်သည်တွေ ချစ်သူတွေ မကြာခဏ စကားပြောတာ အဆင်မပြေဖြစ်တတ်ပြီး စိတ်ကုန်သလိုဖြစ်တတ်လို့ အလွယ်မဆုံးဖြတ်သင့်ပါဘူး။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး အောင်သပြေပန်းကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ရွက်တ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ ဘုရားရှေ့တွင် ကိုးရက်တိတိ တဟိ့ ံ တဟိ့ ံ ဂါထာ သက်စေ့ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ဘုရားရှိ တနင်္ဂနွေထောင့်တွင် ဂုဏ်တော်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲရှိ ဘူးလွတ်၊ ကတ်ထူစက္ကူဗူးအလွတ်တွေကို ဖယ်ရှားပါ။သွားတိုက်ဆေးဗူးအလွတ်တောင် မထားပါနဲ့။

လူမှုရေးအတိုက်အခံများသူများ ။ ။ အရဟံ အစချီဂါထာအား ရွတ်ဆိုပါ။ဘုရားတွင် ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းအား ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများကို ယခုရက်အတွင်း မကြာခဏဘေးမဲ့လွှတ်ပါ။အခက်အခဲတွေ ပပျောက်ပါလိမ့်မည်။

ထီကံကောင်းလိုသူများ ။ ။ လမ်းတွင်တွေ့သည့် တွန်းလှည်းထီဆိုင်မှ ၁၂/၄ ဂဏန်းများပါသော ထီကိုရွေးထိုးပါ။

( Zawgyi )

ဒီရက္မွာ သင့္ကံက အညံ့ေတြမ်ားေနတတ္သလို အေႏွာင့္အယွက္ေတြ ေပၚတတ္ပါတယ္။ေနရာသစ္ အိမ္သစ္ေတြ အလုပ္အကိုင္အသစ္ေတြ ေပၚတတ္သလို ျပႆနာေတြတစ္ခုၿပီးတစ္ခု ေျဖရွင္းေနရတတ္တဲ့ အခ်ိန္ကာလပါ။မေတြ႕တာၾကာတဲ့ သူငယ္ခ်င္းေတြ၊ မိတ္ေဟာင္းေဆြေဟာင္းေတြ ျပန္ဆုံရတတ္သလို မထင္မွတ္ဘဲ ရပ္ေဝးသြားရကိန္းရွိတတ္ပါတယ္။ဒီတစ္ပတ္ သင့္ကို ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံး အႀကံေပးႏိုင္တာက တနဂၤေႏြ သားသမီးေတြပါ။ကံညံ့ေပမယ့္ အလုပ္အကိုင္ေတြ ရာထူးတိုးတာေတြ၊ အလုပ္ေလွ်ာက္တာေတြ ေအာင္ျမင္မႈရမယ့္ကာလပါ။စားေသာက္ကုန္လုပ္ငန္းသမားေတြ ေငြဝင္ေကာင္းေနသလို ေလာင္းကစားသမားေတြ ေငြထြက္လည္းမ်ားေနတတ္တဲ့ အခ်ိန္ကာလပါ။သတိထားပါ။ဒီကာလအတြင္း စပ္တူကိစၥေတြ၊ အစုရွယ္ယာလုပ္ငန္းေတြ အက်ိဳးမေပးတတ္ပါဘူး။က်န္းမာေရးက ေကာင္းေနေပမယ့္ ညဘက္အိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အဖ်ားရႉးကိန္းရွိေနပါတယ္။အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ မၾကာခဏ စကားေျပာတာ အဆင္မေျပျဖစ္တတ္ၿပီး စိတ္ကုန္သလိုျဖစ္တတ္လို႔ အလြယ္မဆုံးျဖတ္သင့္ပါဘူး။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး ေအာင္သေျပပန္းကပ္လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့႐ြက္တ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိ တဟိ့ ံ တဟိ့ ံ ဂါထာ သက္ေစ့႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ဘုရားရွိ တနဂၤေႏြေထာင့္တြင္ ဂုဏ္ေတာ္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲရွိ ဘူးလြတ္၊ ကတ္ထူစကၠဴဗူးအလြတ္ေတြကို ဖယ္ရွားပါ။သြားတိုက္ေဆးဗူးအလြတ္ေတာင္ မထားပါနဲ႔။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ အရဟံ အစခ်ီဂါထာအား ႐ြတ္ဆိုပါ။ဘုရားတြင္ ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းအား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားကို ယခုရက္အတြင္း မၾကာခဏေဘးမဲ့လႊတ္ပါ။အခက္အခဲေတြ ပေပ်ာက္ပါလိမ့္မည္။

ထီကံေကာင္းလိုသူမ်ား ။ ။ လမ္းတြင္ေတြ႕သည့္ တြန္းလွည္းထီဆိုင္မွ ၁၂/၄ ဂဏန္းမ်ားပါေသာ ထီကိုေ႐ြးထိုးပါ။