【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း ငွေရွှင်တဲ့ကာလထဲရောက်နေပါပြီ။ဒီကာလမှာ ရပ်ဝေးနဲ့ နိုင်ငံခြားက အသိအကျွမ်းမိတ်ဆွေတွေရဲ့ အကူအညီအခွင့်အလမ်းတွေ ရတတ်ပါတယ်။သို့သော် အဖက်ဖက်ကပေါ်လာတဲ့ ပြဿနာတွေကိုရှင်းနေရတာနဲ့ ဒီကာလမှာ သင်အချိန်ကုန်နေတတ်လို ဘာမဆိုသတိထားကိုင်တွယ်သင့်ပါတယ်။ဒီကာလမှာ ပြတ်တောက်နေတဲ့ အပေါင်းအသင်းတွေ မိတ်ဆွေဟောင်းတွေ ချစ်ခင်ရင်းနှီးသူတွေနဲ့ ပြန်အဆက်အသွယ်ရတတ်ပါတယ်။အိမ်ဆောက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ သီးနှံကုန်သည်တွေ၊ ရေထွက်ကုန်ရောင်းဝယ်ဖောက်ကားသူတွေ ကျောက်မျက်နဲ့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေ အကျိုးပေးတဲ့အချိန်ကာလပါ။စပ်တူရှယ်ယာလုပ်သူတွေ၊ စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့အလုပ်တွေ မကောင်းသေးပါဘူး။ပညာရေးကတော့ မရဘူးထင်တဲ့အောင်မြင်မှုတွေ ပြန်ရတတ်တဲ့ကံမျိုးပါ။ဒါကို သင်တန်းတွေ၊ အလုပ်စာမေးပွဲတွေမှာ ကြုံရတတ်ပါတယ်။ကျန်းမာရေးကတော့ အညံ့ဘက်ကိုများနေပြီး နာတာရှည်ရောဂါဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။အိမ်ထောင်သည်တွေ စကားများတာ၊ ကိုယ်ရည်သွေးတာကနေ အချင်းများတတ်သလို ငယ်ရွယ်သူတွေ သတင်းကောင်းစကားကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ဂန္ဓမာပန်း၊ ငွေပန်းတို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားမည့်အရပ်ရှိ နေ့နံထောင့်မှ ဘုန်းကြီးကျောင်းသို့ စားဆီလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံအရပ်ရှိဘုရားတွင် အဓိဋ္ဌာန်ပုတီးစိပ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်သို့ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပေါင်းကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေ့စဉ် မိုးလင်းသည်နှင့် မေတ္တာသုတ်ရွတ်ကာ မျက်နှာသစ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲရှိ ခွေးများအား ညဘက်အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ တနင်္လာနံအက္ခရာဖြင့်စကာ ၄ ဂဏန်းအလယ်တွင်ပါသော ထီလက်မှတ်ကိုရှာထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္း ေငြ႐ႊင္တဲ့ကာလထဲေရာက္ေနပါၿပီ။ဒီကာလမွာ ရပ္ေဝးနဲ႔ ႏိုင္ငံျခားက အသိအကြၽမ္းမိတ္ေဆြေတြရဲ႕ အကူအညီအခြင့္အလမ္းေတြ ရတတ္ပါတယ္။သို႔ေသာ္ အဖက္ဖက္ကေပၚလာတဲ့ ျပႆနာေတြကိုရွင္းေနရတာနဲ႔ ဒီကာလမွာ သင္အခ်ိန္ကုန္ေနတတ္လို ဘာမဆိုသတိထားကိုင္တြယ္သင့္ပါတယ္။ဒီကာလမွာ ျပတ္ေတာက္ေနတဲ့ အေပါင္းအသင္းေတြ မိတ္ေဆြေဟာင္းေတြ ခ်စ္ခင္ရင္းႏွီးသူေတြနဲ႔ ျပန္အဆက္အသြယ္ရတတ္ပါတယ္။အိမ္ေဆာက္ပစၥည္းလုပ္ငန္း လုပ္ကိုင္သူေတြ၊ သီးႏွံကုန္သည္ေတြ၊ ေရထြက္ကုန္ေရာင္းဝယ္ေဖာက္ကားသူေတြ ေက်ာက္မ်က္နဲ႔ ကားဝယ္ေရာင္းလုပ္ကိုင္သူေတြ အက်ိဳးေပးတဲ့အခ်ိန္ကာလပါ။စပ္တူရွယ္ယာလုပ္သူေတြ၊ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့အလုပ္ေတြ မေကာင္းေသးပါဘူး။ပညာေရးကေတာ့ မရဘူးထင္တဲ့ေအာင္ျမင္မႈေတြ ျပန္ရတတ္တဲ့ကံမ်ိဳးပါ။ဒါကို သင္တန္းေတြ၊ အလုပ္စာေမးပြဲေတြမွာ ႀကဳံရတတ္ပါတယ္။က်န္းမာေရးကေတာ့ အညံ့ဘက္ကိုမ်ားေနၿပီး နာတာရွည္ေရာဂါျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။အိမ္ေထာင္သည္ေတြ စကားမ်ားတာ၊ ကိုယ္ရည္ေသြးတာကေန အခ်င္းမ်ားတတ္သလို ငယ္႐ြယ္သူေတြ သတင္းေကာင္းစကားၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ဂႏၶမာပန္း၊ ေငြပန္းတို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားမည့္အရပ္ရွိ ေန႔နံေထာင့္မွ ဘုန္းႀကီးေက်ာင္းသို႔ စားဆီလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံအရပ္ရွိဘုရားတြင္ အဓိ႒ာန္ပုတီးစိပ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္သို႔ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းေပါင္းကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေန႔စဥ္ မိုးလင္းသည္ႏွင့္ ေမတၱာသုတ္႐ြတ္ကာ မ်က္ႏွာသစ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းထဲရွိ ေခြးမ်ားအား ညဘက္အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ တနလၤာနံအကၡရာျဖင့္စကာ ၄ ဂဏန္းအလယ္တြင္ပါေသာ ထီလက္မွတ္ကိုရွာထိုးပါ။