【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း အလုပ်ကထွက်ချင်တဲ့ စိတ်တွေ ဖြစ်နေတတ်သလို လုပ်ငန်းခွင်ထဲ အလိုမကျတာ တွေ၊ခိုင်းသလို မဖြစ်လို့ ဒေါသထွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီကာလက ဘာပဲလုပ်လုပ် ခေါင်းအေးအေးနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ရမယ့် အချိန်ကာလပါ။ ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ၊ပညာရေး စတဲ့ ကိစ္စတွေ မှာ မိတ်ဘက်ဖြစ်တဲ့ စနေသားသမီးများနှင့်သာ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံရပ်ခြားနှင့် ပတ်သက်တဲ့ သတင်းစကားတွေထဲ ဝမ်းသာစရာများ ကြုံရတတ်ပါသည်။ ယခုရက်ပိုင်း လုပ်ငန်းသစ်၊လမ်းစသစ်၊ အခွင့်အရေးသစ်များ ပေါ်ပေါက်လာတတ်ပါသည်။ ငွေရွှင်နေတတ်ပေမယ့် လုပ်ငန်းထဲ ငွေပြန်ဝင်နေတတ်တဲ့ ကာလမို့ သတိထားရင်းနှီးသင့်ပါတယ်။ လုပ်ငန်းထဲမှာ လူရင်းတပည့်ရင်းတွေက သင့်ကိုအခက် တွေ့အောင်လုပ်ကိန်းရှိပါတယ်။ ပညာရေးကိစ္စမှာလည်း ဒီရက်ပိုင်းမှာ ခက်ခဲနေတတ်ပါတယ်။ မျှော်မှန်းထားသလို မဖြစ်ဘဲနေတတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်း၊ဦးခေါင်း စတဲ့ ရောဂါဖြစ်တတ်ပါတယ်။ အိမ်ထောင်သည် တွေ စကားအချေ အတင်များကိန်းရှိသလို ချစ်သူတွေအတွက် ဘေးစကားများ စိတ်ဝမ်းကွဲစရာ တွေဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားရှင်အား ယခုတစ်ပတ်အတွင်း ငွေပန်းနှင့် နေကြာပန်းကို တွဲထိုးပေးကာ ဒိဝါတပတိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်ရွတ်ဆိုပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ သင့်အိမ်နှင့်အနီးဆုံးစေတီသွားကာ စနေထောင့်အရပ်တွင် ကောင်းသော ထွက်ခြင်းဖြင့် အမြန်ထွက်ရပါလို၏ဟု အဓိဋ္ဌာန်ပြု၍ သက်စေ့ ဂုဏ်တော် ပုတီးစိပ်ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်ထားကာ အလုပ်ကိစ္စသွားတိုင်း နှင်းဆီပွင့်ဖက်တစ်ဖက်ဖြစ်ဖြစ်ဆောင်သွားပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ အိမ်တွင် နှစ်ဦး၏နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် ဘုရားအား ယခုတစ်ပတ်မညှိုးစေဘဲ ပူဇော်ပေးထားပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ဒီအတွက် ဘုရား၊စေတီ၊ပုထိုးများအား ရေသပ္ပါယ်ခြင်း၊စေတီရင်ပြင်များ တွင် အမှိုက်များကောက်ခြင်းမှလွဲ၍ ပိုထိရောက်သည့် နည်းမရှိပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရား၊စေတီ၊ပုထိုးများရှိ ဗာဓိညောင်ပင်ကို ညောင်ကိုင်း ထောက်ပေးခြင်း၊ညောင်ပင်ပတ်လည်တစ်လျှောက် ရေလောင်းခြင်းများဆောင်ရွက်ပေးပါ။

ထီကံကောင်းလိုသူများ။ ။ စနေနံထီဆိုင်တွင် ၂ ဂဏန်းများများပါသော ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း အလုပ္ကထြက္ခ်င္တဲ့ စိတ္ေတြ ျဖစ္ေနတတ္သလို လုပ္ငန္းခြင္ထဲ အလိုမက်တာ ေတြ၊ခိုင္းသလို မျဖစ္လို႔ ေဒါသထြက္တာေတြ ျဖစ္တတ္ပါတယ္။ ဒီကာလက ဘာပဲလုပ္လုပ္ ေခါင္းေအးေအးနဲ႔ ထိန္းထိန္းသိမ္းသိမ္းလုပ္ရမယ့္ အခ်ိန္ကာလပါ။ ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ၊ပညာေရး စတဲ့ ကိစၥေတြ မွာ မိတ္ဘက္ျဖစ္တဲ့ စေနသားသမီးမ်ားႏွင့္သာ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ ႏိုင္ငံရပ္ျခားႏွင့္ ပတ္သက္တဲ့ သတင္းစကားေတြထဲ ဝမ္းသာစရာမ်ား ႀကဳံရတတ္ပါသည္။ ယခုရက္ပိုင္း လုပ္ငန္းသစ္၊လမ္းစသစ္၊ အခြင့္အေရးသစ္မ်ား ေပၚေပါက္လာတတ္ပါသည္။ ေငြ႐ႊင္ေနတတ္ေပမယ့္ လုပ္ငန္းထဲ ေငြျပန္ဝင္ေနတတ္တဲ့ ကာလမို႔ သတိထားရင္းႏွီးသင့္ပါတယ္။ လုပ္ငန္းထဲမွာ လူရင္းတပည့္ရင္းေတြက သင့္ကိုအခက္ ေတြ႕ေအာင္လုပ္ကိန္းရွိပါတယ္။ ပညာေရးကိစၥမွာလည္း ဒီရက္ပိုင္းမွာ ခက္ခဲေနတတ္ပါတယ္။ ေမွ်ာ္မွန္းထားသလို မျဖစ္ဘဲေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ဝမ္း၊ဦးေခါင္း စတဲ့ ေရာဂါျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ ေတြ စကားအေခ် အတင္မ်ားကိန္းရွိသလို ခ်စ္သူေတြအတြက္ ေဘးစကားမ်ား စိတ္ဝမ္းကြဲစရာ ေတြျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားရွင္အား ယခုတစ္ပတ္အတြင္း ေငြပန္းႏွင့္ ေနၾကာပန္းကို တြဲထိုးေပးကာ ဒိဝါတပတိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္႐ြတ္ဆိုပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ သင့္အိမ္ႏွင့္အနီးဆုံးေစတီသြားကာ စေနေထာင့္အရပ္တြင္ ေကာင္းေသာ ထြက္ျခင္းျဖင့္ အျမန္ထြက္ရပါလို၏ဟု အဓိ႒ာန္ျပဳ၍ သက္ေစ့ ဂုဏ္ေတာ္ ပုတီးစိပ္ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္ထားကာ အလုပ္ကိစၥသြားတိုင္း ႏွင္းဆီပြင့္ဖက္တစ္ဖက္ျဖစ္ျဖစ္ေဆာင္သြားပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အိမ္တြင္ ႏွစ္ဦး၏ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ ဘုရားအား ယခုတစ္ပတ္မညႇိဳးေစဘဲ ပူေဇာ္ေပးထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဒီအတြက္ ဘုရား၊ေစတီ၊ပုထိုးမ်ားအား ေရသပၸါယ္ျခင္း၊ေစတီရင္ျပင္မ်ား တြင္ အမႈိက္မ်ားေကာက္ျခင္းမွလြဲ၍ ပိုထိေရာက္သည့္ နည္းမရွိပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရား၊ေစတီ၊ပုထိုးမ်ားရွိ ဗာဓိေညာင္ပင္ကို ေညာင္ကိုင္း ေထာက္ေပးျခင္း၊ေညာင္ပင္ပတ္လည္တစ္ေလွ်ာက္ ေရေလာင္းျခင္းမ်ားေဆာင္႐ြက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ စေနနံထီဆိုင္တြင္ ၂ ဂဏန္းမ်ားမ်ားပါေသာ ထီလက္မွတ္ကို ရွာထိုးပါ။