【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ် အတွင်း သင့်အတွက် ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင် တာက အင်္ဂါသားသမီးတွေပါ။ဒီကာလအတွင်း မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံခင်မင်ရကိန်းရှိနေသလို စပ်တူကိစ္စတွေ ၊စာချုပ်စာတမ်းကိစ္စတွေလည်း အောင်မြင်တဲ့ကာလပါ။ ပြည်တွင်း ပြည်ပခရီးတွေ မထင်မှတ် ဘဲသွားရကိန်း ရှိသလို ငွေကံလေးလဲ ကောင်းနေပါတယ်။ မထင်မှတ်ဘဲအလှူအတန်းတွေ၊ဘာသာရေး အလုပ် တွေ လုပ်ရကိန်းရှိပါ တယ်။ အိမ်ခြံမြေသမားတွေ၊ပရိဘောဂသမားတွေ ၊ အရောင်းအဝယ်သမားတွေ ၊ စက်ပစ္စည်း ရောင်းဝယ်သူတွေ အခြေအနေကောင်းနေသလို အမွေကိစ္စတွေလည်း အောင်မြင်တတ်တဲ့ အချိန်ကာလပါ။ ကျန်းမာရေးက ကောင်းနေ ပေမယ့် လေအောင့်တာတွေ ၊ဒူးခေါင်းနာတာတွေ၊အကြောတက်တာတွေ ဖြစ်တတ်ပါ တယ်။ ပညာရေးကတော့ မကြိုးစားရင် ဘာမှ ဖြစ်မလာမဲ့ အချိန်အခါပါ။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ် နေပေမယ့် ငယ်ရွယ်သူတွေအတွက်ကတော့ ပန်းခင်းတဲ့လမ်းပမာသာယာ နေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား စပယ်ပန်းကိုကြွေပန်းကန်ဖြင့် ယခုတစ်ပတ်လုံး ကပ်လှူပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ဥပုသ်အဖိတ်နေ့တွင် သီလရှင်ငယ်များအား သကြားယာဂုဆွမ်းကပ် လှူဒါန်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။မိမိလျှောက်ထားသောအလုပ်ရှိရာအရပ်ရှိဘုရားတွင် အင်္ဂါသားသမီး ကို အဖေါ်ခေါ်၍ အဓိဋ္ဌာန်ပုတီးစိပ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ အိမ်ထဲတွင် စက်ပစ္စည်းအဟောင်းအပျက် ရှာဖွေလွှင့်ပစ်ပါ။ နံနက်ဆွမ်းခံကြွလာသည့် သံဃာတော်အားကောက်ညှင်းပေါင်းကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။နေ့စဉ် မိုးလင်းသည်နှင့် မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပြီးမှ မျက်နှာသစ်ပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းထဲရှိခွေးများအား ညဘက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ။ ။ သင့်ရှေ့ ထီကားရောက်လာပါက ကြုံရာထီတစ်စောင်ထိုးလိုက်ပါ။

( Zawgyi )

ဒီတစ္ပတ္ အတြင္း သင့္အတြက္ ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္ တာက အဂၤါသားသမီးေတြပါ။ဒီကာလအတြင္း မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေတြ႕ႀကဳံခင္မင္ရကိန္းရွိေနသလို စပ္တူကိစၥေတြ ၊စာခ်ဳပ္စာတမ္းကိစၥေတြလည္း ေအာင္ျမင္တဲ့ကာလပါ။ ျပည္တြင္း ျပည္ပခရီးေတြ မထင္မွတ္ ဘဲသြားရကိန္း ရွိသလို ေငြကံေလးလဲ ေကာင္းေနပါတယ္။ မထင္မွတ္ဘဲအလႉအတန္းေတြ၊ဘာသာေရး အလုပ္ ေတြ လုပ္ရကိန္းရွိပါ တယ္။ အိမ္ၿခံေျမသမားေတြ၊ပရိေဘာဂသမားေတြ ၊ အေရာင္းအဝယ္သမားေတြ ၊ စက္ပစၥည္း ေရာင္းဝယ္သူေတြ အေျခအေနေကာင္းေနသလို အေမြကိစၥေတြလည္း ေအာင္ျမင္တတ္တဲ့ အခ်ိန္ကာလပါ။ က်န္းမာေရးက ေကာင္းေန ေပမယ့္ ေလေအာင့္တာေတြ ၊ဒူးေခါင္းနာတာေတြ၊အေၾကာတက္တာေတြ ျဖစ္တတ္ပါ တယ္။ ပညာေရးကေတာ့ မႀကိဳးစားရင္ ဘာမွ ျဖစ္မလာမဲ့ အခ်ိန္အခါပါ။ အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္နဲ႔ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ျဖစ္ ေနေပမယ့္ ငယ္႐ြယ္သူေတြအတြက္ကေတာ့ ပန္းခင္းတဲ့လမ္းပမာသာယာ ေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား စပယ္ပန္းကိုေႂကြပန္းကန္ျဖင့္ ယခုတစ္ပတ္လုံး ကပ္လႉပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ဥပုသ္အဖိတ္ေန႔တြင္ သီလရွင္ငယ္မ်ားအား သၾကားယာဂုဆြမ္းကပ္ လႉဒါန္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။မိမိေလွ်ာက္ထားေသာအလုပ္ရွိရာအရပ္ရွိဘုရားတြင္ အဂၤါသားသမီး ကို အေဖၚေခၚ၍ အဓိ႒ာန္ပုတီးစိပ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အိမ္ထဲတြင္ စက္ပစၥည္းအေဟာင္းအပ်က္ ရွာေဖြလႊင့္ပစ္ပါ။ နံနက္ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အားေကာက္ညႇင္းေပါင္းကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ေန႔စဥ္ မိုးလင္းသည္ႏွင့္ ေမတၱာသုတ္႐ြတ္ဖတ္ပူေဇာ္ၿပီးမွ မ်က္ႏွာသစ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းထဲရွိေခြးမ်ားအား ညဘက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ သင့္ေရွ႕ ထီကားေရာက္လာပါက ႀကဳံရာထီတစ္ေစာင္ထိုးလိုက္ပါ။