【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အလွဲလွဲအချော်ချော်ဖြစ်နေတဲ့ ငွေကြေးကိစ္စတွေ ဒီရက်ပိုင်းမှာ ပြေလည်ပါပြီ။လုပ်ငန်းခွင်ထဲ နာမည်ဂုဏ်သတင်း တိုးတက်လိမ့်မည်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် စနေ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူများ အမှုအခင်းမြင်ပါတယ်။အထူးသဖြင့် ငွေကြေး၊ ကား စသည့်ကိစ္စများမှာ ဝင်အာမခံခြင်းရှောင်ပါ။လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ပတ်သက်၍ ကောင်းသောအကျိုးဆက်များရမည်။အကြီးအကဲများထံမှ အထောက်အကူများရမည်။အလုပ်မရှိသူများ အလုပ်ရမည်။လုပ်ငန်းရှိသူ တိုးတက်မည်။အလုပ်ထဲမှာ အတိုက်အခံရှိနေပေမယ့် တဖြည်းဖြည်းပြေလည်သွားပါလိမ့်မယ်။အလုပ်နဲ့ပတ်သက်ပြီး ပြည်တွင်း ပြည်ပ ခရီးထွက်ရတတ်ပါတယ်။
ကောင်းသောခရီးသွားလာခြင်း ဖြစ်လာပါလိမ့်မယ်။ကျန်းမာရေးကတော့ မတည့်တဲ့အစာတွေကြောင့် အစာမှားတတ်ပါတယ်။ပညာရေးကတော့ မထင်မှတ်ဘဲ အာရုံလျော့ရင် အဖျားရှူးကိန်းမြင်ပါတယ်။အိမ်ထောင်ရှင်၊ ချစ်သူတွေအတွက် စကားများများပြောတာ ရှောင်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်းဆပ်ကပ်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ထီးသင်္ကန်းငွေကြေးကို ရဟန်းသံဃာတွေကို စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ စနေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန်  စနေနံအသုံးအဆောင်များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။  

ထီကံကောင်းလိုသူများ ။     ။ သင့်လမ်းထိပ်ထီဆိုင်တွင် ကလေးငယ်ရွေးပေးသည့်ထီကို ထိုးလိုက်ပါ။

( Zawgyi )

အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနတဲ့ ေငြေၾကးကိစၥေတြ ဒီရက္ပိုင္းမွာ ေျပလည္ပါၿပီ။လုပ္ငန္းခြင္ထဲ နာမည္ဂုဏ္သတင္း တိုးတက္လိမ့္မည္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ စေန သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။သူတစ္ပါးကိစၥ ဝင္အာမခံတတ္သူမ်ား အမႈအခင္းျမင္ပါတယ္။အထူးသျဖင့္ ေငြေၾကး၊ ကား စသည့္ကိစၥမ်ားမွာ ဝင္အာမခံျခင္းေရွာင္ပါ။လူမ်ိဳးကြဲ၊ လူမ်ိဳးျခားမ်ားႏွင့္ ပတ္သက္၍ ေကာင္းေသာအက်ိဳးဆက္မ်ားရမည္။အႀကီးအကဲမ်ားထံမွ အေထာက္အကူမ်ားရမည္။အလုပ္မရွိသူမ်ား အလုပ္ရမည္။လုပ္ငန္းရွိသူ တိုးတက္မည္။အလုပ္ထဲမွာ အတိုက္အခံရွိေနေပမယ့္ တျဖည္းျဖည္းေျပလည္သြားပါလိမ့္မယ္။အလုပ္နဲ႔ပတ္သက္ၿပီး ျပည္တြင္း ျပည္ပ ခရီးထြက္ရတတ္ပါတယ္။
ေကာင္းေသာခရီးသြားလာျခင္း ျဖစ္လာပါလိမ့္မယ္။က်န္းမာေရးကေတာ့ မတည့္တဲ့အစာေတြေၾကာင့္ အစာမွားတတ္ပါတယ္။ပညာေရးကေတာ့ မထင္မွတ္ဘဲ အာ႐ုံေလ်ာ့ရင္ အဖ်ားရႉးကိန္းျမင္ပါတယ္။အိမ္ေထာင္ရွင္၊ ခ်စ္သူေတြအတြက္ စကားမ်ားမ်ားေျပာတာ ေရွာင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီးဆြမ္းဆပ္ကပ္ကာ ေမတၱာသုတ္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီးသကၤန္းေငြေၾကးကို ရဟန္းသံဃာေတြကို စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ စေနေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္  စေနနံအသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္လမ္းထိပ္ထီဆိုင္တြင္ ကေလးငယ္ေ႐ြးေပးသည့္ထီကို ထိုးလိုက္ပါ။