【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ငွေရွှင်တဲ့အချိန်ကာလကို ရောက်နေပါပြီ။ယခုတစ်ပတ်မှာ ငွေရပေါက်ရလမ်းမှန်သမျှ လက်ရှောင်ရမယ့်အချိန်အခါ မဟုတ်တော့ပါဘူး။ငွေကံကတော့ အထူးပြောစရာမလိုတော့ပါဘူး။ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တိုင်ပင်မယ်ဆိုရင် အင်္ဂါသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။
ယခုကာလအတွင်း လူမျိုးခြားနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေ အောင်မြင်တတ်တဲ့ကာလပါ။ဘာသာရေးနဲ့ တွဲပြီးလုပ်ရင် သင့်အတွက် အောင်မြင်မှုက တည်မြဲကြာရှည်ပါလိမ့်မယ်။ခရီးကံရှိနေလို့ ပြည်တွင်း ပြည်ပ ခရီးစဉ်ကောင်းတွေ သွားရတတ်ပါတယ်။ယခုကာလမှာ မိတ်ရင်းဆွေရင်းတွေက အထင်လွဲတတ်ပါတယ်။သတိထားပါ။လျှပ်စစ်လုပ်ငန်း၊ ကားအရောင်းအဝယ်လုပ်ငန်း၊ အောင်မြင်တတ်တဲ့ အချိန်အခါပါ။စပ်တူအလုပ်တွေ၊ စာချုပ်စာတမ်းကိစ္စတွေကတော့ သတိထားရမယ့် ကာလပါ။ကျန်းမာရေးကတော့ ဒီရက်ပိုင်း ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ ထင်သလောက် ခရီးမရောက်သေးပါဘူး။အိမ်ထောင်ရှင်များ မကြာခဏစကားများတတ်ပေမယ့် ငယ်ရွယ်သူများကတော့ ဒီကာလအတွင်း စိတ်ကြည်နူးစရာတွေနဲ့ ပျော်ဖို့ကောင်းနေပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ နံနက်အိပ်ယာထလျှင် ဘုရားအား သောက်တော်ရေနှင့် ဆွမ်းကပ်ပြီးနောက် အိမ်ရှေ့ရေဖြန်းရင်း ဒိဝါတပတိဂါထာ ၉ ခေါက်ရအောင် ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော အာရုံဆွမ်းခံကြွသည့် သံဃာတော်များကို သောက်ရေကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ မိမိလိုချင်သည့် အလုပ်ကို စာရွက်အလွတ်တစ်ခုပေါ် ချရေးပြီး ခေါင်းအုံးအောက် ထည့်အိပ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ယခုတစ်ပတ်လုံး နှစ်ဦးနေနံသင့်ပန်းကို အိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားသို့ကပ်လှူပါ။ပန်းမနွမ်းပါစေနှင့်။

လူမှုရေးအတိုက်အခံများသူများ ။     ။ သရဏဂုံဆောက်တည်ပြီးမှ အိပ်ယာဝင်ပါ။အိပ်ယာထပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲတွင် နာမကျန်းသည့် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ အိမ်နားတွင်ရှိသည့် ထီဆိုင်မှ ၂/၃ ဂဏန်းများပါသည့် ထီလက်မှတ်ကို ရွေးထိုးပါ။
( Zawgyi )
သင့္အတြက္ ေငြ႐ႊင္တဲ့အခ်ိန္ကာလကို ေရာက္ေနပါၿပီ။ယခုတစ္ပတ္မွာ ေငြရေပါက္ရလမ္းမွန္သမွ် လက္ေရွာင္ရမယ့္အခ်ိန္အခါ မဟုတ္ေတာ့ပါဘူး။ေငြကံကေတာ့ အထူးေျပာစရာမလိုေတာ့ပါဘူး။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တိုင္ပင္မယ္ဆိုရင္ အဂၤါသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။
ယခုကာလအတြင္း လူမ်ိဳးျခားနဲ႔ တြဲလုပ္ရတဲ့ အလုပ္ေတြ ေအာင္ျမင္တတ္တဲ့ကာလပါ။ဘာသာေရးနဲ႔ တြဲၿပီးလုပ္ရင္ သင့္အတြက္ ေအာင္ျမင္မႈက တည္ၿမဲၾကာရွည္ပါလိမ့္မယ္။ခရီးကံရွိေနလို႔ ျပည္တြင္း ျပည္ပ ခရီးစဥ္ေကာင္းေတြ သြားရတတ္ပါတယ္။ယခုကာလမွာ မိတ္ရင္းေဆြရင္းေတြက အထင္လြဲတတ္ပါတယ္။သတိထားပါ။လွ်ပ္စစ္လုပ္ငန္း၊ ကားအေရာင္းအဝယ္လုပ္ငန္း၊ ေအာင္ျမင္တတ္တဲ့ အခ်ိန္အခါပါ။စပ္တူအလုပ္ေတြ၊ စာခ်ဳပ္စာတမ္းကိစၥေတြကေတာ့ သတိထားရမယ့္ ကာလပါ။က်န္းမာေရးကေတာ့ ဒီရက္ပိုင္း ဝမ္းနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ ထင္သေလာက္ ခရီးမေရာက္ေသးပါဘူး။အိမ္ေထာင္ရွင္မ်ား မၾကာခဏစကားမ်ားတတ္ေပမယ့္ ငယ္႐ြယ္သူမ်ားကေတာ့ ဒီကာလအတြင္း စိတ္ၾကည္ႏူးစရာေတြနဲ႔ ေပ်ာ္ဖို႔ေကာင္းေနပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ နံနက္အိပ္ယာထလွ်င္ ဘုရားအား ေသာက္ေတာ္ေရႏွင့္ ဆြမ္းကပ္ၿပီးေနာက္ အိမ္ေရွ႕ေရျဖန္းရင္း ဒိဝါတပတိဂါထာ ၉ ေခါက္ရေအာင္ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ အာ႐ုံဆြမ္းခံႂကြသည့္ သံဃာေတာ္မ်ားကို ေသာက္ေရကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ မိမိလိုခ်င္သည့္ အလုပ္ကို စာ႐ြက္အလြတ္တစ္ခုေပၚ ခ်ေရးၿပီး ေခါင္းအုံးေအာက္ ထည့္အိပ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ယခုတစ္ပတ္လုံး ႏွစ္ဦးေနနံသင့္ပန္းကို အိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားသို႔ကပ္လႉပါ။ပန္းမႏြမ္းပါေစႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ သရဏဂုံေဆာက္တည္ၿပီးမွ အိပ္ယာဝင္ပါ။အိပ္ယာထပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲတြင္ နာမက်န္းသည့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ အိမ္နားတြင္ရွိသည့္ ထီဆိုင္မွ ၂/၃ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကို ေ႐ြးထိုးပါ။