【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အောင်မြင်လိုသော ကိစ္စအဝဝအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။ယခုရက်ပိုင်းအတွင်း ငွေကြေးက တအားဝင်ပြီး တအားထွက်နေလို့ အဖတ်မတင် ဖြစ်နေပါလိမ့်မယ်။ဒီရက်တွေမှာ သွေးရင်းသားရင်း မိသားစုဝင်တွေ အကူအညီကြောင့် ရှိနေတဲ့ အခက်အခဲတွေ ပြေလည်သွားပါမယ်။ဒီအချိန်မှာ လုပ်ငန်းသစ် စတာတွေ၊ အလုပ်ပြောင်းတာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါကောင်းပါ။စီစဉ်ထားတဲ့ ပြည်တွင်းပြည်ပခရီးတွေ ထွက်ဖြစ်သွားဖြစ်ပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းရှင်တွေ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ မြေအရောင်းအဝယ်တွေ အလုပ်ပြန်ဖြစ်မယ့် ကာလဖြစ်ပေမယ့် စပ်တူအလုပ်ကိုတော့ရှောင်ပါ။
ဘာလုပ်လုပ် တစ်ခါတည်းမပြီးတာ ဒီအချိန်ကာလပါ။ဒီကာလမှာ အပြိုင်အဆိုင်များလို့ ရန်များတတ်ပါတယ်။ကျန်းမာရေးကတော့ ညံ့တတ်လို့ သတိထားသင့်ပါတယ်။ပညာသင်နေတဲ့သူတွေ လုပ်ငန်းခွင်ထဲ ပညာတော်သင် မျှော်မှန်းနေတဲ့သူတွေ မထင်မှတ်ဘဲ နိုင်ငံခြားပညာသင်ကိန်း ရှိနေပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက် ပြည့်စုံပါမယ်။
ရေလမ်းခရီးရှောင်ပါ။အိမ်ထောင်ရှင်များ၊ ချစ်သူတွေကတော့ ဒီရက်ပိုင်း ပူပန်ရတာတွေ၊ အထစ်အငေါ့တွေ ရှိပေမယ့် ပြန်ပြေလည်သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ထန်းညက်ဖြင့် ဆွမ်းကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော တန်းဆွမ်းကြွသည့် သံဃာတော်များကို သကြားသာကူ ကပ်လှူပူဇော်ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်အနီး ဘုရားစေတီရှိ တနင်္လာထောင့်တွင် ဒိဝါတပတိဂါထာ သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ရှင်နှစ်ဦး နေ့နံပါသည့် ပန်းကို အိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မကြာခဏ ဘုရားစေတီများသို့ နံနက်စောစောသွားကာ ရင်ပြင်၊ စင်္ကြန်လမ်းများကို သန့်ရှင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲ နွမ်းပါးသူ၊ ကိုယ်ဝန်ဆောင်များကို ဆေးဝါးငွေကြေး ထောက်ပံ့ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မွေးနေ့မွေးရက် နံနက်စောစောတွင် အရှေ့အရပ်မှ ထီဆိုင်သို့သွားကာ ၄ ဂဏန်း အပူးပါသည့်  ထီလက်မှတ်ကိုထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး စတဲ့ ေအာင္ျမင္လိုေသာ ကိစၥအဝဝအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။ယခုရက္ပိုင္းအတြင္း ေငြေၾကးက တအားဝင္ၿပီး တအားထြက္ေနလို႔ အဖတ္မတင္ ျဖစ္ေနပါလိမ့္မယ္။ဒီရက္ေတြမွာ ေသြးရင္းသားရင္း မိသားစုဝင္ေတြ အကူအညီေၾကာင့္ ရွိေနတဲ့ အခက္အခဲေတြ ေျပလည္သြားပါမယ္။ဒီအခ်ိန္မွာ လုပ္ငန္းသစ္ စတာေတြ၊ အလုပ္ေျပာင္းတာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါေကာင္းပါ။စီစဥ္ထားတဲ့ ျပည္တြင္းျပည္ပခရီးေတြ ထြက္ျဖစ္သြားျဖစ္ပါလိမ့္မယ္။စီးပြားေရးလုပ္ငန္းရွင္ေတြ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္သူေတြ ေျမအေရာင္းအဝယ္ေတြ အလုပ္ျပန္ျဖစ္မယ့္ ကာလျဖစ္ေပမယ့္ စပ္တူအလုပ္ကိုေတာ့ေရွာင္ပါ။
ဘာလုပ္လုပ္ တစ္ခါတည္းမၿပီးတာ ဒီအခ်ိန္ကာလပါ။ဒီကာလမွာ အၿပိဳင္အဆိုင္မ်ားလို႔ ရန္မ်ားတတ္ပါတယ္။က်န္းမာေရးကေတာ့ ညံ့တတ္လို႔ သတိထားသင့္ပါတယ္။ပညာသင္ေနတဲ့သူေတြ လုပ္ငန္းခြင္ထဲ ပညာေတာ္သင္ ေမွ်ာ္မွန္းေနတဲ့သူေတြ မထင္မွတ္ဘဲ ႏိုင္ငံျခားပညာသင္ကိန္း ရွိေနပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ ျပည့္စုံပါမယ္။
ေရလမ္းခရီးေရွာင္ပါ။အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူေတြကေတာ့ ဒီရက္ပိုင္း ပူပန္ရတာေတြ၊ အထစ္အေငါ့ေတြ ရွိေပမယ့္ ျပန္ေျပလည္သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ထန္းညက္ျဖင့္ ဆြမ္းကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ တန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားကို သၾကားသာကူ ကပ္လႉပူေဇာ္ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္အနီး ဘုရားေစတီရွိ တနလၤာေထာင့္တြင္ ဒိဝါတပတိဂါထာ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ရွင္ႏွစ္ဦး ေန႔နံပါသည့္ ပန္းကို အိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မၾကာခဏ ဘုရားေစတီမ်ားသို႔ နံနက္ေစာေစာသြားကာ ရင္ျပင္၊ စၾကၤန္လမ္းမ်ားကို သန႔္ရွင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ၊ ကိုယ္ဝန္ေဆာင္မ်ားကို ေဆးဝါးေငြေၾကး ေထာက္ပံ့ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္ နံနက္ေစာေစာတြင္ အေရွ႕အရပ္မွ ထီဆိုင္သို႔သြားကာ ၄ ဂဏန္း အပူးပါသည့္  ထီလက္မွတ္ကိုထိုးပါ။