【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်  လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်မှ အဆင်ပြေပါလိမ့်မယ်။ဒီရက်အတွင်း အတိုက်အခံများတဲ့ သင့်အတွက် အရာရာကို စိတ်တထစ်လျှော့ပြီး ဆက်ဆံတာ အကောင်းဆုံး ဖြစ်ပါတယ်။အရောင်းအဝယ်သမားတွေအတွက်ကတော့ အဆင်မချော ဖြစ်တတ်လို့ ဘာကိစ္စမဆို အလောတကြီးမလုပ်ဘဲ ခေါင်းသုံးပြီး အေးအေးဆေးဆေး လုပ်သင့်ပါတယ်။ းဒါပေမယ့် ဒီကာလမှ လူမျိုးခြားနဲ့ တွဲလုပ်ရတဲ့ စပ်တူလုပ်တဲ့ ကိစ္စတွေ စလုပ်တာ အကောင်းဆုံးပါ။စာချုပ်စာတမ်းကိစ္စတွေ အိမ်ရောင်း အိမ်ဝယ် အလုပ်တွေ ခက်ခဲပေမယ့် အဆင်ပြေတတ်ပါတယ်။လုပ်ငန်းတိုးချဲ့တာနဲ့ တခြားအရေးကြီးကိစ္စတွေမှာ ကြီးကဲသူတို့ အကူအညီပေးပါလိမ့်မယ်။အရောင်းအဝယ်သမားတွေ အဆင်မချော ဖြစ်တတ်လို့ အလောတကြီးမလုပ်ဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်သင့်ပါတယ်။နိုင်ငံရပ်ခြားက လူမျိုးခြားအကူအညီ မထင်မှတ်ထားဘဲ ရတတ်ပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီးလိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ အဆစ်အမြစ်ကိုက်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်လို့ အညောင်းထိုင်သမား ဂရုစိုက်သင့်ပါတယ်။အိမ်ထောင်ရှင်များအတွက်ကတော့ ဒီကာလမှာ ပျော်ရွင်စရာ တွေ ဆိုက်ရောက်လာပါလိမ့်ပေမယ့် ချစ်သူများအကြားမျာတော့ စိတ်ဆိုးစိတ်ကောက်စရာတွေနဲ့ တစ်နေ့နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတဲ့ ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ဗုဒ္ဓဟူးနံ ပန်း၊ အသီး၊ အညွှန့်များဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ယခုတစ်ပတ်အတွင်း သံဃာတော်များကို နံနက်စောစောထ၍ တန်းဆွမ်းလောင်းလှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားရှင်အား နံနက်စောစော သောက်တော်ရေချမ်းကပ်၍ ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း အိတ်ထဲတွင် ရည်ရွယ်သူဓာတ်ပုံကို ထည့် ထားကာ အချိန်ရတိုင်း မေတ္တာပို့ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နံနက်တစ်ခါ ညတစ်ခါ ဘုရားရှင်ရှေ့တွင် အရဟံဂုဏ်တော် သက်စေ့ ပုတီးစိပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများ ထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ဗုဒ္ဓဟူးနံအက္ခရာပါသော ထီလက်မှတ်တွင် ၄ အစ ၂ အဆုံး ဂဏန်းပါသည့် ထီကိုထိုးပါ။
( Zawgyi )
ယခုတစ္ပတ္  လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္မွ အဆင္ေျပပါလိမ့္မယ္။ဒီရက္အတြင္း အတိုက္အခံမ်ားတဲ့ သင့္အတြက္ အရာရာကို စိတ္တထစ္ေလွ်ာ့ၿပီး ဆက္ဆံတာ အေကာင္းဆုံး ျဖစ္ပါတယ္။အေရာင္းအဝယ္သမားေတြအတြက္ကေတာ့ အဆင္မေခ်ာ ျဖစ္တတ္လို႔ ဘာကိစၥမဆို အေလာတႀကီးမလုပ္ဘဲ ေခါင္းသုံးၿပီး ေအးေအးေဆးေဆး လုပ္သင့္ပါတယ္။ းဒါေပမယ့္ ဒီကာလမွ လူမ်ိဳးျခားနဲ႔ တြဲလုပ္ရတဲ့ စပ္တူလုပ္တဲ့ ကိစၥေတြ စလုပ္တာ အေကာင္းဆုံးပါ။စာခ်ဳပ္စာတမ္းကိစၥေတြ အိမ္ေရာင္း အိမ္ဝယ္ အလုပ္ေတြ ခက္ခဲေပမယ့္ အဆင္ေျပတတ္ပါတယ္။လုပ္ငန္းတိုးခ်ဲ႕တာနဲ႔ တျခားအေရးႀကီးကိစၥေတြမွာ ႀကီးကဲသူတို႔ အကူအညီေပးပါလိမ့္မယ္။အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာ ျဖစ္တတ္လို႔ အေလာတႀကီးမလုပ္ဘဲ ေအးေအးေဆးေဆး ေခါင္းသုံးလုပ္သင့္ပါတယ္။ႏိုင္ငံရပ္ျခားက လူမ်ိဳးျခားအကူအညီ မထင္မွတ္ထားဘဲ ရတတ္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီးလိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ အဆစ္အျမစ္ကိုက္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္လို႔ အေညာင္းထိုင္သမား ဂ႐ုစိုက္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ားအတြက္ကေတာ့ ဒီကာလမွာ ေပ်ာ္႐ြင္စရာ ေတြ ဆိုက္ေရာက္လာပါလိမ့္ေပမယ့္ ခ်စ္သူမ်ားအၾကားမ်ာေတာ့ စိတ္ဆိုးစိတ္ေကာက္စရာေတြနဲ႔ တစ္ေန႔ေန႔ေ႐ႊ တစ္ေန႔ေငြ ျဖစ္ေနတဲ့ ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ဗုဒၶဟူးနံ ပန္း၊ အသီး၊ အၫႊန႔္မ်ားျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ယခုတစ္ပတ္အတြင္း သံဃာေတာ္မ်ားကို နံနက္ေစာေစာထ၍ တန္းဆြမ္းေလာင္းလႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားရွင္အား နံနက္ေစာေစာ ေသာက္ေတာ္ေရခ်မ္းကပ္၍ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း အိတ္ထဲတြင္ ရည္႐ြယ္သူဓာတ္ပုံကို ထည့္ ထားကာ အခ်ိန္ရတိုင္း ေမတၱာပို႔ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ နံနက္တစ္ခါ ညတစ္ခါ ဘုရားရွင္ေရွ႕တြင္ အရဟံဂုဏ္ေတာ္ သက္ေစ့ ပုတီးစိပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ား ထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ဗုဒၶဟူးနံအကၡရာပါေသာ ထီလက္မွတ္တြင္ ၄ အစ ၂ အဆုံး ဂဏန္းပါသည့္ ထီကိုထိုးပါ။