【 ဗေဒင် 】 တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အလုပ်ထဲ ဖိအားတွေများလို မပျော်မရွှင်ဖြစ်တတ်ပါတယ်။ အရာရာတိုင်း ကို စဉ်းစားချင့် ချိန်ပြီးမှ လုပ်ပါ။ ဒါပေမယ့် အလုပ်ထဲမှာ ဂုဏ်သတင်းတက်စရာ ၊ရာထူးတက်စရာတွေ ကြုံရကိန်း ရှိပါတယ်။ ဒီကာလမှာ အလုပ်နဲ့ နေရာထိုင်ခင်း အပြောင်းအလဲတစ်စုံတစ်ရာ မလုပ်တာ အကောင်း ဆုံးပါပဲ။ ငွေကြေးနဲ့ ပတ်သက်ပြီး တော့ စိတ်ညစ်စရာ ကြုံလာနိုင်တဲ့အခိုက်အတန့်ဖြစ်လို့ ငွေကြေးကို စနစ်တကျ သုံးစွဲ သင့် တဲ့ ကာလပါ။ ဒီရက်အတွင်း လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင် လိုသော ကိစ္စများအတွက် သောကြာသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ စပ်တူလုပ်တဲ့ ကိစ ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ ရပ်ခြားက လူမျိုးခြား အကူအညီ ပေးတတ်ပါတယ်။ မိသားစု အတွင်း အလှူအတန်းကိစ္စတွေပေါ် ပေါက် တတ်ပါတယ်။ ပညာရေးကတော့ အညံပိုင်းထဲရောက်နေ လို့ ကြိုးစားမှ လိုရာရောက် မှာ ပါ။ ကျန်းမာရေးကတော့ ကောင်းနေပမယ့် ရင်၊ခေါင်းစတဲ့ ရောဂါတွေ ဖြစ်တတ်ပါ တယ်။ အိမ်ထောင်ရှင်များ နီးတကျက်ကျက် ဖြစ်တတ်ပေမယ့့် ချစ်သူများအကြား ကြည်နူး စရာတွေ မထင်မှတ်ဘဲ ပျော်ရတာတွေ ကြုံရတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား သောကြာနံ အသီး အရွက် အညွှန့်ပန်း များဖြင့် ယခုတစ်ပတ်လုံး ပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ။ ။ နေအိမ်ရှိရာအရပ်မှ ဘုန်းကြီးကျောင်းတွင် သံဃာတော် များ ကို အာရုဏ် ဆွမ်းကပ်လှူပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား နံနက် စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ကာ ဂုဏ်တော်ပုတီး ၃ ပတ်ရအောင် စိပ်ပေးပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ ဒီရက်ပိုင်း အိတ်ထဲတွင် ရည်ရွယ် သူဓာတ်ပုံကို အမြဲထည့်ထားပါ။သတိရသည်နှင့် မေတ္တာပို့ပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ။ ။မနက်မိုးလင်းကတည်းက ဘုရားရှင်ရှေ့တွင် အရဟံသက်စေ့ ပုတီး ၉ ပတ်စိပ်ပြီးမှ တခြားပြုဖွယ်ကိစ္စများ ပြုလုပ်ပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးထဲသွားရင်း ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲ ဝယ်ကာ ရေထဲ သို့ လွှတ်ပေးပါ။
 
ထီကံကောင်းလိုသူများ။ ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂ အစ ၆ အဆုံး ထီလက်မှတ်ကို ရှာထိုးပါ။
 
(  Zawgyi  )
 
 ဒီရက္ပိုင္း အလုပ္ထဲ ဖိအားေတြမ်ားလို မေပ်ာ္မ႐ႊင္ျဖစ္တတ္ပါတယ္။ အရာရာတိုင္း ကို စဥ္းစားခ်င့္ ခ်ိန္ၿပီးမွ လုပ္ပါ။ ဒါေပမယ့္ အလုပ္ထဲမွာ ဂုဏ္သတင္းတက္စရာ ၊ရာထူးတက္စရာေတြ ႀကဳံရကိန္း ရွိပါတယ္။ ဒီကာလမွာ အလုပ္နဲ႔ ေနရာထိုင္ခင္း အေျပာင္းအလဲတစ္စုံတစ္ရာ မလုပ္တာ အေကာင္း ဆုံးပါပဲ။ ေငြေၾကးနဲ႔ ပတ္သက္ၿပီး ေတာ့ စိတ္ညစ္စရာ ႀကဳံလာႏိုင္တဲ့အခိုက္အတန႔္ျဖစ္လို႔ ေငြေၾကးကို စနစ္တက် သုံးစြဲ သင့္ တဲ့ ကာလပါ။ ဒီရက္အတြင္း လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္ လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ စပ္တူလုပ္တဲ့ ကိစ ၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ ရပ္ျခားက လူမ်ိဳးျခား အကူအညီ ေပးတတ္ပါတယ္။ မိသားစု အတြင္း အလႉအတန္းကိစၥေတြေပၚ ေပါက္ တတ္ပါတယ္။ ပညာေရးကေတာ့ အညံပိုင္းထဲေရာက္ေန လို႔ ႀကိဳးစားမွ လိုရာေရာက္ မွာ ပါ။ က်န္းမာေရးကေတာ့ ေကာင္းေနပမယ့္ ရင္၊ေခါင္းစတဲ့ ေရာဂါေတြ ျဖစ္တတ္ပါ တယ္။ အိမ္ေထာင္ရွင္မ်ား နီးတက်က္က်က္ ျဖစ္တတ္ေပမယ့့္ ခ်စ္သူမ်ားအၾကား ၾကည္ႏူး စရာေတြ မထင္မွတ္ဘဲ ေပ်ာ္ရတာေတြ ႀကဳံရတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား ေသာၾကာနံ အသီး အ႐ြက္ အၫႊန႔္ပန္း မ်ားျဖင့္ ယခုတစ္ပတ္လုံး ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ေနအိမ္ရွိရာအရပ္မွ ဘုန္းႀကီးေက်ာင္းတြင္ သံဃာေတာ္ မ်ား ကို အာ႐ုဏ္ ဆြမ္းကပ္လႉပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား နံနက္ ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ကာ ဂုဏ္ေတာ္ပုတီး ၃ ပတ္ရေအာင္ စိပ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ဒီရက္ပိုင္း အိတ္ထဲတြင္ ရည္႐ြယ္ သူဓာတ္ပုံကို အၿမဲထည့္ထားပါ။သတိရသည္ႏွင့္ ေမတၱာပို႔ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။မနက္မိုးလင္းကတည္းက ဘုရားရွင္ေရွ႕တြင္ အရဟံသက္ေစ့ ပုတီး ၉ ပတ္စိပ္ၿပီးမွ တျခားျပဳဖြယ္ကိစၥမ်ား ျပဳလုပ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးထဲသြားရင္း ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲ ဝယ္ကာ ေရထဲ သို႔ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂ အစ ၆ အဆုံး ထီလက္မွတ္ကို ရွာထိုးပါ။