【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း ကံအညံ့လေးတွေများနေတတ်သလို အနှောင့်အယှက်တွေလည်း ရှိနေတတ်ပါတယ်။ငွေဝင်ကောင်းနေသလို ငွေထွက်လည်းကောင်းနေလို့ ရသမျှအဖတ်မတင်တတ်ပါဘူး။ယခုရက်ပိုင်းအတွင်း ဗုဒ္ဓဟူး သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ဒီရက်ပိုင်း စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။လူမျိုးခြား ဘာသာခြားတွေနဲ့ လုပ်တဲ့အလုပ်တွေ၊ စပ်တူကိစ္စတွေ၊ စာချုပ်ကိစ္စတွေ ခေတ္တရပ်ထားပါဦး။ကုန်ရောင်း ကုန်ဝယ်အလုပ်တွေ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ၊ အသီးအနှံရောင်းဝယ်သူတွေ အဆင်ပြေမယ့် အချိန်ကာလပါ။ခရီးထွက်ရတာတွေ ဘာသာရေးလုပ်ရတာတွေ ယခုတစ်ပတ်မှာပေါ်တတ်ပါတယ်။ပညာရေးကံကကောင်းပေမယ့် ပန်းအဝင်မှာ ခြေချော်တတ်လို့ သတိထားနေသင့်ပါတယ်။ကျန်းမာရေးမှာ အစာအိမ်၊ ဆီး ဒုက္ခပေးတတ်ပါတယ်။အိမ်ထောင်ရှင်များ ဘာမဟုတ်တာနဲ့စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။သမီးရည်းစားများ ချစ်သူနဲ့ စကားများကိန်းရှိပြီး အဆင်မပြေတတ်တဲ့ကာလပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ဘုရားအား ယခုတစ်ပတ်လုံး စိန်ပန်း၊ ဆီးသီး စသည်တို့ဖြင့် သစ်သီးဆွမ်း ကပ်လှူပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ ကိုယ့်ဆီ လာအလှူခံသည်ကို မငြင်းဘဲ နိုင်သလောက်လှူပြီးစိတ်က ထွက်ပြီထွက်ပြီဟု ရွတ်ဆိုပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။စေတီပုထိုးများ၏ အင်္ဂါထောင့်တွင် အရဟံဂုဏ်တော်ကို သက်စေ့အဓိဋ္ဌာန်ပုတီးစိပ်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် စက်ပစ္စည်းအဟောင်းအပျက်များရှိနေပါက ဖယ်ရှားပေးပါ။အထူးသဖြင့် ကုတင်အောက်တွင်ရှိပါက အမြန်ဆုံးဖယ်ရှားပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီ ရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်းကသင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။
 
ကျန်းမာရေးမကောင်းသူများ ။ ။ သွားရင်းလာရင်း ရေသတ္တဝါအရှင်များတွေ့ပါက ဝယ်ကာ လွှတ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ မွေးနေ့တွင် လမ်းသွားရင်းတွေ့သည့် ထီဆိုင်၌ ၁/၄ စသည့် ဂဏန်းတွဲများများပါသည့် ထီလက်မှတ်ကို ရှာထိုးပေးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္းအတြင္း ကံအညံ့ေလးေတြမ်ားေနတတ္သလို အေႏွာင့္အယွက္ေတြလည္း ရွိေနတတ္ပါတယ္။ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းေကာင္းေနလို႔ ရသမွ်အဖတ္မတင္တတ္ပါဘူး။ယခုရက္ပိုင္းအတြင္း ဗုဒၶဟူး သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ဒီရက္ပိုင္း စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ျဖစ္တတ္ပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္ရတတ္ပါတယ္။လူမ်ိဳးျခား ဘာသာျခားေတြနဲ႔ လုပ္တဲ့အလုပ္ေတြ၊ စပ္တူကိစၥေတြ၊ စာခ်ဳပ္ကိစၥေတြ ေခတၱရပ္ထားပါဦး။ကုန္ေရာင္း ကုန္ဝယ္အလုပ္ေတြ၊ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြ၊ အသီးအႏွံေရာင္းဝယ္သူေတြ အဆင္ေျပမယ့္ အခ်ိန္ကာလပါ။ခရီးထြက္ရတာေတြ ဘာသာေရးလုပ္ရတာေတြ ယခုတစ္ပတ္မွာေပၚတတ္ပါတယ္။ပညာေရးကံကေကာင္းေပမယ့္ ပန္းအဝင္မွာ ေျခေခ်ာ္တတ္လို႔ သတိထားေနသင့္ပါတယ္။က်န္းမာေရးမွာ အစာအိမ္၊ ဆီး ဒုကၡေပးတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ဘာမဟုတ္တာနဲ႔စိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္ပါတယ္။သမီးရည္းစားမ်ား ခ်စ္သူနဲ႔ စကားမ်ားကိန္းရွိၿပီး အဆင္မေျပတတ္တဲ့ကာလပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ဘုရားအား ယခုတစ္ပတ္လုံး စိန္ပန္း၊ ဆီးသီး စသည္တို႔ျဖင့္ သစ္သီးဆြမ္း ကပ္လႉေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ကိုယ့္ဆီ လာအလႉခံသည္ကို မျငင္းဘဲ ႏိုင္သေလာက္လႉၿပီးစိတ္က ထြက္ၿပီထြက္ၿပီဟု ႐ြတ္ဆိုေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ေစတီပုထိုးမ်ား၏ အဂၤါေထာင့္တြင္ အရဟံဂုဏ္ေတာ္ကို သက္ေစ့အဓိ႒ာန္ပုတီးစိပ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ စက္ပစၥည္းအေဟာင္းအပ်က္မ်ားရွိေနပါက ဖယ္ရွားေပးပါ။အထူးသျဖင့္ ကုတင္ေအာက္တြင္ရွိပါက အျမန္ဆုံးဖယ္ရွားပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီ ရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္းကသင့္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ သြားရင္းလာရင္း ေရသတၱဝါအရွင္မ်ားေတြ႕ပါက ဝယ္ကာ လႊတ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ေမြးေန႔တြင္ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္၌ ၁/၄ စသည့္ ဂဏန္းတြဲမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးေပးပါ။