【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်အတွင်း လုပ်လက်စ လုပ်ငန်းတွေအပြင် အခြားစီစဉ်ထားတဲ့ အလုပ်တွေမှာ ထင်ထားသလိုမဖြစ်တာတွေ ဖြစ်တတ်လို့ မလိုအပ်ဘဲ မလုပ်ကိုင်သင့်ပါဘူး။လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့လုပ်ကိုင်သင့်ပေမယ့် ဝန်ထမ်းတွေလည်း ကိုယ့်တာဝန်မပေးဘဲ ဝင်မလုပ်ပါနှင့်။ပြဿနာရှိတတ်ပါတယ်။သို့သော် အလုပ်အပြောင်းအရွှေ့ရှိပါက ကောင်းတတ်ပါတယ်။ဒီတစ်ပတ်မှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများမှာတော့ တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ သင့်ပါတယ်။ငွေကံကတော့ များများဝင် များများထွက်ဆိုတာ ဖြစ်နေတဲ့အတွက် ဘာသာရေးနဲ့တွဲရင် စုသင့်မိသလောက် စုမိပါလိမ့်မယ်။ယခုကာလ အတွင်း ရပ်ဝေးမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ အကူအညီရတတ်ပါတယ်။အထူးသဖြင့် ဘာသာခြား၊ လူမျိုးခြား စောင်မကူညီခံရမယ့်ကံ မြင်ပါတယ်။ခရီးကံကောင်းနေလို့ မကြာခဏခရီးထွက်ရကိန်းရှိပါတယ်။အိမ်မြေစတဲ့ ယခင်ကစီစဉ်ထားတဲ့ကိစ္စတွေ ဒီအချိန်မှာ အရောင်းအဝယ်ပြန်ဖြစ်တတ်ပါတယ်။စပ်တူအလုပ်တွေ ကောင်းပါတယ်။ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေဖြစ်တတ်ပြီး ကျန်းမာရေးက အသင့်အတင့်ပဲ ကောင်းပါတယ်။ပညာသင်နေတဲ့သူတွေကတော့ ပညာရေးကတော့ ငယ်ရွယ်သူများ စိတ်များနေတတ်လို့ သတိထားသင့်ပါတယ်။အိမ်ထောင်ရှင်များ ဒီအချိန်မှာဝေးနေရင် ပြဿနာနည်းလေဖြစ်ပြီး ငယ်ရွယ်သူများကတော့ သတင်းကောင်း ကြားရကိန်းရှိပါတယ်။

 

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒိဝါတပတိဂါထာ ကိုးခေါက်ရွတ်ဆိုပါ။

 

ပြည်ပထွက်ခွာလိုသူများ ။ ။ သံဃာတော်များအား ထီးဖိနပ်သင်္ကန်း ကပ်လှူပါ။

 

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ တနင်္လာနံဘုရားတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကို သက်စေ့ပုတီးစိပ်ပါ။

 

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် ပုလင်းအလွတ်များ၊ ရေဘူးအပျက်များကိုရှာပြီး အိမ်ဝန်းအပြင်ရောက်အောင် လွှတ်ပစ်ပါ။

 

လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုန်းကြီးကျောင်းသို့သွားကာ သင်္ကန်းလျှော်ဖွပ်ခြင်း၊ ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။ 

 

ကျန်းမာရေးမကောင်းသူများ ။ ။ မနက်စောစော လိပ်၊ ငါး စသည့်ရေသတ္တဝါများကို အစာကျွေးပါ။

 

ထီကံကောင်းလိုသူများ ။ ။ ထီထိုးရန်သွားပါက ငွေပန်းအနံ့ကိုရှုပြီး ၂/၆ ဂဏန်းများများပါသည့် ထီကိုရှာထိုးပါ။

 

( Zawgyi )

 

ယခုတစ္ပတ္အတြင္း လုပ္လက္စ လုပ္ငန္းေတြအျပင္ အျခားစီစဥ္ထားတဲ့ အလုပ္ေတြမွာ ထင္ထားသလိုမျဖစ္တာေတြ ျဖစ္တတ္လို႔ မလိုအပ္ဘဲ မလုပ္ကိုင္သင့္ပါဘူး။လုပ္ငန္းရွင္မ်ား လုပ္ငန္းတိုးခ်ဲ႕လုပ္ကိုင္သင့္ေပမယ့္ ဝန္ထမ္းေတြလည္း ကိုယ့္တာဝန္မေပးဘဲ ဝင္မလုပ္ပါႏွင့္။ျပႆနာရွိတတ္ပါတယ္။သို႔ေသာ္ အလုပ္အေျပာင္းအေ႐ႊ႕ရွိပါက ေကာင္းတတ္ပါတယ္။ဒီတစ္ပတ္မွာ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားမွာေတာ့ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ သင့္ပါတယ္။ေငြကံကေတာ့ မ်ားမ်ားဝင္ မ်ားမ်ားထြက္ဆိုတာ ျဖစ္ေနတဲ့အတြက္ ဘာသာေရးနဲ႔တြဲရင္ စုသင့္မိသေလာက္ စုမိပါလိမ့္မယ္။ယခုကာလ အတြင္း ရပ္ေဝးမိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ အကူအညီရတတ္ပါတယ္။အထူးသျဖင့္ ဘာသာျခား၊ လူမ်ိဳးျခား ေစာင္မကူညီခံရမယ့္ကံ ျမင္ပါတယ္။ခရီးကံေကာင္းေနလို႔ မၾကာခဏခရီးထြက္ရကိန္းရွိပါတယ္။အိမ္ေျမစတဲ့ ယခင္ကစီစဥ္ထားတဲ့ကိစၥေတြ ဒီအခ်ိန္မွာ အေရာင္းအဝယ္ျပန္ျဖစ္တတ္ပါတယ္။စပ္တူအလုပ္ေတြ ေကာင္းပါတယ္။ဒီရက္ပိုင္း ဒူးနာခါးနာ စတဲ့ေရာဂါေတြျဖစ္တတ္ၿပီး က်န္းမာေရးက အသင့္အတင့္ပဲ ေကာင္းပါတယ္။ပညာသင္ေနတဲ့သူေတြကေတာ့ ပညာေရးကေတာ့ ငယ္႐ြယ္သူမ်ား စိတ္မ်ားေနတတ္လို႔ သတိထားသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား ဒီအခ်ိန္မွာေဝးေနရင္ ျပႆနာနည္းေလျဖစ္ၿပီး ငယ္႐ြယ္သူမ်ားကေတာ့ သတင္းေကာင္း ၾကားရကိန္းရွိပါတယ္။

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒိဝါတပတိဂါထာ ကိုးေခါက္႐ြတ္ဆိုပါ။

 

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သံဃာေတာ္မ်ားအား ထီးဖိနပ္သကၤန္း ကပ္လႉပါ။

 

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ တနလၤာနံဘုရားတြင္ အဓိ႒ာန္ျဖင့္ အရဟံဂါထာကို သက္ေစ့ပုတီးစိပ္ပါ။

 

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ ပုလင္းအလြတ္မ်ား၊ ေရဘူးအပ်က္မ်ားကိုရွာၿပီး အိမ္ဝန္းအျပင္ေရာက္ေအာင္ လႊတ္ပစ္ပါ။

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ သကၤန္းေလွ်ာ္ဖြပ္ျခင္း၊ ကုဋီမ်ားေဆးေၾကာျခင္း ျပဳလုပ္ေပးပါ။ 

 

က်န္းမာေရးမေကာင္းသူမ်ား ။ ။ မနက္ေစာေစာ လိပ္၊ ငါး စသည့္ေရသတၱဝါမ်ားကို အစာေကြၽးပါ။

 

ထီကံေကာင္းလိုသူမ်ား ။ ။ ထီထိုးရန္သြားပါက ေငြပန္းအနံ႔ကိုရႈၿပီး ၂/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုရွာထိုးပါ။