【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သား သမီးများနှင့်တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း စိတ်တိုင်းမကျစရာတွေများနေသလို စိတ်နှစ်ခွဖြစ်စရာတွေ ရှိနေတတ်ပါတယ်။ဘာလုပ်လုပ် အလွဲလေးတွေဖြစ်တတ်ပြီး ခရီးသွားဖို့စီစဉ်ထားရင်တောင် မထင်မှတ်ဘဲအထစ်အငေါ့ဖြစ်ရတဲ့ အချိန်ကာလပါ။ဒါပေမယ့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေအတွက် လုပ်ငန်းကောင်း၊အချိန်ကောင်း ကြုံရမယ့်အချိန်ပါ။ဒီရက်တွေမှာ အဝေးက မိတ်ဆွေကောင်းတွေ ရတတ်ပါတယ်။မိသားစုနဲ့ မိတ်ကောင်းဆွေကောင်းတွေ စောင့်ရှောက်မှုရတတ်ပါတယ်။ဆိုင်သစ်၊ လုပ်ငန်းသစ် ကိစ္စတွေ အောင်မြင်တတ်သလိုနိုင်ငံခြားကအကူအညီရတတ်တဲ့ အချိန်ကာလပါ။ဒီအချိန်မှာစပ်တူကိစ္စတွေ၊ စာချုပ်နဲ့လုပ်ရတဲ့ လုပ်ငန်းတွေ၊လူမျိုးခြားနဲ့တွဲလုပ်တဲ့ အလုပ်တွေ ကောင်းပါတယ်။ကျန်းမာရေးကတော့ ခါး၊ ဝမ်း၊ အစာအိမ်ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ ကံကောင်းနေသလို နဂိုကရည်ရွယ်ထားတဲ့ ပညာသင်ခွင့်တွေ ရတတ်ပါတယ်။အိမ်ထောင်ရှင်များ အဆင်မပြေတာတွေ ပြန်ပြေလည်ပြီး ချစ်သူတွေကတော့ ကြားလူတွေကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။

 

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်       ဘုရားအား ယခုရက်သတ္တပတ်တစ်ပတ်လုံး ငွေပန်းဖြင့် ကပ်လှူပူဇော်ပေးပါ။

 

ပြည်ပထွက်ခွာလိုသူများ       မိမိသွားလိုသည့် ထောင့်အရပ်ရှိ ခွေးများအား နံနက်ဖက်တွင် အစာကျွေးပါ။

 

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ       ဘုရားတွင် တနင်္လာနံထောင့်၌ ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

 

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ       အိပ်ခန်းထဲ ဓာတ်ပုံအဟောင်းအပျက်၊ဓာတ်ဘူးအပျက်များရှိပါက နေအိမ်ပြင်ပရောက်အောင် လွှတ်ပစ်ပါ။

 

လူမှုရေးအတိုက်အခံများသူများ       တန်ခိုးကြီးဘုရားစေတီများသို့သွားကာ ဂြိုလ်နံဘုရားများကိုရေသပ္ပါယ်ပေးပါ။

 

ကျန်းမာရေးမကောင်းသူများ       ဘုရားစေတီများရှိ ဗောဓိညောင်တွင် ညောင်ထောက်ပေးပါ။

 

ထီကံကောင်းလိုသူများ       တနင်္လာနံနာမည်ပါ ထီဆိုင်တွင် / ဂဏန်းများပါသည့် ထီလက်မှတ်ကို ရှာထိုးလိုက်ပါ။

 

( Zawgyi )

 

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သား သမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း စိတ္တိုင္းမက်စရာေတြမ်ားေနသလို စိတ္ႏွစ္ခြျဖစ္စရာေတြ ရွိေနတတ္ပါတယ္။ဘာလုပ္လုပ္ အလြဲေလးေတြျဖစ္တတ္ၿပီး ခရီးသြားဖို႔စီစဥ္ထားရင္ေတာင္ မထင္မွတ္ဘဲအထစ္အေငါ့ျဖစ္ရတဲ့ အခ်ိန္ကာလပါ။ဒါေပမယ့္ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြအတြက္ လုပ္ငန္းေကာင္း၊အခ်ိန္ေကာင္း ႀကဳံရမယ့္အခ်ိန္ပါ။ဒီရက္ေတြမွာ အေဝးက မိတ္ေဆြေကာင္းေတြ ရတတ္ပါတယ္။မိသားစုနဲ႔မိတ္ေကာင္းေဆြေကာင္းေတြ ေစာင့္ေရွာက္မႈရတတ္ပါတယ္။ဆိုင္သစ္၊ လုပ္ငန္းသစ္ ကိစၥေတြ ေအာင္ျမင္တတ္သလို ႏိုင္ငံျခားကအကူအညီရတတ္တဲ့ အခ်ိန္ကာလပါ။ဒီအခ်ိန္မွာစပ္တူကိစၥေတြ၊ စာခ်ဳပ္နဲ႔လုပ္ရတဲ့ လုပ္ငန္းေတြ၊လူမ်ိဳးျခားနဲ႔တြဲလုပ္တဲ့ အလုပ္ေတြ ေကာင္းပါတယ္။က်န္းမာေရးကေတာ့ ခါး၊ ဝမ္း၊ အစာအိမ္ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနသလို နဂိုကရည္႐ြယ္ထားတဲ့ ပညာသင္ခြင့္ေတြ ရတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား အဆင္မေျပတာေတြ ျပန္ေျပလည္ၿပီး ခ်စ္သူေတြကေတာ့ ၾကားလူေတြေၾကာင့္ အဆင္မေျပျဖစ္တတ္ပါတယ္။

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္       ဘုရားအား ယခုရက္သတၱပတ္တစ္ပတ္လုံး ေငြပန္းျဖင့္ ကပ္လႉပူေဇာ္ေပးပါ။

 

ျပည္ပထြက္ခြာလိုသူမ်ား       မိမိသြားလိုသည့္ ေထာင့္အရပ္ရွိ ေခြးမ်ားအား နံနက္ဖက္တြင္ အစာေကြၽးပါ။

 

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား       ဘုရားတြင္ တနလၤာနံေထာင့္၌ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

 

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား       အိပ္ခန္းထဲ ဓာတ္ပုံအေဟာင္းအပ်က္၊ဓာတ္ဘူးအပ်က္မ်ားရွိပါက ေနအိမ္ျပင္ပေရာက္ေအာင္ လႊတ္ပစ္ပါ။

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား       တန္ခိုးႀကီးဘုရားေစတီမ်ားသို႔သြားကာ ၿဂိဳလ္နံဘုရားမ်ားကိုေရသပၸါယ္ေပးပါ။

 

က်န္းမာေရးမေကာင္းသူမ်ား       ဘုရားေစတီမ်ားရွိ ေဗာဓိေညာင္တြင္ ေညာင္ေထာက္ေပးပါ။

 

ထီကံေကာင္းလိုသူမ်ား       တနလၤာနံနာမည္ပါ ထီဆိုင္တြင္ / ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးလိုက္ပါ။