【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း မိတ်ကောင်းဆွေကောင်းတွေက သင့်အနားမှာရှိတာကလွဲလို့ အရာရာကို ကိုယ့်အားကိုယ်ကိုးဆောင်ရွက်နေရမယ့် အချိန်ကာလရောက်နေပါတယ်။စိတ်ဒွိဟဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်နေသလို မအောင်မြင်တဲ့အလုပ်တွေကြောင့် မအားမလပ်ရတဲ့အချိန်ကာလ ရောက်နေပါတယ်။ဒီကာလမှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စတွေ အောင်မြင်လိုရင် ကြာသပတေး သားသမီးတွေနဲ့သာတိုင်ပင်ပါ။ဘယ်အလုပ်မဆို စိတ်ရှည်ရှည်ထားမှ အမှားကင်းပြီး အောင်မြင်မှုရတတ်သလို လုပ်ငန်းခွင်ထဲမှာလည်း စိတ်တိုင်းမကျစရာတွေ၊ အထင်လွဲစွပ်စွဲစရာတွေ ကြုံရတတ်ပါတယ်။လုပ်ငန်းထဲ ငွေမြုပ်နေတတ်လို့ ငွေရေးကြေးရေးကျပ်တည်းနေတတ်ပါတယ်။ယခုကာလအတွင်း အိမ်ခြံမြေသမားတွေ၊ စက်ပစ္စည်းရောင်းချသူတွေ၊ အဆင်ပြေတတ်ပေမယ့် စပ်တူရှယ်ယာအလုပ်တွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးကကောင်းနေပေမယ့် အကျော အဆစ် ခါးနာ စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက်မှ ကောင်းမယ့်အချိန်ပါ။အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခွဲခွာနေထိုင်ရကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ကြာသပတေးနံ ပန်းသစ်တော်သီးကိုခွဲစိပ်ကာ ကျကျနန ဘုရားကိုကပ်လှူကာ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မနက်စောစော လဘက်ရည်ဆိုင်၊ မုန့်ဆိုင်များတွင် စားသောက်နေစဉ် ရောက်လာသည့်ချို့တဲ့သူများကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ မိမိနေ့နံထောင့်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ယခုတစ်ပတ်အတွင်း သွားရောက်ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။အချိန်ရတိုင်း မေတ္တာသုတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်စောစော လမ်းထဲသန့်ရှင်းရေးလုပ်ပေးကာ အချိန်ရတိုင်း အရဟံ၊ သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ယခုရက်သတ္တပတ်အတွင်း ရေသတ္တဝါများကို အစာကျွေးရင်း လိုရာဆုတောင်းပါ။

ထီကံကောင်းလိုသူများ ။     ။ အိမ်ရှေ့နှင့် မိမိရှေ့ရောက်လာသည့် ထီကားပေါ်မှ ကြာသပတေးနံအက္ခရာဖြင့် ၅ အပူးပါ ထီလက်မှတ်ကိုရှာထိုးပေးပါ။
( Zawgyi )
ဒီတစ္ပတ္အတြင္း မိတ္ေကာင္းေဆြေကာင္းေတြက သင့္အနားမွာရွိတာကလြဲလို႔ အရာရာကို ကိုယ့္အားကိုယ္ကိုးေဆာင္႐ြက္ေနရမယ့္ အခ်ိန္ကာလေရာက္ေနပါတယ္။စိတ္ဒြိဟျဖစ္စရာေတြ၊ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ဆက္တိုက္ျဖစ္ေနသလို မေအာင္ျမင္တဲ့အလုပ္ေတြေၾကာင့္ မအားမလပ္ရတဲ့အခ်ိန္ကာလ ေရာက္ေနပါတယ္။ဒီကာလမွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးကိစၥေတြ ေအာင္ျမင္လိုရင္ ၾကာသပေတး သားသမီးေတြနဲ႔သာတိုင္ပင္ပါ။ဘယ္အလုပ္မဆို စိတ္ရွည္ရွည္ထားမွ အမွားကင္းၿပီး ေအာင္ျမင္မႈရတတ္သလို လုပ္ငန္းခြင္ထဲမွာလည္း စိတ္တိုင္းမက်စရာေတြ၊ အထင္လြဲစြပ္စြဲစရာေတြ ႀကဳံရတတ္ပါတယ္။လုပ္ငန္းထဲ ေငြျမဳပ္ေနတတ္လို႔ ေငြေရးေၾကးေရးက်ပ္တည္းေနတတ္ပါတယ္။ယခုကာလအတြင္း အိမ္ၿခံေျမသမားေတြ၊ စက္ပစၥည္းေရာင္းခ်သူေတြ၊ အဆင္ေျပတတ္ေပမယ့္ စပ္တူရွယ္ယာအလုပ္ေတြ အက်ိဳးမေပးတတ္ပါဘူး။က်န္းမာေရးကေကာင္းေနေပမယ့္ အေက်ာ အဆစ္ ခါးနာ စတဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အာ႐ုံစိုက္မွ ေကာင္းမယ့္အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ခြဲခြာေနထိုင္ရကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ၾကာသပေတးနံ ပန္းသစ္ေတာ္သီးကိုခြဲစိပ္ကာ က်က်နန ဘုရားကိုကပ္လႉကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မနက္ေစာေစာ လဘက္ရည္ဆိုင္၊ မုန္႔ဆိုင္မ်ားတြင္ စားေသာက္ေနစဥ္ ေရာက္လာသည့္ခ်ိဳ႕တဲ့သူမ်ားကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ မိမိေန႔နံေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ယခုတစ္ပတ္အတြင္း သြားေရာက္႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။အခ်ိန္ရတိုင္း ေမတၱာသုတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္ေစာေစာ လမ္းထဲသန႔္ရွင္းေရးလုပ္ေပးကာ အခ်ိန္ရတိုင္း အရဟံ၊ သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ယခုရက္သတၱပတ္အတြင္း ေရသတၱဝါမ်ားကို အစာေကြၽးရင္း လိုရာဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ အိမ္ေရွ႕ႏွင့္ မိမိေရွ႕ေရာက္လာသည့္ ထီကားေပၚမွ ၾကာသပေတးနံအကၡရာျဖင့္ ၅ အပူးပါ ထီလက္မွတ္ကိုရွာထိုးေပးပါ။