【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း ပညာရေး၊ ဘာသာရေး ကံကောင်းနေတတ်သလို ငွေကံလည်းကောင်းနေတတ်ပါတယ်။မရတော့ဘူးလို့ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရတတ်ပါတယ်။လုပ်ငန်းသစ်တွေတိုးချဲ့တာ ဒီကာလမှာကောင်းပါတယ်။ဘုရားဖူးခရီးတွေ ထွက်ရတတ်ပါတယ်။မိတ်ကောင်းဆွေကောင်းတွေကြောင့် ခက်မယ်ထင်တဲ့အလုပ်တွေ လွယ်ကူချောမွေ့လာပါလိမ့်မယ်။ဒီရက်ပိုင်းရှောင်သင့်တာက သူများအိမ်တွင်းအပူတွေ ကိုယ့်နားလာပြောရင် ရှောင်ထွက်သွားသင့်ပါတယ်။လူမှုရေးအတိုက်အခိုက်တွေပေါ်တတ်လို့ နှုတ်ချိုဖို့လိုပါတယ်။အိမ်ဝယ် မြေဝယ် လုပ်ငန်းတွေ စပ်တူလုပ်ငန်းတွေ အောင်မြင်မှုမရနိုင်သေးပါဘူး။ကျန်းမာရေးကောင်းပေမယ့် အပူအစပ်အစာတွေကြောင့် ဒုက္ခများတတ်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာကံကောင်းဖို့ သံဃာတော်တွေကို စာအုပ်စာတမ်းတွေ လှူဒါန်းပေးပါ။ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ ချစ်သူတွေကတော့ တခဏတာ စိတ်ညစ်စရာကာလတွေပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ခုနှစ်ရက်လုံး ဘုရားပန်းမညှိုးအောင် ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ ကိုယ်သွားမည့် နိုင်ငံအမည်၏ နေ့နံပန်းကို ဘုရားတွင်ပန်းထိုးကာ လိုရာဆုတောင်းပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ အိမ်ထောင်ရှင်နှစ်ဦး၏ ဓာတ်ပုံကို ဓာတ်ဘူးအသစ်ထဲထည့်ကာ ဘုရားစင်အောက်တွင် ထားပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ရွှေရောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ ဒီတစ်ပတ်မဝတ်ပါနှင့်။တခြားသူများ အိမ်သို့လက်ဆောင်ပေးရန်ယူလာပါကလည်း လက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရား၊ ကျောင်း၊ စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာ သန့်ရှင်းရေးလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများကို ဆေးဝါးအာဟာရ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။ ။ ထီဆိုင်တွင် ၁/၇/၉ ဂဏန်းများပါသော ထီလက်မှတ်ကိုထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း ပညာေရး၊ ဘာသာေရး ကံေကာင္းေနတတ္သလို ေငြကံလည္းေကာင္းေနတတ္ပါတယ္။မရေတာ့ဘူးလို႔ထင္ထားတဲ့ ေငြေၾကးေတြ ျပန္ရတတ္ပါတယ္။လုပ္ငန္းသစ္ေတြတိုးခ်ဲ႕တာ ဒီကာလမွာေကာင္းပါတယ္။ဘုရားဖူးခရီးေတြ ထြက္ရတတ္ပါတယ္။မိတ္ေကာင္းေဆြေကာင္းေတြေၾကာင့္ ခက္မယ္ထင္တဲ့အလုပ္ေတြ လြယ္ကူေခ်ာေမြ႕လာပါလိမ့္မယ္။ဒီရက္ပိုင္းေရွာင္သင့္တာက သူမ်ားအိမ္တြင္းအပူေတြ ကိုယ့္နားလာေျပာရင္ ေရွာင္ထြက္သြားသင့္ပါတယ္။လူမႈေရးအတိုက္အခိုက္ေတြေပၚတတ္လို႔ ႏႈတ္ခ်ိဳဖို႔လိုပါတယ္။အိမ္ဝယ္ ေျမဝယ္ လုပ္ငန္းေတြ စပ္တူလုပ္ငန္းေတြ ေအာင္ျမင္မႈမရႏိုင္ေသးပါဘူး။က်န္းမာေရးေကာင္းေပမယ့္ အပူအစပ္အစာေတြေၾကာင့္ ဒုကၡမ်ားတတ္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာကံေကာင္းဖို႔ သံဃာေတာ္ေတြကို စာအုပ္စာတမ္းေတြ လႉဒါန္းေပးပါ။ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား ခ်စ္သူေတြကေတာ့ တခဏတာ စိတ္ညစ္စရာကာလေတြပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ခုႏွစ္ရက္လုံး ဘုရားပန္းမညႇိဳးေအာင္ ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ကိုယ္သြားမည့္ ႏိုင္ငံအမည္၏ ေန႔နံပန္းကို ဘုရားတြင္ပန္းထိုးကာ လိုရာဆုေတာင္းပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ အိမ္ေထာင္ရွင္ႏွစ္ဦး၏ ဓာတ္ပုံကို ဓာတ္ဘူးအသစ္ထဲထည့္ကာ ဘုရားစင္ေအာက္တြင္ ထားပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ေ႐ႊေရာင္ပစၥည္းမ်ား၊ လက္ဝတ္ရတနာမ်ား ဒီတစ္ပတ္မဝတ္ပါႏွင့္။တျခားသူမ်ား အိမ္သို႔လက္ေဆာင္ေပးရန္ယူလာပါကလည္း လက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရား၊ ေက်ာင္း၊ ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာ သန႔္ရွင္းေရးလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးအာဟာရ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ ထီဆိုင္တြင္ ၁/၇/၉ ဂဏန္းမ်ားပါေသာ ထီလက္မွတ္ကိုထိုးေပးပါ။