【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလမှာ စိတ်ဒွဟဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်စရာတွေ ကြုံရတတ် ပါတယ်။ တစ်ခုကံ ကောင်းနေတာက သင့်မိတ်ကောင်းဆွေကောင်းတွေက အခက်အခဲရှိလာပြီဆိုရင် လာကူညီတတ်တဲ့ ကံရှိနေ တာပါ။ ယခုတစ်ပတ် သင့် ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးအကြံဉာဏ် ပေးနိုင်တာက ကြာသပတေးသားသမီးတွေပါ။ ဒီတစ်ပတ်အတွင်း လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ အထင်လွဲစွပ်စွဲစရာတွေ ကြုံရ တတ်ပါ တယ်။ အလုပ်တွေ များနေပေမယ့် ဝင်ငွေက ထင်သလိုမကောင်းပါဘူး။ အခက်အခဲတွေရှိပေမယ့် အိမ်တွင်းရေးသာယာနေတတ်သလို မိသားစု ဆွေမျိုးများအတွင်းပျော်ရွှင်ရမယ့် အချိန်ကာလပါ။ ဒီကာလအတွင်း အိမ်ခြံမြေနဲ့ စပ်တူကိစ္စတွေ အစုရှယ်ယာ အလုပ်တွေ အကျိုးမပေးတတ်ပါဘူး။ ကျန်းမာရေးက ကောင်းနေပေမယ့် အကျောအဆစ် ခါးနာစတဲ့ရောဂါတွေ အဖြစ်များတတ်ပါတယ်။ ပညာရေးကတော့ အာရုံစိုက်မှ ကောင်းမယ့်အချိန်ပါ။ အိမ်ထောင်ရှင်၊ ချစ်သူအချင်း ချင်း အဆင်မပြေမှုတွေ၊လမ်းခွဲရကိန်းတွေ ရှိနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး သစ်သီး၊ပန်းသစ်တော်သီး ကိုခွဲစိပ်ကာ ကပ်လှူပူဇော်ပါ ။

ပြည်ပထွက်ခွာလိုသူများ။ ။ မနက်စောစော လဘက်ရည်ရည်ဆိုင်၊မုန်ဆိုင်များတွင် စားသောက်နေစဉ် လာနူတ်ဆက်သူကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ ဘုရားစေတီရှိ တနင်္ဂနွေထောင့်တွင် ယခုတစ်ပတ် နံနက်တိုင်း ပဋ္ဌာန်းနှင့်ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ ခို၊ကျီး၊ခွေးစသည်တို့ကို အစာကျွေးပါ ။အချိန်ရတိုင်း မေတ္တာသုတ်ရွတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။မနက်စောစော လမ်းသန့်ရှင်းရေးလုပ်ပေးရင်း အရဟံ၊သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများကို ယခုတစ်ပတ်လုံး အစာကျွေးပါ။

ထီကံကောင်းလိုသူများ။ ။ မိမိအိမ်ရှေ့လာရပ်သည့် ထီကားကိုတွေ့လျှင် ၁ အစ ၅ အဆုံး ထီနံပါတ် ကိုရှာထိုးပါ။

( Zawgyi )

ဒီကာလမွာ စိတ္ဒြဟျဖစ္စရာေတြ၊ ဆုံးျဖတ္ရခက္စရာေတြ ႀကဳံရတတ္ ပါတယ္။ တစ္ခုကံ ေကာင္းေနတာက သင့္မိတ္ေကာင္းေဆြေကာင္းေတြက အခက္အခဲရွိလာၿပီဆိုရင္ လာကူညီတတ္တဲ့ ကံရွိေန တာပါ။ ယခုတစ္ပတ္ သင့္ ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံဉာဏ္ ေပးႏိုင္တာက ၾကာသပေတးသားသမီးေတြပါ။ ဒီတစ္ပတ္အတြင္း လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာေတြ အထင္လြဲစြပ္စြဲစရာေတြ ႀကဳံရ တတ္ပါ တယ္။ အလုပ္ေတြ မ်ားေနေပမယ့္ ဝင္ေငြက ထင္သလိုမေကာင္းပါဘူး။ အခက္အခဲေတြရွိေပမယ့္ အိမ္တြင္းေရးသာယာေနတတ္သလို မိသားစု ေဆြမ်ိဳးမ်ားအတြင္းေပ်ာ္႐ႊင္ရမယ့္ အခ်ိန္ကာလပါ။ ဒီကာလအတြင္း အိမ္ၿခံေျမနဲ႔ စပ္တူကိစၥေတြ အစုရွယ္ယာ အလုပ္ေတြ အက်ိဳးမေပးတတ္ပါဘူး။ က်န္းမာေရးက ေကာင္းေနေပမယ့္ အေက်ာအဆစ္ ခါးနာစတဲ့ေရာဂါေတြ အျဖစ္မ်ားတတ္ပါတယ္။ ပညာေရးကေတာ့ အာ႐ုံစိုက္မွ ေကာင္းမယ့္အခ်ိန္ပါ။ အိမ္ေထာင္ရွင္၊ ခ်စ္သူအခ်င္း ခ်င္း အဆင္မေျပမႈေတြ၊လမ္းခြဲရကိန္းေတြ ရွိေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး သစ္သီး၊ပန္းသစ္ေတာ္သီး ကိုခြဲစိပ္ကာ ကပ္လႉပူေဇာ္ပါ ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ မနက္ေစာေစာ လဘက္ရည္ရည္ဆိုင္၊မုန္ဆိုင္မ်ားတြင္ စားေသာက္ေနစဥ္ လာႏူတ္ဆက္သူကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားေစတီရွိ တနဂၤေႏြေထာင့္တြင္ ယခုတစ္ပတ္ နံနက္တိုင္း ပ႒ာန္းႏွင့္ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ ခို၊က်ီး၊ေခြးစသည္တို႔ကို အစာေကြၽးပါ ။အခ်ိန္ရတိုင္း ေမတၱာသုတ္႐ြတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။မနက္ေစာေစာ လမ္းသန႔္ရွင္းေရးလုပ္ေပးရင္း အရဟံ၊သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားကို ယခုတစ္ပတ္လုံး အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ မိမိအိမ္ေရွ႕လာရပ္သည့္ ထီကားကိုေတြ႕လွ်င္ ၁ အစ ၅ အဆုံး ထီနံပါတ္ ကိုရွာထိုးပါ။