【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်ကကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ ကံတရားကအကျိုးပေးတဲ့ ဘက်ရောက်နေတဲ့ အ တွက် လုပ်ငန်းသစ်၊နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ ပညာရေး၊လူမှုရေး၊ စီးပွားရေး အတွက် ကြာသပတေးသားသမီးတွေကိုတိုင်ပင်တာအကောင်းဆုံးပါဘဲ။ ရပ်ဝေးခရီးတွေ ပြည်ပခရီးတွေ သွားရတတ်တဲ့ ကာလဖြစ်နေသလို ခင်မင်ခဲ့ဖူးသူတွေဆီက မမျှော်လင့်ဘဲ အကူအညီရတတ်ပါတယ်။ အိမ်ခြံမြေနဲ့ စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ အလုပ်တွေ စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။ ဒီကာလမှာ သင့်အောင်မြင်မှုတွေ ကံပွင့်မှုတွေကြောင့် အရင်းအခြာတွေက သင့်ကိုတမျိုးမြင် တတ်ပါတယ်။ ကျန်းမာရေးကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာပဲရှိပါတယ်။ ပညာရေးကတော့ တစ်ပြိုင်နက်ဘာမှ မစီစဉ်ပါနဲ့။တစ်ခုပြီးမှ တစ်ခုသာလုပ်သင့်ပါတယ်။ အိမ်ထောင်ရှင်များအကျီစားသန်လို့ စကားများတတ်ပေမယ့် ချစ်သူတွေ အတွက် သတင်းကောင်းတွေနဲ့ ပျော်ရွှင်စရာအချိန်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအားကြာသပတေးနံမာလကာ၊ပန်းသီးစသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။မိမိသွားလိုသည့် အရပ်မှ ခွေးများအား နံနက်ဖက်တွင် အစာကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ စနေနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။နေအိမ်နှင့် အိပ်ခန်းအတွင်း အလှပြင်ပစ္စည်းအစုတ်များ၊ အင်္ဂါနံပစ္စည်းအဟောင်းများ နေအိမ်ပြင်ပသို့ သွားရောက်လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကိုရေသပ္ပါယ်ပါ ။ပန်းအိုးမှ ပန်းခြောက်များရှိပါက သန့်ရှင်းပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။ ။ မိမိနေ့နံထောင့်အရပ်ရှိ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။

ထီကံကောင်းလိုသူများ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၁ နှင့် ၅/၆ ဂဏန်းများပူးတွဲပါသည့် ထီလက်မှတ်ကို ရှာထိုးလိုက်ပါ။

( Zawgyi )

အဖက္ဖက္ကကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ ကံတရားကအက်ိဳးေပးတဲ့ ဘက္ေရာက္ေနတဲ့ အ တြက္ လုပ္ငန္းသစ္၊ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ ပညာေရး၊လူမႈေရး၊ စီးပြားေရး အတြက္ ၾကာသပေတးသားသမီးေတြကိုတိုင္ပင္တာအေကာင္းဆုံးပါဘဲ။ ရပ္ေဝးခရီးေတြ ျပည္ပခရီးေတြ သြားရတတ္တဲ့ ကာလျဖစ္ေနသလို ခင္မင္ခဲ့ဖူးသူေတြဆီက မေမွ်ာ္လင့္ဘဲ အကူအညီရတတ္ပါတယ္။ အိမ္ၿခံေျမနဲ႔ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့ အလုပ္ေတြ စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။ ဒီကာလမွာ သင့္ေအာင္ျမင္မႈေတြ ကံပြင့္မႈေတြေၾကာင့္ အရင္းအျခာေတြက သင့္ကိုတမ်ိဳးျမင္ တတ္ပါတယ္။ က်န္းမာေရးကေတာ့ အစားအေသာက္ေၾကာင့္ ျဖစ္တတ္တာပဲရွိပါတယ္။ ပညာေရးကေတာ့ တစ္ၿပိဳင္နက္ဘာမွ မစီစဥ္ပါနဲ႔။တစ္ခုၿပီးမွ တစ္ခုသာလုပ္သင့္ပါတယ္။ အိမ္ေထာင္ရွင္မ်ားအက်ီစားသန္လို႔ စကားမ်ားတတ္ေပမယ့္ ခ်စ္သူေတြ အတြက္ သတင္းေကာင္းေတြနဲ႔ ေပ်ာ္႐ႊင္စရာအခ်ိန္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအားၾကာသပေတးနံမာလကာ၊ပန္းသီးစသည္တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။မိမိသြားလိုသည့္ အရပ္မွ ေခြးမ်ားအား နံနက္ဖက္တြင္ အစာေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ စေနနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ေနအိမ္ႏွင့္ အိပ္ခန္းအတြင္း အလွျပင္ပစၥည္းအစုတ္မ်ား၊ အဂၤါနံပစၥည္းအေဟာင္းမ်ား ေနအိမ္ျပင္ပသို႔ သြားေရာက္လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကိုေရသပၸါယ္ပါ ။ပန္းအိုးမွ ပန္းေျခာက္မ်ားရွိပါက သန႔္ရွင္းေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ မိမိေန႔နံေထာင့္အရပ္ရွိ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။

ထီကံေကာင္းလိုသူမ်ား။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၁ ႏွင့္ ၅/၆ ဂဏန္းမ်ားပူးတြဲပါသည့္ ထီလက္မွတ္ကို ရွာထိုးလိုက္ပါ။