【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ကံတရားက အကျိုးပေးတဲ့ဘက် ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာ ကောင်းပါတယ်။အလုပ်အကိုင်တွေ ဒီရက်ပိုင်း တိုးချဲ့သင့်ပါတယ်။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သောကြာ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။ငွေကံကောင်းနေတတ်ပါတယ်။
ဒီကာလ အပြိုင်အဆိုင်များတတ်ပါတယ်။အရာရာ ကိုယ့်အောင်မြင်မှုကို မလိုလားသူတွေရဲ့ အတိုက်အခိုက်ရှိပါတယ်။မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။စပ်တူရှယ်ယာအလုပ်များ အကျိုးမပေးသေးပါဘူး။ခေတ္တဆိုင်းငံ့ထားပါဦး။ပြည်တွင်း ပြည်ပ ခရီးတွေ အဆင်မပြေဖြစ်တတ်ပါတယ်။နိုင်ငံခြားလူမျိုးခြားက သင့်ကိုအကျိုးပေးပါမယ်။မထင်မှတ်ဘဲ ခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီရက်ပိုင်း ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာသင်ရေးကတော့ လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောင့်ဖြစ်စရာ တွေ့တတ်ပါတယ်။
ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ မနက်နေမတက်မီ ဒိဝါတပတိ ဂါထာကို ကိုးခေါက်တိတိ ယုံယုံကြည်ကြည် တစ်ပတ်လုံးရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းထလောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ကြည့်မှန်အဟောင်းများရှိပါက လွှတ်ပစ်ပါ။ချစ်သူနှင့်တွေ့ရန် သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွက်၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်ထကာ အိမ်ရှေ့လမ်းကို သန့်ရှင်းပြီး ခို၊ စာကလေးများအတွက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ၃ အစ ၅ အဆုံး ဂဏန်းများများပါသည်ကို ရွေးထိုးပါ။

( Zawgyi )

အဖက္ဖက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ကံတရားက အက်ိဳးေပးတဲ့ဘက္ ေရာက္ေနတဲ့အတြက္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာ ေကာင္းပါတယ္။အလုပ္အကိုင္ေတြ ဒီရက္ပိုင္း တိုးခ်ဲ႕သင့္ပါတယ္။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ေသာၾကာ သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။ေငြကံေကာင္းေနတတ္ပါတယ္။
ဒီကာလ အၿပိဳင္အဆိုင္မ်ားတတ္ပါတယ္။အရာရာ ကိုယ့္ေအာင္ျမင္မႈကို မလိုလားသူေတြရဲ႕ အတိုက္အခိုက္ရွိပါတယ္။မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။စပ္တူရွယ္ယာအလုပ္မ်ား အက်ိဳးမေပးေသးပါဘူး။ေခတၱဆိုင္းငံ့ထားပါဦး။ျပည္တြင္း ျပည္ပ ခရီးေတြ အဆင္မေျပျဖစ္တတ္ပါတယ္။ႏိုင္ငံျခားလူမ်ိဳးျခားက သင့္ကိုအက်ိဳးေပးပါမယ္။မထင္မွတ္ဘဲ ခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ဒီရက္ပိုင္း ဝမ္း၊ ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာသင္ေရးကေတာ့ လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ျဖစ္စရာ ေတြ႕တတ္ပါတယ္။
ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ မနက္ေနမတက္မီ ဒိဝါတပတိ ဂါထာကို ကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္ တစ္ပတ္လုံး႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းထေလာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ ၉ ၫႊန္႔ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ၾကည့္မွန္အေဟာင္းမ်ားရွိပါက လႊတ္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႕ရန္ သြားသည့္အခါတိုင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြက္၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ဘက္ထကာ အိမ္ေရွ႕လမ္းကို သန႔္ရွင္းၿပီး ခို၊ စာကေလးမ်ားအတြက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ၃ အစ ၅ အဆုံး ဂဏန္းမ်ားမ်ားပါသည္ကို ေ႐ြးထိုးပါ။