【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း သောကြာ သားသမီးတွေနဲ့  သင့်လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေ တိုင်ပင်ရင် အစစအရာရာ အောင်မြင်နိုင်ပါတယ်။ဒီကာလမှာ စာချုပ်စာတမ်းကိစ္စတွေ၊ အိမ်ခြံမြေကိစ္စတွေ၊ အစုရှယ်ယာအလုပ်တွေ ကောင်းတတ်ပြီး လုပ်ငန်းသစ်လုပ်သူတွေ၊ အလုပ်အကိုင်ပြောင်းရွှေ့လုပ်ကိုင်သူတွေ အဆင်ပြေတတ်တဲ့ကာလပါ။ဒါပေမယ့် တချို့ကိစ္စတွေမှာ စိတ်မတင်မကျဖြစ်ရတာတွေ၊ ဆုံးဖြတ်ရခက်တဲ့ ပြဿနာတွေနဲ့ လုံးထွေးလွဲချော်နေတတ်ပါတယ်။ဘာမဆို စိတ်ရှည်သင့်တဲ့ ကာလဖြစ်နေပြီး ခရီးစဉ်တွေ နိုင်ငံခြားခရီးတွေ ပေါ်တတ်ပါတယ်။စက်ပစ္စည်းလုပ်ငန်း ရောင်းဝယ်လုပ်ကိုင်သူတွေ လူရင်းတွေ၊ ရင်းနှီးရသူတွေကြောင့် အခက်အခဲဖြစ်တတ်ပါတယ်။ပညာရေးကတော့  သင်တက်ချင်တဲ့ သင်တန်းတွေ ကျောင်းတွေ တက်ဖို့ အခွင့်အရေး ပေါ်တတ်ပါတယ်။အိမ်ထောင်ရှင်များအတွက်ကတော့  အဆင်မပြေဖြစ်တတ်တဲ့ အချိန်ကာလပါ။ငယ်ရွယ်သူ သမီးရည်းစားတွေ ဆုံးဖြတ်ရခက်တဲ့ အချိန်ကာလတစ်ခုကို ရောက်နေပါတယ်။ကျန်းမာရေးက အစာအိမ်၊ ဆီးပိုင်းဆိုင်ရာတွေမှာ ဒုက္ခပေးတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား သကြားယာဂုဆွမ်းအား ကပ်လှူပူဇော်ကာ နံနက်တိုင်း ရှင်သီဝလီဂါထာကို  ၉ ခေါက်တိတိ နေမထွက်မီ ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အိမ်ရှေ့ရောက်လာသည့် အလှူခံပုဂ္ဂိုလ် မည်သူကိုမဆို ဖိနပ် (သို့မဟုတ်) ထီး တစ်ခုခုကို လှူဒါန်းဒါနပြုပေးပါ။  

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများ၏ သောကြာထောင့်သို့သွားကာ နမောတေဂါထာအား ၁၀၈ ခေါက် ရွတ်ပူဇော်ဆိုကာ လိုရာဆုတောင်းပါ။  

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ယခုရက်ပိုင်းအတွင်း အနက်ရောင်ဝတ်ဆင်ခြင်းကို ရှောင်ပါ။အိမ်တွင်း မှန်အကွဲများရှိနေက နေအိမ်ပြင်ပသို့ လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီ ရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်း၊ ကုဋီများဆေးကြောသုတ်သင်ပေးခြင်း ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ရွှေသင်္ကန်းကပ်လှူခြင်း၊ လမ်းထဲအလှူဒါနပြုခြင်းများတွင် နိုင်သလောက်လှူဒါန်းပေးခြင်း ပြုလုပ်ပါ။

ထီကံကောင်းလိုသူများ ။     ။ ကြုံရာထီဆိုင်တွင် ၁/၆/၉ စသည့် ဂဏန်းများများပါအောင် ထီထိုးပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း ေသာၾကာ သားသမီးေတြနဲ႔  သင့္လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြ တိုင္ပင္ရင္ အစစအရာရာ ေအာင္ျမင္ႏိုင္ပါတယ္။ဒီကာလမွာ စာခ်ဳပ္စာတမ္းကိစၥေတြ၊ အိမ္ၿခံေျမကိစၥေတြ၊ အစုရွယ္ယာအလုပ္ေတြ ေကာင္းတတ္ၿပီး လုပ္ငန္းသစ္လုပ္သူေတြ၊ အလုပ္အကိုင္ေျပာင္းေ႐ႊ႕လုပ္ကိုင္သူေတြ အဆင္ေျပတတ္တဲ့ကာလပါ။ဒါေပမယ့္ တခ်ိဳ႕ကိစၥေတြမွာ စိတ္မတင္မက်ျဖစ္ရတာေတြ၊ ဆုံးျဖတ္ရခက္တဲ့ ျပႆနာေတြနဲ႔ လုံးေထြးလြဲေခ်ာ္ေနတတ္ပါတယ္။ဘာမဆို စိတ္ရွည္သင့္တဲ့ ကာလျဖစ္ေနၿပီး ခရီးစဥ္ေတြ ႏိုင္ငံျခားခရီးေတြ ေပၚတတ္ပါတယ္။စက္ပစၥည္းလုပ္ငန္း ေရာင္းဝယ္လုပ္ကိုင္သူေတြ လူရင္းေတြ၊ ရင္းႏွီးရသူေတြေၾကာင့္ အခက္အခဲျဖစ္တတ္ပါတယ္။ပညာေရးကေတာ့  သင္တက္ခ်င္တဲ့ သင္တန္းေတြ ေက်ာင္းေတြ တက္ဖို႔ အခြင့္အေရး ေပၚတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ားအတြက္ကေတာ့  အဆင္မေျပျဖစ္တတ္တဲ့ အခ်ိန္ကာလပါ။ငယ္႐ြယ္သူ သမီးရည္းစားေတြ ဆုံးျဖတ္ရခက္တဲ့ အခ်ိန္ကာလတစ္ခုကို ေရာက္ေနပါတယ္။က်န္းမာေရးက အစာအိမ္၊ ဆီးပိုင္းဆိုင္ရာေတြမွာ ဒုကၡေပးတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား သၾကားယာဂုဆြမ္းအား ကပ္လႉပူေဇာ္ကာ နံနက္တိုင္း ရွင္သီဝလီဂါထာကို  ၉ ေခါက္တိတိ ေနမထြက္မီ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အိမ္ေရွ႕ေရာက္လာသည့္ အလႉခံပုဂၢိဳလ္ မည္သူကိုမဆို ဖိနပ္ (သို႔မဟုတ္) ထီး တစ္ခုခုကို လႉဒါန္းဒါနျပဳေပးပါ။  

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ား၏ ေသာၾကာေထာင့္သို႔သြားကာ နေမာေတဂါထာအား ၁၀၈ ေခါက္ ႐ြတ္ပူေဇာ္ဆိုကာ လိုရာဆုေတာင္းပါ။  

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ယခုရက္ပိုင္းအတြင္း အနက္ေရာင္ဝတ္ဆင္ျခင္းကို ေရွာင္ပါ။အိမ္တြင္း မွန္အကြဲမ်ားရွိေနက ေနအိမ္ျပင္ပသို႔ လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီ ရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ ကုဋီမ်ားေဆးေၾကာသုတ္သင္ေပးျခင္း ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္လႉျခင္း၊ လမ္းထဲအလႉဒါနျပဳျခင္းမ်ားတြင္ ႏိုင္သေလာက္လႉဒါန္းေပးျခင္း ျပဳလုပ္ပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ႀကဳံရာထီဆိုင္တြင္ ၁/၆/၉ စသည့္ ဂဏန္းမ်ားမ်ားပါေအာင္ ထီထိုးပါ။