【 ဗေဒင် 】 တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းကံအညံလေးတွေ ရှိပေမယ့် ဘုရားဖူးခရီးထွက်ရတာလေးတွေက သင်ကံညံံ့ နေတာ ကိုဆယ်သွားပါလိမ့်မယ်။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ရပ်ဝေးက မိတ်ဆွေကောင်းများ ရဲ့အကူအညီများရတတ်ပါတယ်။ ယခုရက်ပိုင်းအတွင်း အင်္ဂါသားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး ၊စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာအောင်မြင်နိုင်ပါတယ်။ ခရီးထွက် တာတွေ၊ဘုရားဖူးသွားရတာတွေ ဒီရက်ပိုင်း အတွင်း သွားရတတ်ပါတယ်။ နေရာသစ် လုပ်ငန်း သစ် အိမ်ရာသစ်ကိစ္စတွေကောင်းပါတယ်။ စပ်တူလုပ်ရတဲ့ အလုပ်တွေ ၊စာချုပ်နဲ့ လုပ်ရ တဲ့ လုပ်ငန်းတွေ ကောင်းမွန်ပါတယ်။ အနုပညာလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေ အခက်အခဲ ရှိတတ်ပါတယ်။ စက်ပစ္စည်းရောင်းဝယ်သူတွေ၊ ကုန်ခြောက်လုပ်ငန်းလုပ်ကိုင်သူတွေ အကျိုးပေးတဲ့ အချိန်အခါပါ။ ငွေကတော့ တအားဝင်နေသလို တအားထွက်နေတတ် ပါတယ်။ မိသားစုအတွင်း၊လုပ်ငန်းခွင် အတွင်းသာယာ နေပါလိမ့် မယ်။ ပညာရေးက ကောင်းနေတတ်ပါ တယ်။ ကျန်းမာရေးမှာအိပ်ရေးပျက်တာတွေကြောင့် အာရုံကြောထိခိုက် နိုင်ပါတယ်။ အိမ်ထောင်ရှင်၊ သမီး ရည်းစားများအဆင်မပြေမှုတွေရှိသလို ခဏတာ ခွဲခွာရမယ့် ကိန်းလဲ ရှိနေ ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။      ။ ဘုရားစေတီများတွင် ရှင်သီဝလိဂါထာ ပုတီး ၃ ပတ်စိပ်ကာ အိမ် တွင်ဇော်စိမ်း၊ဇော်ကျားပန်းကို စပယ်ပန်းနှင့်ရောထိုးပေးပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ကိုယ်သွားလိုသောအရပ်မျက်နှာထောင့်ရှိဘုန်းကြီးကျောင်းသို့ သွားကာနေရာ ထိုင်ခင်းလှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ဘုရားစေတီများရှိအင်္ဂါထောင့်တွင် ကိုယ်လျှောက် ထားသည့် အလုပ် ကိုအာရုံပြုကာမေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။     ။ အချစ်ရေးအဆင်မပြေပါက တနင်္လာနံ သတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာအစာကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ လမ်းထဲတွင် နံနက်စောစောအမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိခဲများ ကိုဖယ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။   ။ လမ်းနှင့် ချောင်းကူးများတွင် တံတားထိုးပေးပါ။

ထီကံကောင်းလိုသူများ။     ။ ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၁ /၃ ဂဏန်းများများ ပါသည့် ထီကိုထိုးပေးပါ။

(  Zawgyi  )

 ဒီရက္ပိုင္းအတြင္းကံအညံေလးေတြ ရွိေပမယ့္ ဘုရားဖူးခရီးထြက္ရတာေလးေတြက သင္ကံညံံ့ ေနတာ ကိုဆယ္သြားပါလိမ့္မယ္။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ရပ္ေဝးက မိတ္ေဆြေကာင္းမ်ား ရဲ႕အကူအညီမ်ားရတတ္ပါတယ္။ ယခုရက္ပိုင္းအတြင္း အဂၤါသားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး ၊စီးပြားေရး၊ ပညာေရး ကိစၥေတြမွာေအာင္ျမင္ႏိုင္ပါတယ္။ ခရီးထြက္ တာေတြ၊ဘုရားဖူးသြားရတာေတြ ဒီရက္ပိုင္း အတြင္း သြားရတတ္ပါတယ္။ ေနရာသစ္ လုပ္ငန္း သစ္ အိမ္ရာသစ္ကိစၥေတြေကာင္းပါတယ္။ စပ္တူလုပ္ရတဲ့ အလုပ္ေတြ ၊စာခ်ဳပ္နဲ႔ လုပ္ရ တဲ့ လုပ္ငန္းေတြ ေကာင္းမြန္ပါတယ္။ အႏုပညာလုပ္ငန္းေတြ ခရီးသြားလုပ္ငန္းေတြ အခက္အခဲ ရွိတတ္ပါတယ္။ စက္ပစၥည္းေရာင္းဝယ္သူေတြ၊ ကုန္ေျခာက္လုပ္ငန္းလုပ္ကိုင္သူေတြ အက်ိဳးေပးတဲ့ အခ်ိန္အခါပါ။ ေငြကေတာ့ တအားဝင္ေနသလို တအားထြက္ေနတတ္ ပါတယ္။ မိသားစုအတြင္း၊လုပ္ငန္းခြင္ အတြင္းသာယာ ေနပါလိမ့္ မယ္။ ပညာေရးက ေကာင္းေနတတ္ပါ တယ္။ က်န္းမာေရးမွာအိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာထိခိုက္ ႏိုင္ပါတယ္။ အိမ္ေထာင္ရွင္၊ သမီး ရည္းစားမ်ားအဆင္မေျပမႈေတြရွိသလို ခဏတာ ခြဲခြာရမယ့္ ကိန္းလဲ ရွိေန ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။      ။ ဘုရားေစတီမ်ားတြင္ ရွင္သီဝလိဂါထာ ပုတီး ၃ ပတ္စိပ္ကာ အိမ္ တြင္ေဇာ္စိမ္း၊ေဇာ္က်ားပန္းကို စပယ္ပန္းႏွင့္ေရာထိုးေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ကိုယ္သြားလိုေသာအရပ္မ်က္ႏွာေထာင့္ရွိဘုန္းႀကီးေက်ာင္းသို႔ သြားကာေနရာ ထိုင္ခင္းလႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားေစတီမ်ားရွိအဂၤါေထာင့္တြင္ ကိုယ္ေလွ်ာက္ ထားသည့္ အလုပ္ ကိုအာ႐ုံျပဳကာေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။     ။ အခ်စ္ေရးအဆင္မေျပပါက တနလၤာနံ သတၱဝါမ်ားကို ကိုယ္လက္ႏွင့္ ကိုင္ကာအစာေကြၽးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ လမ္းထဲတြင္ နံနက္ေစာေစာအမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိခဲမ်ား ကိုဖယ္ေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။   ။ လမ္းႏွင့္ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆိုင္မွ ၁ /၃ ဂဏန္းမ်ားမ်ား ပါသည့္ ထီကိုထိုးေပးပါ။