【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ကံတရားက အကျိုးပေးတဲ့ဘက်ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ရစရာရှိတဲ့ ကြွေးဆုံးတွေ ပြန်ရတတ်သလို သိဟောင်းကျွမ်းဟောင်းတွေနဲ့လည်း ပြန်ဆုံရကိန်းရှိပါတယ်။ဒီကာလမှာ  ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေနဲ့ တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါဘဲ။စက်ပစ္စည်းအသစ်တွေ ဝင်တတ်သလို အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့ စက်ပစ္စည်း၊ စာအုပ်၊ ဆေးဝါး၊ ဆောက်လုပ်ရေး စတဲ့ လုပ်ငန်းသမားတွေ အခြေအနေကောင်းပါတယ်။နိုင်ငံရပ်ခြားကိစ္စ၊ လူမျိုးခြား ဘာသာခြားတွေနှင့် ဆက်သွယ်လုပ်ကိုင်ရသောကိစ္စတွေမှာ အထူးအကျိုးဖြစ်တဲ့အချိန်ပါ။ဒီကာလမှာ ငွေအပါအဝင် တခြားဘာကိုမှ အခြားသူအား အာမခံပေးခြင်းရှောင်ပါ။ကျန်းမာရေးကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာပဲရှိပါတယ်။ပညာရေးကတော့ တစ်ပြိုင်နက် ဘာမှမစီစဉ်ပါနဲ့။တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါတယ်။အိမ်ထောင်ရှင်များ အကျီစားသန်လို့  စကားများတတ်ပေမယ့် ချစ်သူတွေအတွက်ကတော့ အသစ်တွေ့ကိန်းရှိလို့ သတိထားဆင်ခြင်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ကြာသပတေးနံ မာလကာ၊ ပန်းသီးတို့ဖြင့် သစ်သီးဆွမ်းကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့် အရပ်ထောင့်ရှိ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီရှိ  ကြာသပတေးထောင့်တွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိနေအိမ်အတွင်း အင်္ဂါနံပစ္စည်း အဟောင်းအပျက်များရှိပါက အိမ်ဝင်းပြင်ပရောက်အောင် လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများသို့သွားကာ မိမိဂြိုလ်နံဘုရားကို ရေသက်စေ့သပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားကျောင်း စေတီဝင်းအတွင်းရှိ ဗောဓိညောင်အား  ညောင်ထောက်ပေးပါ။လမ်းများတွင် တံတားထိုးပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၅/၇/၉ ဂဏန်းများများပါသည့် ထီထိုးလိုက်ပါ။

( Zawgyi )

ကံတရားက အက်ိဳးေပးတဲ့ဘက္ေရာက္ေနတဲ့အတြက္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ရစရာရွိတဲ့ ေႂကြးဆုံးေတြ ျပန္ရတတ္သလို သိေဟာင္းကြၽမ္းေဟာင္းေတြနဲ႔လည္း ျပန္ဆုံရကိန္းရွိပါတယ္။ဒီကာလမွာ  ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါဘဲ။စက္ပစၥည္းအသစ္ေတြ ဝင္တတ္သလို အဂၤါနံလုပ္ငန္းေတြျဖစ္တဲ့ စက္ပစၥည္း၊ စာအုပ္၊ ေဆးဝါး၊ ေဆာက္လုပ္ေရး စတဲ့ လုပ္ငန္းသမားေတြ အေျခအေနေကာင္းပါတယ္။ႏိုင္ငံရပ္ျခားကိစၥ၊ လူမ်ိဳးျခား ဘာသာျခားေတြႏွင့္ ဆက္သြယ္လုပ္ကိုင္ရေသာကိစၥေတြမွာ အထူးအက်ိဳးျဖစ္တဲ့အခ်ိန္ပါ။ဒီကာလမွာ ေငြအပါအဝင္ တျခားဘာကိုမွ အျခားသူအား အာမခံေပးျခင္းေရွာင္ပါ။က်န္းမာေရးကေတာ့ အစားအေသာက္ေၾကာင့္ ျဖစ္တတ္တာပဲရွိပါတယ္။ပညာေရးကေတာ့ တစ္ၿပိဳင္နက္ ဘာမွမစီစဥ္ပါနဲ႔။တစ္ခုၿပီးမွ တစ္ခုသာ လုပ္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား အက်ီစားသန္လို႔  စကားမ်ားတတ္ေပမယ့္ ခ်စ္သူေတြအတြက္ကေတာ့ အသစ္ေတြ႕ကိန္းရွိလို႔ သတိထားဆင္ျခင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ၾကာသပေတးနံ မာလကာ၊ ပန္းသီးတို႔ျဖင့္ သစ္သီးဆြမ္းကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုသည့္ အရပ္ေထာင့္ရွိ ေခြးမ်ားအား မနက္ဖက္တြင္ အစာေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီရွိ  ၾကာသပေတးေထာင့္တြင္ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိေနအိမ္အတြင္း အဂၤါနံပစၥည္း အေဟာင္းအပ်က္မ်ားရွိပါက အိမ္ဝင္းျပင္ပေရာက္ေအာင္ လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားသို႔သြားကာ မိမိၿဂိဳလ္နံဘုရားကို ေရသက္ေစ့သပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားေက်ာင္း ေစတီဝင္းအတြင္းရွိ ေဗာဓိေညာင္အား  ေညာင္ေထာက္ေပးပါ။လမ္းမ်ားတြင္ တံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၅/၇/၉ ဂဏန္းမ်ားမ်ားပါသည့္ ထီထိုးလိုက္ပါ။