【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေး သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ငွေကြေးကံသင့်ပေမယ့် ရင်းနှီးလို့ပေးထားတဲ့ငွေတွေ လိုချိန်မှာ ပြန်မရဖြစ်လို့ သင်စိတ်ညစ်ရတတ်ပါတယ်။အတိုက်အခိုက်တွေ ပတ်လည်ဝိုင်းနေချိန်ဖြစ်နေလို့ ဒီရက်ပိုင်းအတွင်း အစစအရာရာသတိထားလုပ်ကိုင်သင့်သလို ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ခရီးသွားကံတွေကောင်းနေပါတယ်။ဒီကာလမှာ ဘုရားတရားလုပ်တာကလွဲပြီး ဘယ်အရာမှ သင့်ကိုစိတ်ချမ်းသာစေမှာမဟုတ်ပါဘူး။မိသားစုအတွင်း မောင်နှမအချင်းချင်းဆက်ဆံရေးကောင်းနေတတ်ပါတယ်။ဝန်ထမ်းတွေ အကျိုးလိုပြီးကြိုးစားရင် ထင်သလိုရလဒ်မထွက်တတ်ပါဘူး။ပညာရေးကတော့ သင့်အတွက် လိုရာရောက်မယ့်ကာလပါ။ကျန်းမာရေးကတော့ အကောင်းအဆိုးတလှည့်ကြား နေရထိုင်ရခက်နေတတ်ပါတယ်။အိမ်ထောင်ရှင်များသတင်းကောင်းကြားရသလို၊ ချစ်သူများအကြား ပျော်ရွှင်စရာတွေရှိပေမယ့် သိပ်အကောင်းကြီးမဟုတ်ပါဘူး။

 

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်       ဘုရားအား ကြာသပတေးနံ အသီးအရွက်အညွှန့်များဖြင့် ပူဇော်ပါ။

 

ပြည်ပထွက်ခွာလိုသူများ       သံဃာတော်များကိုထီး၊ ဖိနပ်၊ သင်္ကန်း ကပ်လှူပါ။

 

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ       ဘုရားရှင်အား နံနက်စောစော အရဟံသက်စေ့ပုတီး စိပ်ကာ ပူဇော်ပေးပါ။ 

 

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ       အိမ်ထဲမှ စနေနံပစ္စည်း အဟောင်းအပျက်များကိုရှာ၍လွှင့်ပစ်ပါ။

 

လူမှုရေးအတိုက်အခံများသူများ       မနက်မိုးလင်းကတည်းက သမ္ဗုဒ္ဓေဂါထာကို သတိရတိုင်းရွတ်ဆိုပေးပါ။ 

 

ကျန်းမာရေးမကောင်းသူများ       လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ဘုရားစေတီများတွင် ညောင်ထောက်ပေးပါ။

 

ထီကံကောင်းလိုသူများ       ကြာသပတေးနေ့တွင် // ဂဏန်းကို ပါအောင်ထိုးပါ။

 

( Zawgyi )

 


 


 


 


 


 


 


 
