【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း စိတ်မတင်မကျကိစ္စတွေ အလွဲလွဲအချော်ချော်နဲ့ ထင်ထားသလိုမဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေလည်း ဖြစ်တတ်ပါတယ်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ဗုဒ္ဓဟူး သားသမီးတွေကို တိုင်ပင်တာက သင့်အတွက်အကောင်းဆုံးပါဘဲ။စာချုပ်စာတမ်းကိစ္စတွေ၊ စပ်တူရှယ်ယာအလုပ်တွေ ကောင်းပါတယ်။နိုင်ငံရပ်ခြားကအကူအညီ သင့်ဆီမမျှော်လင့်ဘဲရောက်လာတတ်ပါတယ်။ဒီရက်ပိုင်း အနေအထိုင်တတ်မထိုင်တတ်ရင် သူများပြဿနာ၊ ကိုယ့်ပြဿနာ ဖြစ်တတ်ပါတယ်။
သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူများ ဒီရက်ပိုင်းအမှုအခင်းမြင်ပါတယ်။ငွေကံကတော့ညံ့ပါတယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးထွက်စရာပေါ်ရင် မရှောင်ပါနဲ့၊ လိုက်သွားပါ။သင့်အတွက် အခွင့်အလမ်းပေါ်လာတတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်းမကောင်းတာတွေ၊ အစာစားတာမမှန်လို့ အစာအိမ်ရောဂါဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ အကောင်းဆုံးဖြစ်နေပြီး ခရီးသွားဟန်လွဲ ဝင်ခွင့်ပါတယ်။အိမ်ထောင်ရှင်တွေ မပြေလည်မှုတွေ နိဂုံးချုပ်သွားပေမယ့် ချစ်သူတွေအတွက်ကတော့ ကျဉ်းထဲကျပ်ထဲရောက်မယ့် အချိန်ကာလပါ။  

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ဇီးယိုဖြင့် ဆွမ်းကပ်လှူဒါန်းပေးပါ။  

ပြည်ပထွက်ခွာလိုသူများ ။     ။ တဟိ့ ံ တဟိ့ ံ ဘုရားရှိခိုးဂါထာကို အဓိဋ္ဌာန်ဖြင့် ယခုတစ်ပတ်တာလုံး သက်စေ့ရွတ်ဆိုပေးပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ အင်္ဂါနံအရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်အတွင်း ပြတ်နေသည့် ကြိုးများ၊ ကြိုးတန်းများ၊ ပြတ်လုပြတ်ဆဲကြိုးများရှိနေပါက ပြန်ဆက်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှစတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် မေတ္တာသုတ်ရွတ်ဆိုကာ ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင်အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင် ၄/၇ ဂဏန်းများများပါသည့် ထီနံပါတ်ကိုရှာထိုးပါ။

( Zawgyi )

ယခုရက္ပိုင္း စိတ္မတင္မက်ကိစၥေတြ အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလိုမျဖစ္တတ္တာေတြ ႀကဳံရတတ္ပါတယ္။ဆုံးျဖတ္ရခက္တဲ့ကိစၥေတြလည္း ျဖစ္တတ္ပါတယ္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ဗုဒၶဟူး သားသမီးေတြကို တိုင္ပင္တာက သင့္အတြက္အေကာင္းဆုံးပါဘဲ။စာခ်ဳပ္စာတမ္းကိစၥေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ ေကာင္းပါတယ္။ႏိုင္ငံရပ္ျခားကအကူအညီ သင့္ဆီမေမွ်ာ္လင့္ဘဲေရာက္လာတတ္ပါတယ္။ဒီရက္ပိုင္း အေနအထိုင္တတ္မထိုင္တတ္ရင္ သူမ်ားျပႆနာ၊ ကိုယ့္ျပႆနာ ျဖစ္တတ္ပါတယ္။
သူတစ္ပါးကိစၥ ဝင္အာမခံတတ္သူမ်ား ဒီရက္ပိုင္းအမႈအခင္းျမင္ပါတယ္။ေငြကံကေတာ့ညံ့ပါတယ္။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးထြက္စရာေပၚရင္ မေရွာင္ပါနဲ႔၊ လိုက္သြားပါ။သင့္အတြက္ အခြင့္အလမ္းေပၚလာတတ္ပါတယ္။က်န္းမာေရးကေတာ့ ဝမ္းမေကာင္းတာေတြ၊ အစာစားတာမမွန္လို႔ အစာအိမ္ေရာဂါျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ အေကာင္းဆုံးျဖစ္ေနၿပီး ခရီးသြားဟန္လြဲ ဝင္ခြင့္ပါတယ္။အိမ္ေထာင္ရွင္ေတြ မေျပလည္မႈေတြ နိဂုံးခ်ဳပ္သြားေပမယ့္ ခ်စ္သူေတြအတြက္ကေတာ့ က်ဥ္းထဲက်ပ္ထဲေရာက္မယ့္ အခ်ိန္ကာလပါ။  

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ဇီးယိုျဖင့္ ဆြမ္းကပ္လႉဒါန္းေပးပါ။  

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ တဟိ့ ံ တဟိ့ ံ ဘုရားရွိခိုးဂါထာကို အဓိ႒ာန္ျဖင့္ ယခုတစ္ပတ္တာလုံး သက္ေစ့႐ြတ္ဆိုေပးပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ အဂၤါနံအရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေနအိမ္အတြင္း ျပတ္ေနသည့္ ႀကိဳးမ်ား၊ ႀကိဳးတန္းမ်ား၊ ျပတ္လုျပတ္ဆဲႀကိဳးမ်ားရွိေနပါက ျပန္ဆက္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွစတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေမတၱာသုတ္႐ြတ္ဆိုကာ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၄/၇ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကိုရွာထိုးပါ။