【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း မိတ်ကောင်းဆွေကောင်းတွေရတတ်ပါတယ်။ငွေကံတွေကောင်းနေပြီး ခရီးကောင်းများကြုံရတတ်တဲ့အချိန်ပါ။အထူးသဖြင့် စပ်တူကိစ္စတွေ စာချုပ်ချုပ်ရမယ့်ကိစ္စတွေ အဆင်ပြေတတ်ပါတယ်။ရေထွက်ကုန်လုပ်သူတွေ အဆင်ပြေကိန်းရှိသလို ဆန်စပါးရောင်းဝယ်သူတွေ စဉ်းစားတွက်ဆလုပ်ကိုင်မှ သင့်မယ့်အချိန်ကာလပါ။မိသားစုနဲ့ လုပ်ငန်းခွင်အတွင်း ကိုယ့်အောက်ကလူတွေ လက်အောက်ငယ်သားကိစ္စတွေ ဖြေရှင်းရတဲ့အခါ ဆန္ဒမစောသင့်ပါဘူး။ကျန်းမာရေးကောင်းပေမယ့် လေထိုးလေအောင့် စတဲ့ လေရောဂါတွေ၊ ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ၊ ချစ်သူတွေကတော့ အဆင်မပြေမှုတွေဖြစ်တတ်ပေမယ့် ပြန်ပြေလည်ကာ ပိုချစ်သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားစေတီများတွင် အောင်ပွဲ ၃ ပွဲထိုးကာ အခက်အခဲများပြေပါစေဟု စိတ်ရည်သန်၍ အဓိဋ္ဌာန်ပြုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားလိုသော အရပ်မျက်နှာထောင့်ရှိ ဘုန်းကြီးကျောင်းသို့သွားကာ နေရာထိုင်ခင်းလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ ကိုယ်နေ့နံထောင့်တွင် ကိုယ်လိုချင်သည့်အလုပ်ကို အာရုံပြုကာ မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် အဆင်မပြေသူ အိမ်ထောင်ဘက်၊ ချစ်သူနှစ်ဦး၏‌ နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ လမ်းထဲတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိခဲများကိုဖယ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ပန်းခြောက်များရှင်းလင်းပေးခြင်း၊ ညောင်ထောက်ပေးခြင်းများ ပြုလုပ်ပေးပါ။သိမ်ဝင်ပုတီးကို ညတိုင်း ကိုယ်နှင့်မကွာဆောင်ထားပါ။

ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၄ ဂဏန်းများများပါသည့် ထီလက်မှတ်ကို ထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း မိတ္ေကာင္းေဆြေကာင္းေတြရတတ္ပါတယ္။ေငြကံေတြေကာင္းေနၿပီး ခရီးေကာင္းမ်ားႀကဳံရတတ္တဲ့အခ်ိန္ပါ။အထူးသျဖင့္ စပ္တူကိစၥေတြ စာခ်ဳပ္ခ်ဳပ္ရမယ့္ကိစၥေတြ အဆင္ေျပတတ္ပါတယ္။ေရထြက္ကုန္လုပ္သူေတြ အဆင္ေျပကိန္းရွိသလို ဆန္စပါးေရာင္းဝယ္သူေတြ စဥ္းစားတြက္ဆလုပ္ကိုင္မွ သင့္မယ့္အခ်ိန္ကာလပါ။မိသားစုနဲ႔ လုပ္ငန္းခြင္အတြင္း ကိုယ့္ေအာက္ကလူေတြ လက္ေအာက္ငယ္သားကိစၥေတြ ေျဖရွင္းရတဲ့အခါ ဆႏၵမေစာသင့္ပါဘူး။က်န္းမာေရးေကာင္းေပမယ့္ ေလထိုးေလေအာင့္ စတဲ့ ေလေရာဂါေတြ၊ ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူေတြကေတာ့ အဆင္မေျပမႈေတြျဖစ္တတ္ေပမယ့္ ျပန္ေျပလည္ကာ ပိုခ်စ္သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားေစတီမ်ားတြင္ ေအာင္ပြဲ ၃ ပြဲထိုးကာ အခက္အခဲမ်ားေျပပါေစဟု စိတ္ရည္သန္၍ အဓိ႒ာန္ျပဳပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားလိုေသာ အရပ္မ်က္ႏွာေထာင့္ရွိ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ေနရာထိုင္ခင္းလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ားရွိ ကိုယ္ေန႔နံေထာင့္တြင္ ကိုယ္လိုခ်င္သည့္အလုပ္ကို အာ႐ုံျပဳကာ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ အဆင္မေျပသူ အိမ္ေထာင္ဘက္၊ ခ်စ္သူႏွစ္ဦး၏‌ ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိခဲမ်ားကိုဖယ္ေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ ပန္းေျခာက္မ်ားရွင္းလင္းေပးျခင္း၊ ေညာင္ေထာက္ေပးျခင္းမ်ား ျပဳလုပ္ေပးပါ။သိမ္ဝင္ပုတီးကို ညတိုင္း ကိုယ္ႏွင့္မကြာေဆာင္ထားပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆိုင္မွ ၄ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ထိုးေပးပါ။