【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်းဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ကြုံတွေ့ရတတ်ပါတယ်။ ဘာပဲလုပ်လုပ်  အတွေး နှစ်မျိုး ဖြစ်နေတတ်ပြီး ဟိုဟာ လုပ်ရနိုး၊ဒီဟာလုပ်ရနိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင့်အနားမှာ မိတ်ကောင်း ဆွေ ကောင်းတွေ ရှိတတ်တဲ့အချိန်ကာလဖြစ်နေတဲ့အတွက် သင်သာဆန္ဒရှိရင် ဒီလူတွေနဲ့ တိုင်ပင်ဆောင်ရွက်တာ အမှားကင်းပါလိမ့်မယ်။ယခုတစ်ပတ်ပညာရေး၊လူမှုရေး၊စီးပွားရေးမှာ သင့်ကို အကောင်းဆုံးအကြံဉာဏ် ပေး နိုင်တာက ကြာသပတေးသားသမီးတွေပါပဲ။ကိုယ်ပိုင်လုပ်ငန်းနဲ့ လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ အထင် လွဲစွပ်စွဲစရာတွေကြုံရတတ်ပါတယ်။ဒီကာလမှာ သင့်အတွက် အလုပ်တွေများနေပေမယ့် ငွေကထင်သလို မဝင် နိုင်သေးပါဘူး။ မြေအရောင်းအဝယ်တွေ၊ဖက်ရှင်လုပ်ငန်း၊ဖုန်းအရောင်းအဝယ်၊ ပဲအရောင်းအဝယ်နဲ့ လျှပ်စစ် ပစ္စည်းအရောင်းအဝယ်လုပ်သူတွေ အကျိုး များမယ့်အချိန်ကာလပါ။ ဒီကာလအတွင်းစပ်တူကိစ္စတွေ အကျိုး မပေး တတ်ပါဘူး။ အိမ်တွင်းရေး သာယာပြီး မိသားစုဆွေမျိုးများအတွင်း ပျော်ရွှင်ရမယ့်အချိန် ကာလပါ။ ကျန်းမာရေးကကောင်းနေပေမယ့် အကျောတက်တာ၊ အဆစ်တွေနာတာ၊ ခါးနာတာ စတဲ့ရောဂါတွေအဖြစ်များ တတ်ပါတယ်။ပညာရေးကတော့အာရုံစိုက်မှကောင်းမယ့်အချိန်ပါ။ အိမ်ထောင်ရှင်၊ ချစ်သူအချင်းချင်းအဆင်မပြေမှုတွေလမ်းခွဲရကိန်းတွေရှိနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှလွတ်မြောက်ရန်။   ။ ဘုရားရှင်အားယခုတစ်ပတ်လုံးသစ်သီး၊ပန်းသစ်တော်သီး ကိုခွဲစိပ်ကာကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ။   ။ မနက်စောစောလဘက်ရည်ဆိုင်၊ မုန်ဆိုင်တွင် စားသောက် နေစဉ် လာ နူတ်ဆက်သူကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။     ။ ဘုရားစေတီရှိ စနေထောင့်တွင်ယခုတစ်ပတ်နံနက်တိုင်း ပဋ္ဌာန်းနှင့်ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။   ။  အိမ်ရှိ ဘုရားစင်ကိုသနှ့်ရင်းရေးလုပ်ပေးပါ။အထူးသဖြင့် ဘုရားရုပ်ပွားတော်နှင့်ကားချပ်များတွင် ကပ်နေသည့် ဖုန်များ၊ပင့်ကူမျှင်များကို ရှင်းလင်းပေးပါ။

လူမှုရေးအတိုက်အခံများသူများ။     ။ မနက်စောစောလမ်းသန့်ရှင်းရေးလုပ်ပေးရင်းအရဟံ၊ သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံးသက်စေ့ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ။        ။ ရေသတ္တဝါများကို မွေးနေ့မွေးရက်တွင် အစာကျွေးပါ။

ထီကံကောင်းလိုသူများ။          ။ မိမိအိမ်ရှေ့လာရပ်သည့်ထီကား/လှည်းကိုတွေ့လျှင် မိမိနာမည်အစအက္ခရာ ဖြင့် ၅အစ၇အဆုံးထီနံပါတ်ကို ရှာထိုးပါ။
( Zawgyi )
ဒီတစ္ပတ္အတြင္းဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ႀကဳံေတြ႕ရတတ္ပါတယ္။ ဘာပဲလုပ္လုပ္  အေတြး ႏွစ္မ်ိဳး ျဖစ္ေနတတ္ၿပီး ဟိုဟာ လုပ္ရႏိုး၊ဒီဟာလုပ္ရႏိုး ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ သင့္အနားမွာ မိတ္ေကာင္း ေဆြ ေကာင္းေတြ ရွိတတ္တဲ့အခ်ိန္ကာလျဖစ္ေနတဲ့အတြက္ သင္သာဆႏၵရွိရင္ ဒီလူေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္တာ အမွားကင္းပါလိမ့္မယ္။ယခုတစ္ပတ္ပညာေရး၊လူမႈေရး၊စီးပြားေရးမွာ သင့္ကို အေကာင္းဆုံးအႀကံဉာဏ္ ေပး ႏိုင္တာက ၾကာသပေတးသားသမီးေတြပါပဲ။ကိုယ္ပိုင္လုပ္ငန္းနဲ႔ လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာေတြ အထင္ လြဲစြပ္စြဲစရာေတြႀကဳံရတတ္ပါတယ္။ဒီကာလမွာ သင့္အတြက္ အလုပ္ေတြမ်ားေနေပမယ့္ ေငြကထင္သလို မဝင္ ႏိုင္ေသးပါဘူး။ ေျမအေရာင္းအဝယ္ေတြ၊ဖက္ရွင္လုပ္ငန္း၊ဖုန္းအေရာင္းအဝယ္၊ ပဲအေရာင္းအဝယ္နဲ႔ လွ်ပ္စစ္ ပစၥည္းအေရာင္းအဝယ္လုပ္သူေတြ အက်ိဳး မ်ားမယ့္အခ်ိန္ကာလပါ။ ဒီကာလအတြင္းစပ္တူကိစၥေတြ အက်ိဳး မေပး တတ္ပါဘူး။ အိမ္တြင္းေရး သာယာၿပီး မိသားစုေဆြမ်ိဳးမ်ားအတြင္း ေပ်ာ္႐ႊင္ရမယ့္အခ်ိန္ ကာလပါ။ က်န္းမာေရးကေကာင္းေနေပမယ့္ အေက်ာတက္တာ၊ အဆစ္ေတြနာတာ၊ ခါးနာတာ စတဲ့ေရာဂါေတြအျဖစ္မ်ား တတ္ပါတယ္။ပညာေရးကေတာ့အာ႐ုံစိုက္မွေကာင္းမယ့္အခ်ိန္ပါ။ အိမ္ေထာင္ရွင္၊ ခ်စ္သူအခ်င္းခ်င္းအဆင္မေျပမႈေတြလမ္းခြဲရကိန္းေတြရွိေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွလြတ္ေျမာက္ရန္။   ။ ဘုရားရွင္အားယခုတစ္ပတ္လုံးသစ္သီး၊ပန္းသစ္ေတာ္သီး ကိုခြဲစိပ္ကာကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား။   ။ မနက္ေစာေစာလဘက္ရည္ဆိုင္၊ မုန္ဆိုင္တြင္ စားေသာက္ ေနစဥ္ လာ ႏူတ္ဆက္သူကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။     ။ ဘုရားေစတီရွိ စေနေထာင့္တြင္ယခုတစ္ပတ္နံနက္တိုင္း ပ႒ာန္းႏွင့္ဓမၼစၾကာကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။   ။  အိမ္ရွိ ဘုရားစင္ကိုသႏွ႔္ရင္းေရးလုပ္ေပးပါ။အထူးသျဖင့္ ဘုရား႐ုပ္ပြားေတာ္ႏွင့္ကားခ်ပ္မ်ားတြင္ ကပ္ေနသည့္ ဖုန္မ်ား၊ပင့္ကူမွ်င္မ်ားကို ရွင္းလင္းေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။     ။ မနက္ေစာေစာလမ္းသန႔္ရွင္းေရးလုပ္ေပးရင္းအရဟံ၊ သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံးသက္ေစ့႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။        ။ ေရသတၱဝါမ်ားကို ေမြးေန႔ေမြးရက္တြင္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။          ။ မိမိအိမ္ေရွ႕လာရပ္သည့္ထီကား/လွည္းကိုေတြ႕လွ်င္ မိမိနာမည္အစအကၡရာ ျဖင့္ ၅အစ၇အဆုံးထီနံပါတ္ကို ရွာထိုးပါ။