【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် သောကြာသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်းအလုပ်ထဲမှာနေရာပေးခံရခြင်း၊နာမည်ကောင်းရခြင်းမျိုးလဲကြုံရမှာပါ။ ကြီးကဲသူများကနေရာပေးခြင်းကြုံရဖွယ်ရှိပါတယ်။လုပ်ငန်းခွင်မှာစိတ်ပင်ပန်းစရာတွေ ရှိတတ် ပါတယ်။အလုပ်အပြောင်းအလဲရှိပါတယ်။တာဝန်ပိုကြီးတဲ့နေရာ ပြောင်းရမှာပါ။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။ အမှုဖြစ်သူ၊အိမ်ထောင်ပျက်လာသူတွေလာရင် အကူအညီပေးလိုက်ပါ။ညအိပ်တော့ လက်မခံပါနဲ့။အိမ်တွင်းရေးနဲ့ အိမ်ထောင်ရေးတော့ အနည်းငယ်ညံ့ပါတယ်။ အိမ်ထောင်ဘက်နဲ့ စကားများရန် ဖြစ်ရတာမျိုးကြုံရနိုင်သလိုလူလွတ်များကတော့မွေးချင်းမောင်နှမတွေနဲ့ စကားအခြေအတင် ဖြစ်ရတတ် ပါ တယ်။ပညာရေးကံကကောင်းနေလို့ တွေဝေတတ်ပါတယ်။ကျန်းမာရေးကတော့ ဆီး၊မျက်စိ၊အစာအိမ်စတဲ့ အသုံးများတဲ့ ကိုယ်အင်္ဂါနေရာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ချစ်သူရည်းစားတွေ အချစ်ရေးအလွန် စန်းပွင့်တဲ့ ကာလပါပဲ။ချစ်သူမရှိသေးသူငယ်ရွယ်သူများချစ်သူရတတ်တဲ့ကာလပါပဲ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ယခုတစ်ပတ်လုံးဘုရားရှင်အားပန်းပေါင်းစုံဖြင့် ပူဇော်ပြီး ဒိဝါတပတိဂါထာကို နေ့စဉ် ၉ ခေါက် ပုတီးစိပ်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ နေအိမ်ရှိရာအရပ်၏ သောကြာထောင့်တွင် ခွေးများကို အစာကျွေးပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ နံနက်စောစောဘုရားသွား၍ သစ်ခွပန်းအပါအဝင် ပန်း(၃)မျိုးဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ အိမ်ထဲနှင့် ကုတင်အောက်တွင် ပုလင်းခွံ၊ဗူးခွံတွေရှာဖွေ ရှင်းလင်းပါ။ ယခုရက်ပိုင်းအမည်းရောင်ပစ္စည်းကိုမသုံးပါနဲ့။

လူမှုရေးအတိုက်အခံများသူများ။ ။ နေအိမ်အနီးရှိဘုန်းကြီးကျောင်းသို့သွားကာကုဋီဆေးကြောကာကုသိုလ်ယူပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲရှိသက်ကြီးရွယ်အိုများ၊ကျန်းမာရေးမကောင်းသူများကို ဆေးဝါးဓာတ်စာလှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။ ။ နေအိမ်ရှေ့ရောက်လာသည့် ထီသည်ထံမှ ၁ / ၆ ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရှာထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္းအလုပ္ထဲမွာေနရာေပးခံရျခင္း၊နာမည္ေကာင္းရျခင္းမ်ိဳးလဲႀကဳံရမွာပါ။ ႀကီးကဲသူမ်ားကေနရာေပးျခင္းႀကဳံရဖြယ္ရွိပါတယ္။လုပ္ငန္းခြင္မွာစိတ္ပင္ပန္းစရာေတြ ရွိတတ္ ပါတယ္။အလုပ္အေျပာင္းအလဲရွိပါတယ္။တာဝန္ပိုႀကီးတဲ့ေနရာ ေျပာင္းရမွာပါ။ မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။ အမႈျဖစ္သူ၊အိမ္ေထာင္ပ်က္လာသူေတြလာရင္ အကူအညီေပးလိုက္ပါ။ညအိပ္ေတာ့ လက္မခံပါနဲ႔။အိမ္တြင္းေရးနဲ႔ အိမ္ေထာင္ေရးေတာ့ အနည္းငယ္ညံ့ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ စကားမ်ားရန္ ျဖစ္ရတာမ်ိဳးႀကဳံရႏိုင္သလိုလူလြတ္မ်ားကေတာ့ေမြးခ်င္းေမာင္ႏွမေတြနဲ႔ စကားအေျခအတင္ ျဖစ္ရတတ္ ပါ တယ္။ပညာေရးကံကေကာင္းေနလို႔ ေတြေဝတတ္ပါတယ္။က်န္းမာေရးကေတာ့ ဆီး၊မ်က္စိ၊အစာအိမ္စတဲ့ အသုံးမ်ားတဲ့ ကိုယ္အဂၤါေနရာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ခ်စ္သူရည္းစားေတြ အခ်စ္ေရးအလြန္ စန္းပြင့္တဲ့ ကာလပါပဲ။ခ်စ္သူမရွိေသးသူငယ္႐ြယ္သူမ်ားခ်စ္သူရတတ္တဲ့ကာလပါပဲ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ယခုတစ္ပတ္လုံးဘုရားရွင္အားပန္းေပါင္းစုံျဖင့္ ပူေဇာ္ၿပီး ဒိဝါတပတိဂါထာကို ေန႔စဥ္ ၉ ေခါက္ ပုတီးစိပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ေနအိမ္ရွိရာအရပ္၏ ေသာၾကာေထာင့္တြင္ ေခြးမ်ားကို အစာေကြၽးေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ နံနက္ေစာေစာဘုရားသြား၍ သစ္ခြပန္းအပါအဝင္ ပန္း(၃)မ်ိဳးျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အိမ္ထဲႏွင့္ ကုတင္ေအာက္တြင္ ပုလင္းခြံ၊ဗူးခြံေတြရွာေဖြ ရွင္းလင္းပါ။ ယခုရက္ပိုင္းအမည္းေရာင္ပစၥည္းကိုမသုံးပါနဲ႔။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ေနအိမ္အနီးရွိဘုန္းႀကီးေက်ာင္းသို႔သြားကာကုဋီေဆးေၾကာကာကုသိုလ္ယူပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲရွိသက္ႀကီး႐ြယ္အိုမ်ား၊က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးဓာတ္စာလႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ ေနအိမ္ေရွ႕ေရာက္လာသည့္ ထီသည္ထံမွ ၁ / ၆ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုရွာထိုးေပးပါ။