【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း ငွေဝင်ငွေထွက်ကြမ်းသလို အဖက်ဖက်ကပေါ်လာတဲ့ ပြဿနာတွေကို ရှင်းနေရတာနဲ့ သင်အချိန်ကုန်နေတတ်ပါတယ်။ဒါပေမယ့် ရပ်ဝေးနဲ့ နိုင်ငံခြားက အကူအညီအခွင့်အလမ်းတွေ ပေါ်လာတတ်တဲ့ ကာလပါ။
အဲဒီကနေ သင့်အတွက် အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ပြတ်တောက်နေတဲ့ အပေါင်းအသင်းတွေ မိတ်ဆွေဟောင်းတွေ ချစ်ခင်ရင်းနှီးသူတွေနဲ့ ပြန်အဆက်အသွယ် ရတတ်ပါတယ်။အိမ်ဆောက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ သီးနှံကုန်သည်တွေ၊ ရေထွက်ကုန် ရောင်းဝယ်ဖောက်ကားသူတွေ အကျိုးပေးတဲ့ အချိန်ကာလပါ။
စပ်တူရှယ်ယာလုပ်သူတွေ၊ စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ အလုပ်တွေ မကောင်းသေးပါဘူး။ဒီတစ်ပတ် ပညာရေးကတော့ မရဘူးထင်ပြီးမှ ပြန်ရတတ်တဲ့ ကံမျိုးပါ။ဒါကို သင်တန်းတွေ၊ အလုပ်စာမေးပွဲတွေမှာ ကြုံရတတ်ပါတယ်။ကျန်းမာရေးကတော့ အညံ့ဘက်ကိုများနေပြီး နာတာရှည်ရောဂါ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။အိမ်ထောင်သည်တွေ အချစ်ပိုပြီး နီးဖို့ကြံနေတဲ့ ငယ်ရွယ်သူတွေ စကားများတာ၊ ကိုယ်ရည်သွေးတာကနေ အချင်းများတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ဂန္ဓမာပန်း၊ ငွေပန်းတို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားမည့်အရပ်ရှိ နေ့နံထောင့်မှ ဘုန်းကြီးကျောင်းသို့ စားဆီလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံအရပ်ရှိ ဘုရားတွင် အဓိဋ္ဌာန် ပုတီးစိပ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်သို့ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေ့စဉ် မိုးလင်းသည်နှင့် မေတ္တာသုတ်ရွတ်ကာ မျက်နှာသစ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲရှိ ခွေးများအား ညဘက် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ တနင်္လာနံ အက္ခရာဖြင့်စကာ ၁ ဂဏန်း အလယ်တွင်ပါသော ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္း ေငြဝင္ေငြထြက္ၾကမ္းသလို အဖက္ဖက္ကေပၚလာတဲ့ ျပႆနာေတြကို ရွင္းေနရတာနဲ႔ သင္အခ်ိန္ကုန္ေနတတ္ပါတယ္။ဒါေပမယ့္ ရပ္ေဝးနဲ႔ ႏိုင္ငံျခားက အကူအညီအခြင့္အလမ္းေတြ ေပၚလာတတ္တဲ့ ကာလပါ။
အဲဒီကေန သင့္အတြက္ အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ျပတ္ေတာက္ေနတဲ့ အေပါင္းအသင္းေတြ မိတ္ေဆြေဟာင္းေတြ ခ်စ္ခင္ရင္းႏွီးသူေတြနဲ႔ ျပန္အဆက္အသြယ္ ရတတ္ပါတယ္။အိမ္ေဆာက္ပစၥည္းလုပ္ငန္း လုပ္ကိုင္သူေတြ၊ သီးႏွံကုန္သည္ေတြ၊ ေရထြက္ကုန္ ေရာင္းဝယ္ေဖာက္ကားသူေတြ အက်ိဳးေပးတဲ့ အခ်ိန္ကာလပါ။
စပ္တူရွယ္ယာလုပ္သူေတြ၊ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့ အလုပ္ေတြ မေကာင္းေသးပါဘူး။ဒီတစ္ပတ္ ပညာေရးကေတာ့ မရဘူးထင္ၿပီးမွ ျပန္ရတတ္တဲ့ ကံမ်ိဳးပါ။ဒါကို သင္တန္းေတြ၊ အလုပ္စာေမးပြဲေတြမွာ ႀကဳံရတတ္ပါတယ္။က်န္းမာေရးကေတာ့ အညံ့ဘက္ကိုမ်ားေနၿပီး နာတာရွည္ေရာဂါ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။အိမ္ေထာင္သည္ေတြ အခ်စ္ပိုၿပီး နီးဖို႔ႀကံေနတဲ့ ငယ္႐ြယ္သူေတြ စကားမ်ားတာ၊ ကိုယ္ရည္ေသြးတာကေန အခ်င္းမ်ားတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ဂႏၶမာပန္း၊ ေငြပန္းတို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားမည့္အရပ္ရွိ ေန႔နံေထာင့္မွ ဘုန္းႀကီးေက်ာင္းသို႔ စားဆီလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံအရပ္ရွိ ဘုရားတြင္ အဓိ႒ာန္ ပုတီးစိပ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္သို႔ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းေပါင္း ကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေန႔စဥ္ မိုးလင္းသည္ႏွင့္ ေမတၱာသုတ္႐ြတ္ကာ မ်က္ႏွာသစ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းထဲရွိ ေခြးမ်ားအား ညဘက္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ တနလၤာနံ အကၡရာျဖင့္စကာ ၁ ဂဏန္း အလယ္တြင္ပါေသာ ထီလက္မွတ္ကို ရွာထိုးပါ။