【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

မိဘဆရာသမားတို့ထံမှ အကူအညီကောင်း အကြံဉာဏ်ကောင်း ရတတ်တဲ့ အချိန်ကာလကို သင်ရောက်နေပါပြီ။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် တနင်္ဂနွေ သားသမီးတွေကို တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါဘဲ။မထင်မှတ်ဘဲ အပြိုင်အဆိုင်တွေဖြစ်လာပြီး အောင်မြင်မှု သင်ရလာပါလိမ့်မယ်။အလုပ်ထဲမှာ အထစ်အငေါ့တွေရှိပေမယ့် သူ့ဘာသာ ပြေလည်သွားပါလိမ့်မယ်။အတိုက်အခံကတော့ ရှိနေပါတယ်။သတိထားပါ။ဘုရားတရားလုပ်တာကလွဲပြီး ဘယ်အရာမှ သင့်ကို စိတ်ချမ်းသာစေမှာ မဟုတ်ပါဘူး။မိသားစုအတွင်း  မောင်နှမအချင်းချင်း ဆက်ဆံရေး ကောင်းနေတတ်ပါတယ်။ဝန်ထမ်းတွေ အကျိုးလိုပြီး ကြိုးစားရင် ထင်သလို ရလဒ်မထွက်တတ်ပါဘူး။အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက်ရင် ကောင်းတတ်ပါတယ်။
ကျန်းမာရေးကတော့ ဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။အထူးသဖြင့် မတည့်တဲ့အစာတွေကြောင့် အစားမှားတတ်ပါတယ်။ပညာရေးကတော့ အထစ်အငေါ့ရှိပါတယ်။အိမ်ထောင်ရှင် ချစ်သူတွေအတွက် ဘေးစကားယုံတတ်တာ ရှောင်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ခုနှစ်ရက်တိတိ အုန်းဖူး၊ အုန်းညွှန့်တို့ဖြင့် ပူဇော်ပါ။အုန်းဆွမ်းကပ်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားမည့် နိုင်ငံ၏ နေနံသင့် ပန်းကို ဘုရားရှင်အား ကပ်လှူပးဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အောင်သပြေ ၉ ညွှန့်ဖြင့် အောင်အမည်ပါ စေတီတွင် နံနက်ကိုးနာရီတိတိ  ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲရှိ စနေနံ ပစ္စည်းအဟောင်းများက သင့်ကို အခက်အခဲဖြစ်စေခဲ့တာပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ သမ္ဗုဒ္ဓေဂါထာက သင့်ကို အကာကွယ်ပေးပါလိမ့်မယ်။သင်သတိရတိုင်း ရွတ်ဆိုပေးပါ။
( Zawgyi )
မိဘဆရာသမားတို႔ထံမွ အကူအညီေကာင္း အႀကံဉာဏ္ေကာင္း ရတတ္တဲ့ အခ်ိန္ကာလကို သင္ေရာက္ေနပါၿပီ။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ တနဂၤေႏြ သားသမီးေတြကို တိုင္ပင္တာ သင့္အတြက္ အေကာင္းဆုံးပါဘဲ။မထင္မွတ္ဘဲ အၿပိဳင္အဆိုင္ေတြျဖစ္လာၿပီး ေအာင္ျမင္မႈ သင္ရလာပါလိမ့္မယ္။အလုပ္ထဲမွာ အထစ္အေငါ့ေတြရွိေပမယ့္ သူ႔ဘာသာ ေျပလည္သြားပါလိမ့္မယ္။အတိုက္အခံကေတာ့ ရွိေနပါတယ္။သတိထားပါ။ဘုရားတရားလုပ္တာကလြဲၿပီး ဘယ္အရာမွ သင့္ကို စိတ္ခ်မ္းသာေစမွာ မဟုတ္ပါဘူး။မိသားစုအတြင္း  ေမာင္ႏွမအခ်င္းခ်င္း ဆက္ဆံေရး ေကာင္းေနတတ္ပါတယ္။ဝန္ထမ္းေတြ အက်ိဳးလိုၿပီး ႀကိဳးစားရင္ ထင္သလို ရလဒ္မထြက္တတ္ပါဘူး။အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးထြက္ရင္ ေကာင္းတတ္ပါတယ္။
က်န္းမာေရးကေတာ့ ဗိုက္နဲ႔ ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။အထူးသျဖင့္ မတည့္တဲ့အစာေတြေၾကာင့္ အစားမွားတတ္ပါတယ္။ပညာေရးကေတာ့ အထစ္အေငါ့ရွိပါတယ္။အိမ္ေထာင္ရွင္ ခ်စ္သူေတြအတြက္ ေဘးစကားယုံတတ္တာ ေရွာင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ခုႏွစ္ရက္တိတိ အုန္းဖူး၊ အုန္းၫႊန႔္တို႔ျဖင့္ ပူေဇာ္ပါ။အုန္းဆြမ္းကပ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားမည့္ ႏိုင္ငံ၏ ေနနံသင့္ ပန္းကို ဘုရားရွင္အား ကပ္လႉပးေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေအာင္သေျပ ၉ ၫႊန႔္ျဖင့္ ေအာင္အမည္ပါ ေစတီတြင္ နံနက္ကိုးနာရီတိတိ  ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲရွိ စေနနံ ပစၥည္းအေဟာင္းမ်ားက သင့္ကို အခက္အခဲျဖစ္ေစခဲ့တာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ သမၺဳေဒၶဂါထာက သင့္ကို အကာကြယ္ေပးပါလိမ့္မယ္။သင္သတိရတိုင္း ႐ြတ္ဆိုေပးပါ။