【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ဒီရက်ပိုင်းအတွင်း မထင်မှတ်ဘဲ အဖက်ဖက်က အနှောင့်အယှက်ရှိနေတတ်လို့ အန္တရာယ်လည်း ရှိတတ်လို့ သတိထား လုပ်ကိုင်သင့်ပါတယ်။အိမ်အတွင်း အင်းပျက်၊ အဆောင်ပျက်တွေရှိရင် စွန့်ပစ်ပါ။ယခုရက်ပိုင်းအတွင်း သောကြာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ငွေဝင်ကောင်းသလို ငွေကုန်ပေါက်လည်း ဆီလိုဘဲ အပေါက်ရှာထွက် နေပါလိမ့်မယ်။အိမ်ခြံမြေလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ကောင်းပါတယ်။မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။စပ်တူလုပ်ရတဲ့ အလုပ်တွေ သတိထားပါ။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ကုန်ခြောက်လုပ်ငန်းတွေ အကျိုးပေးပါလိမ်မယ်။မကြာခဏ ခရီးထွက်နေရတတ် အချိန်လည်း ဖြစ်ပါတယ်။ပညာရေးကံ ကောင်းနေတတ်ပါတယ်။ပညာသင်ခွင့်နဲ့ ရာထူးတိုးအတွက် အခွင့်အရေး အရမ်းကောင်းနေပါတယ်။အိမ်ထောင်ရှင်များ သတင်းကောင်းကြောင့် စိတ်ချမ်းသာရပေမယ့် သမီးရည်းစားများ နီးတကျက်ကျက် ဝေးတသက်သက် ဖြစ်ကိန်းရှိပါတယ်။ကျန်းမာရေးမှာ အအိပ်အစားပျက်တာတွေ၊ ဆီး၊ ဝမ်း ရောဂါတွေ ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ဘုရားရှိခိုးပြီး ရှင်သီဝလိဂါထာ ၉ ခေါက်ကို ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ သွားလိုသော အရပ်ထောင့်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်း တစ်ခုခုလှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်ထား အိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် နှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။ ။ စေတီရင်ပြင်ရှိ ပန်းခြောက်များ၊ သစ်ရွက်ခြောက်များ၊ အမှိုက်များ ကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ဘုန်းကြီးကျောင်းတွင် ကုဋီကို ရေလောင်းဆေးကြောရင်း မေတ္တာပို့ပါ။

ထီကံကောင်းလိုသူများ ။ ။ စနေနံ ထီဆိုင်တွင် ၆/၇/၉ ဂဏန်းများများပါသော ထီကို ထိုးပါ။ 

(  Zawgyi  )

 ဒီရက္ပိုင္းအတြင္း မထင္မွတ္ဘဲ အဖက္ဖက္က အေႏွာင့္အယွက္ရွိေနတတ္လို႔ အႏၲရာယ္လည္း ရွိတတ္လို႔ သတိထား လုပ္ကိုင္သင့္ပါတယ္။အိမ္အတြင္း အင္းပ်က္၊ အေဆာင္ပ်က္ေတြရွိရင္ စြန႔္ပစ္ပါ။ယခုရက္ပိုင္းအတြင္း ေသာၾကာ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ေငြဝင္ေကာင္းသလို ေငြကုန္ေပါက္လည္း ဆီလိုဘဲ အေပါက္ရွာထြက္ ေနပါလိမ့္မယ္။အိမ္ၿခံေျမလုပ္ငန္းေတြ၊ ခရီးသြားလုပ္ငန္းေတြ ေကာင္းပါတယ္။မထင္မွတ္တဲ့ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေပၚလာတတ္ပါတယ္။စပ္တူလုပ္ရတဲ့ အလုပ္ေတြ သတိထားပါ။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ကုန္ေျခာက္လုပ္ငန္းေတြ အက်ိဳးေပးပါလိမ္မယ္။မၾကာခဏ ခရီးထြက္ေနရတတ္ အခ်ိန္လည္း ျဖစ္ပါတယ္။ပညာေရးကံ ေကာင္းေနတတ္ပါတယ္။ပညာသင္ခြင့္နဲ႔ ရာထူးတိုးအတြက္ အခြင့္အေရး အရမ္းေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား သတင္းေကာင္းေၾကာင့္ စိတ္ခ်မ္းသာရေပမယ့္ သမီးရည္းစားမ်ား နီးတက်က္က်က္ ေဝးတသက္သက္ ျဖစ္ကိန္းရွိပါတယ္။က်န္းမာေရးမွာ အအိပ္အစားပ်က္တာေတြ၊ ဆီး၊ ဝမ္း ေရာဂါေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ဘုရားရွိခိုးၿပီး ရွင္သီဝလိဂါထာ ၉ ေခါက္ကို ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သြားလိုေသာ အရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္း တစ္ခုခုလႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္ထား အိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊ သစ္႐ြက္ေျခာက္မ်ား၊ အမႈိက္မ်ား ေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုန္းႀကီးေက်ာင္းတြင္ ကုဋီကို ေရေလာင္းေဆးေၾကာရင္း ေမတၱာပို႔ပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ စေနနံ ထီဆိုင္တြင္ ၆/၇/၉ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးပါ။