【 ဗေဒင် 】 ကြာသာပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အပြိုင်အဆိုင်တွေများလို့ သင်စိတ်ရှုပ်ခဲ့ရပေမယ့် နောက်ဆုံးမှာ အောင်မြင်တဲ့ကံ သင့်မှာရှိနေပါတယ်။ဒီကာလမှာ ဆုံးပြီလို့ထင်တဲ့ ငွေနဲ့ ပစ္စည်းဟောင်းတွေ ပြန်ရတတ်သလို အခွင့်အရေးကောင်းတွေ ပြန်လာမယ့် အချိန်အခါပါ။ဒါပေမယ့် ရန်ဟောင်းတွေ၊ ရောဂါဟောင်းတွေလည်း ပြန်ဖြစ်တတ်လို့ သတိထားသင့်ပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တိုင်ပင်မယ်ဆိုရင် တနင်္လာ သားသမီးများနဲ့ တိုင်ပင်ဆောင်ရွက်ပါ။ငွေဝင်ကောင်းနေတတ်သလို ရစရာရှိတာတွေရမယ့် အချိန်အခါပါ။တနင်္လာနံ စတဲ့ ကျောက်မျက်ရတနာ၊ ကား၊ ခရီးသွား လုပ်ငန်းတွေ ကောင်းတတ်ပေမယ့် ဆောက်လုပ်ရေးသမားတွေ၊ အရောင်းအဝယ်သမားတွေ သတိထားရမယ့် အချိန်အခါပါ။ယခုရက်ပိုင်း ရပ်ဝေး ပြည်ပနှင့် ပတ်သက်တဲ့ သတင်းကောင်းတွေ ကြုံရတတ်ပါသည်။လုပ်ငန်းထဲမှာ လူရင်း တပည့်ရင်းတွေက သင့်ကို အခက်တွေ့အောင် လုပ်ကိန်းရှိပါတယ်။ပညာရေးကိစ္စမှာလည်း ဒီရက်ပိုင်းမှာ ခက်ခဲပေမယ့် နောက်ပိုင်းအဆင်ပြေပါလိမ့်မယ်။ကျန်းမာရေးကတော့ အကောင်းဘက်မှာရှိပေမယ့် ဝမ်း၊ ဦးခေါင်း စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ ခေတ္တခွဲခွာရကိန်းရှိပြီး ချစ်သူတွေအတွက်ကတော့ ဝမ်းသာစရာတွေနဲ့ ပြည်ဝနေတဲ့ ရက်တွေပါဘဲ။  

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ဖယောင်းတိုင် ၇ တိုင် ကံ့ကော် ၇ ညွှန့်ဖြင့် ယခုရက်သတ္တပတ်တွင်း ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ပြည်ပသွားမည့် ကိစ္စအတွက် သွားခါနီးတိုင်း တနင်္လာနံ ခိုစာ၊ ကျီးစာ ကျွေးပြီးမှ သွားပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံပါသော ဘုရားစေတီတွင် ယခုတစ်ပတ်အတွင်း နေ့စဉ် အောင်သပြေ မပြတ်အောင် ထိုးပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ရှိ ဘုရားစင်အတွင်း ပင့်ကူအိမ်များ၊ ရုပ်ပုံတော်များရှိ ဖုန်များအား သန့်ရှင်းပေးပြီး ရေချမ်းကပ်လှူပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ရပ်ကွက်ထဲရှိ ဘုရား၊ ကျောင်း၊ စေတီများတွင် သန့်ရှင်းရေး လုပ်ပေးပါ။ဘုရားရုပ်ပွားတော်များကို ရေသပ္ပါယ် ပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ကွက်ထဲရှိ ချို့တဲ့သော သက်ကြီးရွယ်အိုများကို ငွေ၊ ဆေးဝါး ဓာတ်စာများ လှူပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကားနှင့်ရောင်းသော ထီဆိုင်တွင်၂ /၅ ဂဏန်းများများပါသော ထီလက်မှတ်ကို ရှာထိုးပေးပါ။
( Zawgyi )
အၿပိဳင္အဆိုင္ေတြမ်ားလို႔ သင္စိတ္ရႈပ္ခဲ့ရေပမယ့္ ေနာက္ဆုံးမွာ ေအာင္ျမင္တဲ့ကံ သင့္မွာရွိေနပါတယ္။ဒီကာလမွာ ဆုံးၿပီလို႔ထင္တဲ့ ေငြနဲ႔ ပစၥည္းေဟာင္းေတြ ျပန္ရတတ္သလို အခြင့္အေရးေကာင္းေတြ ျပန္လာမယ့္ အခ်ိန္အခါပါ။ဒါေပမယ့္ ရန္ေဟာင္းေတြ၊ ေရာဂါေဟာင္းေတြလည္း ျပန္ျဖစ္တတ္လို႔ သတိထားသင့္ပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တိုင္ပင္မယ္ဆိုရင္ တနလၤာ သားသမီးမ်ားနဲ႔ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြဝင္ေကာင္းေနတတ္သလို ရစရာရွိတာေတြရမယ့္ အခ်ိန္အခါပါ။တနလၤာနံ စတဲ့ ေက်ာက္မ်က္ရတနာ၊ ကား၊ ခရီးသြား လုပ္ငန္းေတြ ေကာင္းတတ္ေပမယ့္ ေဆာက္လုပ္ေရးသမားေတြ၊ အေရာင္းအဝယ္သမားေတြ သတိထားရမယ့္ အခ်ိန္အခါပါ။ယခုရက္ပိုင္း ရပ္ေဝး ျပည္ပႏွင့္ ပတ္သက္တဲ့ သတင္းေကာင္းေတြ ႀကဳံရတတ္ပါသည္။လုပ္ငန္းထဲမွာ လူရင္း တပည့္ရင္းေတြက သင့္ကို အခက္ေတြ႕ေအာင္ လုပ္ကိန္းရွိပါတယ္။ပညာေရးကိစၥမွာလည္း ဒီရက္ပိုင္းမွာ ခက္ခဲေပမယ့္ ေနာက္ပိုင္းအဆင္ေျပပါလိမ့္မယ္။က်န္းမာေရးကေတာ့ အေကာင္းဘက္မွာရွိေပမယ့္ ဝမ္း၊ ဦးေခါင္း စတဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ ေခတၱခြဲခြာရကိန္းရွိၿပီး ခ်စ္သူေတြအတြက္ကေတာ့ ဝမ္းသာစရာေတြနဲ႔ ျပည္ဝေနတဲ့ ရက္ေတြပါဘဲ။  

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ဖေယာင္းတိုင္ ၇ တိုင္ ကံ့ေကာ္ ၇ ၫႊန႔္ျဖင့္ ယခုရက္သတၱပတ္တြင္း ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ျပည္ပသြားမည့္ ကိစၥအတြက္ သြားခါနီးတိုင္း တနလၤာနံ ခိုစာ၊ က်ီးစာ ေကြၽးၿပီးမွ သြားပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံပါေသာ ဘုရားေစတီတြင္ ယခုတစ္ပတ္အတြင္း ေန႔စဥ္ ေအာင္သေျပ မျပတ္ေအာင္ ထိုးေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ရွိ ဘုရားစင္အတြင္း ပင့္ကူအိမ္မ်ား၊ ႐ုပ္ပုံေတာ္မ်ားရွိ ဖုန္မ်ားအား သန႔္ရွင္းေပးၿပီး ေရခ်မ္းကပ္လႉပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ရပ္ကြက္ထဲရွိ ဘုရား၊ ေက်ာင္း၊ ေစတီမ်ားတြင္ သန႔္ရွင္းေရး လုပ္ေပးပါ။ဘုရား႐ုပ္ပြားေတာ္မ်ားကို ေရသပၸါယ္ ပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ကြက္ထဲရွိ ခ်ိဳ႕တဲ့ေသာ သက္ႀကီး႐ြယ္အိုမ်ားကို ေငြ၊ ေဆးဝါး ဓာတ္စာမ်ား လႉေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ကားႏွင့္ေရာင္းေသာ ထီဆိုင္တြင္၂ /၅ ဂဏန္းမ်ားမ်ားပါေသာ ထီလက္မွတ္ကို ရွာထိုးေပးပါ။