【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း ငွေအထူးရွှင်နေတတ်ပါတယ်။မိသားစုအတွင်း အလုပ်တွေနဲ့ အလှူအတန်းတွေ များနေတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်းတက်စရာတွေရှိပါတယ်။လူမျိုးခြားနဲ့ စာချုပ်စာတမ်းကိစ္စတွေ ခဏဆိုင်းထားပါဦး။ဒီရက်ပိုင်း အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကံကောင်းပါတယ်။အနှောင့်အယှက်တွေကိုရှောင်လိုက်ပါ။သေချာပေါက်လိုရာရောက်ပါလိမ့်မယ်။လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များနဲ့ ငယ်ရွယ်သူများ မထင်မှတ်ဘဲ သတင်းကောင်းစကားကြားရမယ့် အချိန်အခါပါ။ 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား တစ်လလုံး ပန်းပေါင်းစုံပူဇော်ကာ လိုရာဆု တောင်းပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစောထကာ သံဃာတော်များကို တန်းဆွမ်းလောင်းပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အောင်ဘွဲ့အမည်ပါ စေတီတွင် နှမ်းပျစ် ၉ ခုဖြင့် ဆွမ်းကပ်လှူကာ မိမိလျှောက်ထားသည့်အလုပ်အား အာရုံပြုဆုတောင်းပါ။ 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မနက်မိုးလင်းသည်နှင့် မိမိအိမ်ထောင်ဘက်၊ ချစ်သူကို ရည်ရွယ်ကာ မေတ္တာသုတ်ရွတ်ဆိုပေးပါ။ 
လူမှုရေးအတိုက်အခံများသူများ ။     ။ အပြင်ထွက်လျှင်၊ အစားအသောက်တစ်ခုခုစားလျှင် အရဟံဂုဏ်တော်ကို ရွတ်ဆိုပေးပါ။ 
ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ရွှေသင်္ကန်းကပ်ပါ။ထုံးသင်္ကန်းကပ်လှူပေးပါ။ 
ထီကံကောင်းလိုသူများ ။     ။ သွားရင်းလာရင်း တွေ့သည့်ထီဆိုင်တွင် ၂ အစ ၅ အဆုံး ဂဏန်းကို ရွေးထိုးပါ။
( Zawgyi )